How To Stop Procrastination ??
အားလုံးပဲမဂ်လာပါ. Beatrix ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။
မလိုအပ်တဲ့နေရာတွေမှာဘကိုယ့်ရဲ့အချိန်တွေကို သုံးမိနေပြီဆိုတာကိုသိရင်တော့ အဲ့လိုမျိုးဖြစ်နေတာတွေကို ရပ်တန့်စေမယ့် နည်းလမ်းတွေကိုရှာပြီး အမြန်ဆုံးဖြေရှင်းရတော့မှာနော်....
ဒါနဲ့ Procrastination ဆိုတာကရော ဘာလည်း ... 
အလုပ်တခုခုကလုပ်စရာရှိနေတယ်။ ဒါပေမယ့် လုပ်ရမယ့်သူကထမလုပ်ဘူး။ အချိန်ဆွဲပြီးနောက်မှလုပ်ဖြစ်တယ်။ နောက်မှလုပ်ဖြစ်တော့ အရမ်းအချိန်ကနီးသွားပြီ။ ဒါကြောင့် Pressure တွေကများလာမယ်။ စိတ်ပင်ပန်း မယ်။
ဒါဆို...ပထမဆုံးအနေနဲ့ ကိုယ့်ရဲ့အလုပ်တွေကို မြန်မြန်ပြီးအောင်၊ အချိန်ဆွဲတာမျိုးတွေလည်း မရှိအောင် လုပ်ရမယ့်အရာတွေကို မျှဝေပေးသွားပါမယ်နော်။
(၁) Baby Steps လေးတွေခွဲပြီးလုပ်ပါ။
ကိုယ့်တာဝန်ရဲ့ Smallest and Easiest Part ကိုရွေးပြီး အရင်စလုပ်ပါ။
(ဥပမာ...မိတ်ဆွေကစာရေးဆရာတစ်ယောက်ဖြစ်မယ်ဆိုရင်...စာတစ်ပုဒ်ရေးဖို့အတွက် ပထမရေးရမယ့် စာကြောင်းကိုသာ အစဖော်ရေးနိုင်ဖို့က အဓိကဆိုတာ မိတ်ဆွေသတိထားမိပါလိမ့်မယ်။ ဒီလိုပဲ နောက်ဘယ်လိုမျိုးတာဝန်မဆို ပထမစလုပ်ရမယ့် အရာကိုသာ အောင်အောင်မြင်မြင်နဲ့ စနိုင်ခဲ့ရင် ဒီလုပ်ငန်း ပြီးဆုံးဖို့ လွယ်ကူသွားပါပီ။)
(၂) Smart Filing System
ဖိုင်တွေကိုစနစ်တကျ သေချာသိမ်းဆည်းထားပါ။
ဒါမျိုးတွေက သေးသေးမွှားမွှားလေးဆိုပေမယ့် ခဏခဏဖြစ်တတ်တဲ့ အရာတွေဖြစ်နေတော့ သေချာဂရုစိုက်ပြီး Filing System ကိုလုပ်သင့်ပါတယ်။
(၃) First One Hour- No Social Media
ကျွန်တော်တို့အလုပ်စလုပ်မယ့် ပထမဆုံးတစ်နာရီမှာ Facebook, Youtube စတဲ့ Social Media နဲ့ပတ်သက်တဲ့ အရာတွေကိုလုံးဝမသုံးဘဲနေဖို့ပဲ။
(၄) No Phone Calls
နောက်တခုကတော့ ကျွန်တော်တို့ရဲ့ Telephone ပဲဖြစ်ပါတယ်။ 
(အရေးကြီးကိစ္စမှအပ အလုပ်စလုပ်မယ့်အချိန်မှာ ဖုန်းကိုလုံးဝမသုံးပါနဲ့)
(၅) Do Other Stuff
ဥပမာ..ကိုယ့်ရဲ့အလုပ်စားပွဲကိုသန့်ရှင်းရေးလုပ်လိုက်တာတို့၊ နောက်လုပ်မယ့်အလုပ်တွေအတွက် Plan စဥ်းစားထားတာလေးတွေ လုပ်လို့ရပါတယ်။
(၆) Use Warning Stickers
(Back To Work လို စာတိုလေးတွေ)။ အဲ့လိုနည်းစနစ်နဲ့လည်း ကိုယ့်ကိုကိုယ်ထိန်းချုပ်လို့ရတယ်။
(၇) Use Alarm System
နောက်အချက်တခုကတော့ လူသုံးအများဆုံး Social Media တခုဖြစ်တဲ့ Facebook အသုံးပြုမှုကြောင့်ဖြစ်လာတဲ့ Procrastination ကို ဘယ်လို လျော့ချကြမလဲဆိုတဲ့ အချက်လေးတွေပဲ ဖြစ်ပါတယ်။
(၈) Using Facebook ( New Feed, Page Likes)
(၉) Using Sticky Notes, Marks On Calendar
ဟုတ်ကဲ့...ဒါတွေကတော့ ကျွန်တော်တို့ရဲ့နေ့စဥ်ဘဝတွေမှာ ကိုယ့်ရဲ့ Time Management နဲ့ပတ်သက်ပြီး Procrastination ဖြစ်စေတဲ့အရာတွေက ဘာတွေလည်း၊ ဘယ်လို ရပ်တန့်ရမလဲ ဆိုတဲ့ အချက်လေးတွေကို မျှဝေပေးသွားတာဖြစ်ပါတယ်။
မိတ်ဆွေတို့အနေနဲ့လည်း ကိုယ့်ရဲ့အချိန်ဖြုန်းတီးမှုတွေကို ရပ်တန့်အောင်လုပ်နိုင်တဲ့တခြားနည်းလမ်းလေးတွေရှိ ရင်လည်း Comment မှာပြောသွားပေးကြပါအုံးနော်။
Comments
Post a Comment