How to Improve yourself
“သင်ဟာ အလုပ်တစ်ခုခုလုပ်တိုင်း အချိန်ဆွဲပြီးမှလုပ်တတ်တဲ့ လူတစ်ယောက်လား ...”
ဒါမှမဟုတ် “လုပ်သင့်တာတွေထက် လုပ်ချင်တာတွေကိုပဲ အမြဲ ဦးစားပေးလုပ်နေမိတဲ့သူတစ်ယောက်လား ..”
ဥပမာ- ကိုယ့်မှာ အိမ်စာတွေ၊ ဒါမှမဟုတ် ရုံးအလုပ်
တွေလုပ်စရာရှိတယ်၊ ဒါပေမဲ့ “deadlineက လိုပါသေးတယ်၊ အနားနီးမှ လုပ်လည်းအဆင်ပြေတာပဲ” ဆိုပြီးလုပ်သင့်တာတွေကို မလုပ်သေးဘဲ T V ကြည့်နေလိုက်တယ်၊ ဆိုရှယ်မီဒီယာ
သုံးနေလိုက်တယ် စသဖြင့်ပေါ့၊ ဒီလိုနဲ့ အလုပ်လုပ်လို့ ပြီးသွားတဲ့အခါကျ “ငါဘာလို့ဒါကိုစောစောမလုပ်ခဲ့မိတာလဲ”
ဆိုပြီးလည်း တွေးတတ်ကြပါတယ်
အဲ့ဒါကြောင့် အချိန်ဆွဲတတ်တဲ့အကျင့်က တစ်ခါတစ်ရံမှာကောင်းကျိုးဖြစ်စေ နိုင်
သော်ငြားလည်း၊ အမြဲလိုလိုဆိုရင်တော့ကိုယ့်ရှေ့ရေးမှာ၊
အလုပ်မှာ ထိခိုက်လာနိုင်ပါတယ်
အဲ့ဒါကြောင့် ဒီနေ့ Beatrix ကနေ Procrastinationလို့
ခေါ်တဲ့ အချိန်ဆွဲတတ်တဲ့ အကျင့်ကို ပြုပြင်ဖို့အတွက်
နည်းလမ်းကောင်းလေးတွေကို ပြောပြပေးချင်ပါတယ်
နည်းလမ်းကောင်းလေးတွေကို အောက်ကပုံလေးတွေနဲ့
စာလေးတွေမှာ ကြည့်လိုက်ကြရအောင်
Written by
TTZ
1️. Deal with your fear
လူအများစု အချိန်ဆွဲတတ်တဲ့အကြောင်းရင်းက အကြောက်
တရားရှိခြင်းကြောင့်လို့ ဆိုချင်ပါတယ်၊ ဘာလို့လဲဆိုတော့
ဥပမာ ကိုယ်ကတစ်ခုခု လုပ်ဖို့တာဝန်ပေးခံရတယ်၊ အဲ့အလုပ်
ပေါ်မှာ “ငါလုပ်နိုင်ပါ့မလား၊ အမှားတွေများ လုပ်နေမိမှာလား”
စသဖြင့် တွေးကြောက်နေတတ်ပြီးတော့ deadline နီးမှ မဖြစ်
တဲ့အဆုံး မြန်မြန်လုပ်လိုက်ကြတယ်၊ ဒါကအချိန်ဆွဲနေတတ်
တဲ့အကျင့် ဖြစ်လာနိုင်တာမို့ ပြုပြင်သင့်ပါတယ်
“ကိုယ်ကဘာကိုကြောက်နေလို့ အဲ့အလုပ်လုပ်ဖို့တုံ့ဆိုင်းနေရတာလဲ၊ အချိန်ဆွဲနေရတာလဲ” စသဖြင့် ကိုယ့်ကိုယ်ကို ပြန်ဆန်းစစ်ပြီး အကြောက်တရားကို ရင်ဆိုင်လိုက်ခြင်းအားဖြင့် အချိန်ဆွဲတာတွေမရှိတော့ဘဲ လုပ်သင့်တာကို လုပ်နိုင်သွားပါလိမ့်မယ်
တစ်ခါတစ်ရံမှာ မနက်,ညနေ ဟိုသူငယ်ချင်းနဲ့မှ ဒီလူနဲ့မှ
ထမင်းစားပြီး အနားယူပြီးမှပဲ အလုပ်လုပ်တော့မယ် စသဖြင့်
ကိုယ့်အတွက် အကောင်းဆုံးဖြစ်မယ့်အချိန်ကို စောင့်တတ်ကြ
ပါတယ်၊ ဒါကလည်း အချိန်ဆွဲခြင်းတစ်မျိုးပါပဲ၊ အဲ့ဒါကြောင့်
ယခုလက်ရှိအချိန်ကသာ အလုပ်လုပ်ဖို့ အသင့်တော်ဆုံးလို့
တွေးပြီး လုပ်သင့်လုပ်ထိုက်တာကို အရင်လုပ်ဖို့ တိုက်တွန်း
ချင်ပါတယ်

2️. Get organized, Make a list, Set a deadline
စာမေးပွဲအတွက် စာလေ့လာရတော့မယ့်အခါ ဒါမှမဟုတ် အလုပ်လုပ်စရာစုပြုံလာတဲ့အခါ ဘယ်ကစလုပ်လို့ လုပ်ရ
မလဲမသိဖြစ်နေတတ်တယ်မဟုတ်လား
အဲ့အခါကျ စိတ်ရှုပ်တယ် ခဏလောက် နားအုံးမယ်ကနေ နားတာက အချိန်ကြာ သွားတတ်ပါတယ်
အဲ့ဒါကြောင့် ကိုယ့်အတွက် လုပ်ဖို့လွယ်တဲ့အရာ၊ ခက်တဲ့
အရာစသဖြင့် ခွဲပြီးတော့ ဘယ်ဟာကိုအရင်စလုပ်မယ်
စသဖြင့် list လေးထားမယ်၊ ဘယ်အချိန်မှာ ပြီးအောင်လုပ်
ရမယ်စသဖြင့် ကိုယ့်ကိုယ်ပိုင် deadline နဲ့ အချိန်ဇယား
လေး လုပ်လိုက်မယ်ဆိုရင် အချိန်ကုန်စေတော့မှာ မဟုတ်ဘဲ
အချိန်ဆွဲတတ်တဲ့အကျင့်ကိုဖျောက်တဲ့နေရာမှာ အထောက်
အကူပြုပါတယ်
လုပ်စရာရှိတဲ့အလုပ်က အရမ်းများတယ်ဆိုရင် ကိုယ့်ဘာသာ အပိုင်းလေးတွေခွဲလိုက်ပြီးတော့ တစ်ပိုင်းပြီးမှ
တစ်ပိုင်း သွားတာကလည်း အချိန်ဆွဲရာမရောက်တဲ့အပြင်
ခရီးတွင်စေပါလိမ့်မယ်

3️. Get rid of distractions
အလုပ်စမလုပ်ခင်မှာ ကိုယ့်အာရုံကိုအနှောင့်အယှက်ပြုစေ
နိုင်တဲ့ အရာတွေကို အရင်ဖယ်ရှားဖို့အလွန်ပဲ အရေးကြီးပါ
တယ်၊ဘာလို့လဲဆိုတော့ အလုပ်လုပ်နေရင်းတန်းလန်းနဲ့
အာရုံကတစ်ခြားရောက်ပြီး တစ်ခြားတစ်ခုကို ပြောင်းလုပ်
မယ်ဆိုရင် ဟိုမရောက်ဒီမရောက်ဖြစ်ပြီး အလုပ်ပြီးသင့်
တဲ့ အချိန်ထက်နှစ်ဆ၊ သုံးဆပိုကြာသွားနိုင်လို့ပါ
အလုပ်လုပ်မယ့်အချိန်တစ်ခု သတ်မှတ်ထားပြီးတော့ အဲ့အချိန်တွင်းမှာတော့ ဆိုရှယ်မီဒီယာပေါ်က update တွေ၊
Tv က လွှင့်နေတဲ့အစီအစဉ်တွေကို အာရုံမရောက်ဘဲ အလုပ်
ကိုပဲ တစ်စိုက်မတ်မတ် ပြီးအောင်လုပ်လိုက်ခြင်းက
နောက်ပိုင်းမှာ သင့်အတွက် အားလပ်ချိန်ပိုရလာစေမှာပါ
အလုပ်ကိုတစ်စိုက်မတ်မတ် အကြာကြီးလုပ်ဖို့ဆိုတာက
လည်းမလွယ်တာမို့ အလုပ်လုပ်နေတဲ့အချိန်တွင်းမှာ short
break လေးတွေယူလို့ရပါတယ်၊ breakအတွင်းမှာတော့
ကော်ဖီသောက်လိုက်တာဖြစ်ဖြစ်၊ လမ်းထလျှောက်လိုက်တာ
ဖြစ်ဖြစ်လုပ်ပေးချင်းက သင့်ကိုလန်းဆန်းသွားစေမှာပါ၊
ဒါပေမဲ့ အဲ့ breakတွေအတွင်းမှာ အပေါ်မှာပြောပြထားတဲ့
သင့်အာရုံကို အလုပ်လုပ်နေစဉ်အတွင်းမှာ အနှောက်အယှက်
ဖြစ်စေနိုင်တဲ့အရာတွေ မလုပ်သေးတာတော့ အကောင်းဆုံး
ပေါ့၊ အလုပ်လုပ်ရတာ ငြီးငွေ့လာရရင် break လေးတွေနဲ့
လုပ်လို့ရတဲ့အပြင် ကိုယ်အလုပ်လုပ်တဲ့ပတ်ဝန်းကျင်ကို
အပြောင်းအလဲလုပ်ပေးတာကလည်းအချိန်ဆွဲပြီး ဘာအလုပ်
မှ မပြီးတာထက်စာရင် အများကြီး အကျိုးရှိပါတယ်

4️. Reward Yourself
အချိန်ဆွဲတတ်တဲ့အကျင့်ကို ပြုပြင်ဖို့ ကူညီပေးမယ့်
နောက်ဆုံးအချက်တစ်ချက်ကတော့ ကိုယ့်ကိုယ်ကို ဆုချ
ခြင်းပဲဖြစ်ပါတယ်
ဒီဟာက မိဘတွေ ကိုယ့်ကလေးကို တစ်ခုခုသင်ပေးရင်း
တတ်မြောက်သွားတဲ့အခါ ကတိပေးထားတဲ့ ပစ္စည်းလေး
တွေကို ဝယ်ပေးပြီးဆုချတာ လိုမျိုးပါပဲ၊ ကိုယ်က ကလေးမှ
မဟုတ်တော့တာ ဆုချတာမျိုးမလိုပါဘူး စသဖြင့်တွေး
ကောင်းတွေးနိုင်ပါတယ်၊ ဒါပေမဲ့ ဒီနည်းလမ်းက အချိန်ဆွဲ
တတ်တဲ့ အကျင့်ကို ပျောက်အောင်လုပ်တဲ့နေရာမှာ အလွန်ပဲ
အသုံးဝင်ပါတယ်
short-term goal, long-term goal တွေ ကိုယ့်ဘာသာ
သတ်မှတ်ပြီး “ငါဒါအောင်မြင်ရင်တော့ဖြင့် သူငယ်ချင်း
တွေနဲ့ အပြင်လျှောက်သွားမယ်၊ ကိုယ်စားချင်နေတဲ့ စား
သောက်ဆိုင်သွားမယ်၊ မကြည့်ရသေးတဲ့ movieကြည့်မယ်”
စသဖြင့် ကိုယ့်ကိုယ်ကို ဆုချခြင်းကလည်း သင်လုပ်သင့်
လုပ်ထိုက်တာတွေကို အရင်ရွေးချယ်လုပ်တဲ့နေရာမှာ
အထောက်အကူပြုစေပါတယ်
ဒီနည်းလမ်းလေးတွေက အချိန်ဆွဲတတ်တဲ့အကျင့်ကို ပြုပြင်တဲ့နေရာမှာ အားလုံးကိုအကျိုးပြုစေနိုင်မယ်
လို့မျှော်လင့်ရင်းနဲ့ နှုတ်ဆက်လိုက်ပါတယ်

Comments
Post a Comment