How To Start Your Own Business

 

အားလုံးပဲမဂ်လာပါခင်ဗျား...
Beatrix ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။
ဒီစာကိုဖတ်နေတဲ့ ပရိသတ်အများစုဟာ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို စိတ်ပါဝင်စားသူတွေဖြစ်တာကြောင့် ဒီနေ့မှာတော့ ကိုယ်ပိုင်လုပ်ငန်းတစ်ခုကို ဘယ်လိုစတင်ရမလဲဆိုတာနဲ့ ပတ်သက်လို့ ပြောပြပေးသွားမှာဖြစ်ပါတယ်။
ဒီနေရာလေးမှာတခုပြောချင်တာက ဘယ်လိုစတင်သင့်သလဲဆိုတာထက် စတင်ဖို့အတွက် ဘယ်အရာတွေကို ပြင်ဆင်ရမလဲဆိုတာကို အသားပေး ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။
အိုကေ..ကျွန်တော်တို့တွေ အားလုံးသိထားတဲ့အတိုင်း ကိုယ်ပိုင်လုပ်ငန်းလုပ်ရတာဟာ မလွယ်ကူပါဘူး။ ဒါကြောင့် လူတော်တော်များများကမလုပ်နိုင်သလို လေ့လာတွေ့ရှိမှုတွေအရ ကိုယ်ပိုင်လုပ်ငန်းတွေရဲ့ ၅၀ % ဟာ လုပ်ငန်းစပြီး ပထမငါးနှစ်မှာ ကျရှုံးကြပြီး ကျန်တဲ့လုပ်ငန်းတွေရဲ့ ၅၀% ဟာလည်း ဒုတိယ ငါးနှစ်မှာ ကျရှုံးကြတယ်လို့ ဆိုထားပါတယ်။
ဒီလိုမျိုးကျရှုံးမှုတွေအများကြီးထဲ ကိုယ့်ရဲ့လုပ်ငန်းပါမသွားဖို့ ဘယ်လိုမျိုးစတင်တည်ဆောက်ကြမလဲ .. ❓
ကိုယ်ပိုင်လုပ်ငန်းစတင်လုပ်ကိုင်ဖို့ လုပ်ဆောင်သင့်တဲ့အချက်တွေကတော့...
(၁) လုပ်ငန်းတခုတည်ထောင်နိုင်ဖို့ သင့်တင့်တဲ့ငွေပမာဏရှိပြီလား။
မိတ်ဆွေရဲ့အတွေးတွေထဲမှာ “ငါဒါကိုလုပ်လိုက်ရင် ဒီလုပ်ငန်းကရေရှည်မှာ ငါ့တွက်အောင်မြင်နိုင်တဲ့ လုပ်ငန်းတစ်ခုပဲ၊ ဒါကို သူများတွေမလုပ်ခင်စလုပ်ရမယ် “ ဆိုတဲ့အကြံကောင်းတွေရှိနေမှာပါ။ ဒါပေမယ့် နေပါအုံး။
မိတ်ဆွေရဲ့လုပ်ငန်းစတင်လည်ပတ်ဖို့ Capital လို့ခေါ်တဲ့ ရင်းနှီးမတည်ငွေရှိဖို့လိုအပ်ပါတယ်။ ပြီးတော့ လုပ်ငန်းတွေရဲ့ သဘောသဘာဝအရအမြတ်ရဖို့ ၆လ မဟုတ် ၁ နှစ်လောက်ကြာအုံးမှာဆိုတော့ ဒီကြားထဲ လုပ်ငန်းမှာလိုအပ်တဲ့ အသုံးစရိတ်တွေနှင့် တခြား လိုအပ်ချက်တွေဟာလည်း လုပ်ငန်းအတွက် မရှိမဖြစ်လိုအပ်တဲ့အရာတွေဖြစ်တယ်။
ဒီအပိုင်းကိုသာ သေသေချာချာမလုပ်ခဲ့ရင်တော့ လုပ်ငန်းတခုဟာ ဘယ်လောက်ပဲအောင်မြင်နိုင်ခြေရှိတဲ့ အရာတခုဖြစ်နေပါစေ ဘဏ္ဍာငွေပြတ်လပ်မှုတွေကို တောင့်မခံနိုင်ဘဲပျက်စီးသွားမှာအမှန်ပါပဲ။
📌 ဒါကြောင့် သင်ခန်းစာနံပါတ် ၁ ကကိုယ့်ရဲ့လုပ်ငန်းအမြတ်ဝင်ငွေရအောင် လည်ပတ်နိုင်တဲ့ငွေပမာဏ ကိုယ့်မှာရှိနေပြီလား။ ဒါမှမဟုတ် အဲ့ချိန်ထိကိုယ့်ကိုငွေကြေးအကူအညီထောက်ပံ့ပေးနိုင်မယ့်သူ ကိုယ်မှာရှိနေပြီလား ဆိုတာကိုအရင်ဦးဆုံးဆန်းစစ်ပါ။
(၂) ကိုယ့်လုပ်ငန်းတွက်လုံလောက်တဲ့ အဆက်အသွယ်နဲ့လေ့လာမှုတွေ လုပ်ခဲ့ပြီလား။
တကယ်လို့မိတ်ဆွေရဲ့လုပ်ငန်းက မုန့်ဖုတ်တဲ့လုပ်ငန်းဆိုရင် မုန့်ကိုကိုယ်တိုင်ရောင်းမှာလား၊ ဒီလိုမဟုတ်ရင် မိတ်ဆွေရဲ့မုန့်ကိုရောင်းပေးမယ့် လက်လီလက်ကားဆိုင်တွေနဲ့ စကားဘယ်နှစ်ခါပြောပြီးခဲ့ပြီလဲ။ သူတို့ရဲ့ ရောင်းအားအပေါ်မှီခိုရမယ့် မိတ်ဆွေရဲ့လုပ်ငန်းအတွက် သူတို့ကလုပ်ဆောင်ပေးမယ့်အရာတွေပေါ်မှာ သဘောတူညီမှု ဘယ်လောက်ရပြီးပြီလဲ။
ပြီးတော့ မိတ်ဆွေရဲ့ထုတ်ကုန်ကို သုံးစွဲမယ့်သူတွေရဲ့ဝယ်လိုအားက ဘယ်လောက်ရှိပြီလည်းဆိုတာ အတိအကျလေ့လာမှုတွေမလုပ်နိုင်ရင်တောင် ခန့်မှန်းကြည့်ပါ။ ဘာလို့လည်းဆိုတော့ မိတ်ဆွေရဲ့ပစ္စည်း ဘယ်လောက်ပဲကောင်းကောင်း ဝယ်လိုအားမရှိရင် မိတ်ဆွေ ရပ်တည်နိုင်မှာမဟုတ်ပါဘူး။
(၃) ကျရှုံးမှုတွေကြောင့် ရပ်တန့်ဖို့မဟုတ်ဘဲ ပြန်ထနိုင်ဖို့ပြင်ဆင်ပြီးပြီလား။
ကိုယ်ပိုင်လုပ်ငန်းကိုတိတိကျကျတွက်ချက်ပြီး လုပ်ကိုင်ကြတဲ့သူတွေတောင် ကျရှုံးနိုင်တယ်ဆိုရင် စျေးကွက်ကိုခန့်မှန်းပြီး စတင်ရမယ့်သင့်လုပ်ငန်းက ပိုပြီးကျရှုံးနိုင်ပါတယ်။ မိတ်ဆွေမထင်ထားတဲ့ ပြိုင်ဖက်တွေ ဒါမှမဟုတ် ပတ်ဝန်းကျင်အခြေအနေတွေကြောင့် မိတ်ဆွေရဲ့ လုပ်ငန်းက ဘအမြဲမဖြောင့်ဖြူးနိုင်ပါဘူး။
ဒီနေရာမှဒီနေရာမှာမိတ်ဆွေသိထားသင့်တာကးမှာခလုတ်တိုက်ပြီး လဲကျသွားပေမယ့် ပြန်ထပြီးလျောက်ရင် ခရီးအစကနေပြန်စရတာထက်တော့ ပိုပြီးကောင်းပါတယ်။ လမ်းမှာခလုတ်တိုက်ပြီး လဲကျတိုင်း Zero Mile ကနေပြန်စရတာမဟုတ်ပါဘူး။
📌 ဒါကြောင့် သင်ခန်းစာနံပါတ် ၃ ကတော့ ကျရှုံးမှုတွေကနေပြန်ထနိုင်ဖို့ စိတ်ဓာတ်ပိုင်းဆိုင်ရာနှင့်အခြား လိုအပ်တဲ့အရာတွေတွက် မိတ်ဆွေကပြင်ဆင်ထားပြီးပြီလား။
(၄) မိတ်ဆွေကိုယုံကြည်ပြီး အားပေးဝေဖန်မယ့်သူတွေရှိနေပြီလား။
လူတစ်ယောက်က သူ့တကိုယ်တည်းကြာကြာမရပ်တည်နိုင်ပါဘူး။ ဒါကြောင့် စီးပွားရေးလုပ်ငန်းရှင်တွေက Business Mentor တွေ Business Coach တွေလိုအပ်ကြတာပါ။
“ ဟာ...ငါကခုမှစီးပွားရေးစလုပ်တာ၊ ဘာ်လိုလုပ် Business coach တွေငှားနိုင်မှာလည်း” လို့ပြောနိုင်ပါတယ်။ ဒါကလည်း ၁၀၀ % လက်ခံလို့ရတဲ့စကားပါ။ ဒါပေမယ့်..ဒီနေရာမှာပြောချင်တာက Professional mentor တွေ Coach တွေမဟုတ်ပါဘူး။
မိတ်ဆွေရဲ့လုပ်ငန်းနဲ့ ဆက်စပ်နေတဲ့နယ်ပယ်တွေမှာ လုပ်ကိုင်နေကြတဲ့သူတွေပဲ ဖြစ်ဖြစ် ၊ မိတ်ဆွေနဲ့ ရည်မှန်းချက်ခြင်း တူညီတဲ့ သူငယ်ချင်းတွေပဲဖြစ်ဖြစ် လုပ်ငန်းအကြောင်းတွေကိုတိုင်ပင်မှုဆွေးနွေးမှုတွေ ပြုလုပ်ပါ။ အကြံဉာဏ်တွေရယူပါ။
ကျားကွက်ကစားနေတဲ့ လူတစ်ယောက်က အခြားအလုံးတွေမှာ အာရုံစိုက်နေတာကြောင့် အခွင့်အရေးအများဆုံးရတဲ့ အလုံးကိုမေ့နေတဲ့အချိန်မှာ ဘေးမှာကြည့်နေတဲ့လူက အဲ့ဒီအခွင့်အရေး အသာဆုံးအလုံးကိုတွေ့နိုင်သလို မိတ်ဆွေရဲ့ သူငယ်ချင်းကောင်းတွေကလည်း မိတ်ဆွေသတိမထားမိတဲ့အရာ တွေကိုသတိပေးနိုင်ပါတယ်။
(၅) အောင်မြင်မှုနှင့်ပြောင်းလဲမှုအတွက် တကယ်ရောအသင့်ရှိနေပြီလား။
ဒါကတော်တော်အရေးကြီးတဲ့ ကဏ္ဍတစ်ရပ်ပါ။ များသော်အားဖြင့် လူတွေကတနေရာရာမှာ အောင်မြင်သွားပြီဆိုရင် ဒါကအောင်မြင်မှုရဲ့ထိပ်ဆုံးလို့ မြင်တတ်ကြပါတယ်။ ဒါကတော်တော်မှားတဲ့ ကိစ္စပါ။ မိတ်ဆွေအောင်မြင်ခဲ့တဲ့ ခြေလှမ်းတွေအတွက် ကိုယ့်ကိုဂုဏ်ပြုနေချိန်မှာ ရှေ့ဆက်လျောက်ရမယ့် ခြေလှမ်းတွေအတွက်လည်းပြင်ဆင်ဖို့မမေ့ပါနဲ့။
📌 KFC ၊ YKKO စတဲ့ပြည်ပလုပ်ငန်းတွေအပြင် အခြားနိုင်ငံတွင်းမှာ အောင့်မင်နေကြတဲ့လုပ်ငန်းတွေဟာ တစ်ဆိုင်တည်းနဲ့သာကျေနပ်နေခဲ့ကြမယ်ဆိုရင် ဒီလောက်များတဲ့ ငွေပမာဏကိုလက်ဝယ်ပိုင်ဆိုင်ကြမှာ မဟုတ်ပါဘူး။
မိတ်ဆွေရဲ့ဒီနေ့အားသာချက်ဟာ မနက်ဖြန်ဖြစ်လာမယ့် အရာတခုတွက် အားနည်းချက်ဖြစ်သွားနိုင်တယ်ဆိုတာကို မမေ့ပါနဲ့။
မိတ်ဆွေရဲ့ခြေထောက်နှစ်ဖက်လုံးကို ငုံကြည့်လိုက်ပါ။ ခြေထောက်နှစ်ဖက်နဲ့ရပ်မှ ကြာကြာရပ်လို့ရသလို ဝင်ငွေတခုတည်းနဲ့ရပ်တည်နေတဲ့ သူတွေအဖို့ကြာကြာရပ်တည်နိုင်ဖို့ မလွယ်ပါဘူး။ ဒါကြောင့် မိတ်ဆွေရဲ့ လုပ်ငန်းကိုစနစ်တကျတိုးချဲ့ပါ။ တစ်ခုတည်းနဲ့ကျေနပ်မနေဘဲ ပြောင်းလဲမှုတွေအတွက် အဆင်သင့်ဖြစ်ပြီလားဆိုတာကို ဆန်းစစ်ပါ။
အိုကေ..ဒါတွေကတော့ ကိုယ်ပိုင်လုပ်ငန်းတခုကိုစလုပ်တော့မယ့်သူတွေ အရင်ဆုံးဆန်းစစ်သင့်တဲ့အရာတွေပဲ ဖြစ်ပါတယ်။ လုပ်ငန်းတခုကို ဘယ်လိုစတင်မလဲဆိုတာထက် စတင်ဖို့ဘာတွေလိုအပ်လည်းဆိုတာက ပိုအရေးကြီးပါတယ်။
ဒါကြောင့်အပေါ်မှာမျှဝေပေးသွားတဲ့အချက်လေးတွေကို သေချာလေ့လာဆန်းစစ်ပြီး မိမိလုပ်ငန်းစတင်ဖို့ဘာတွေလိုအပ်လည်း ဘာတွေလုပ်ရမလဲဆိုတာကို သိလာမှာဖြစ်ပါတယ်။
“စလုပ်ဖို့ကြီးကျယ်ခမ်းနားနေစရာမလိုပါဘူး၊ ကြီးကျယ်ခမ်းနားဖို့ စလုပ်ဖို့ပဲလိုတာပါ” ( Zig Ziglar)

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱