Introvert အမျိုးအစား(၄)မျိုးနဲ့ Self-care Tips to be Your Own Hero 🤩

မင်္ဂလာပါ။ Beatrixက​နေ ကြိုဆိုပါ​တယ်။

ဒီ​နေ့ မျိုးက introvert အမျိုးအစား​လေးမျိုးအ​ကြောင်းနဲ့ ဘယ်လို ဂရုစိုက်​နေထိုင်သွားရ
မလဲဆိုတာကို ပြောပြ​ပေးသွားပါမှာဘဲ ဖြစ်ပါတယ်။🙋‍♀️
💁‍♀️Introvert​ တွေဟာ လူအများနဲ့ ​ပေါင်းသင်း
ဆက်ဆံရမှာကို မကြိုက်နှစ်သက်သူ​​တွေပါ။
💁‍♀️Extrovert​ တွေက​တော့ လူအများနဲ့ ​ပြောဆို ဆက်သွယ်လိုက်ရင်ဖြင့် သူတို့ကို အား
ပြည့်သွား​စေသလို ခံစားကြရသူ​တွေပါ။
ဒါမယ့် လူ​တွေဟာ အ​ကြောင်း​ကြောင်း ​ကြောင့် တစ်ခါတစ်ရံ introvert​တွေ ဖြစ်သွားတတ်ကြပါတယ်။🤗
စိတ်ပညာရှင် Jonathan Cheek ​ရဲ့
ပြောကြားချက်အရ introvert အမျိုးအစား(၄)မျိုးရှိပါတယ်။
ဒါ​ပေမယ့် အဲ့​လေးမျိုးကို တစ်ခုချင်းစီ ခွဲခြားလို့
မရပါဘူး။ တစ်ခု နဲ့ တစ်ခု ချိတ်ဆက်​ နေကြပါတယ်။🤝
သူငယ်ချင်းသာ introvert တစ်​ယောက်ဆိုရင် ကိုယ့်ပုံစံအမှန်ကို လက်ခံနားလည်ပြီး introvert ဖြစ်​နေခြင်းဟာ ကိုယ့်ရဲ့ superpower လို ဖြစ်လာ​အောင် လိုက်​လျောညီ​ထွေစွာ​နေထိုင်သင့်ပါတယ်။🙆‍♀️
အခု အောက်က တစ်ပုံချင်းဆီမှာ ဆက်ကြည့်လိုက်ကြရအောင် 👇🏻
ပြီးရင် သူငယ်ချင်းရော ဒီintrovert အမျိုးအစားတွေထဲမှာ ပါဝင်လားဆန်းစစ်ကြည့်ပါ။
Introvertဖြစ်တာဟာ အားနည်းချက် မဟုတ်ပါဘူးနော်. သူငယ်ချင်းရဲ့ အစစ်အမှန်ကို လက်ခံပြီး ကိုယ်ကဘယ်လို နေလိုက်ရင် သက်သောင့်သက်သာ ဖြစ်စေလဲဆိုတာကို သေသေချာချာရှာ ဖွေသုံးသပ်ပါ။ လူအများနဲ့ ပြောဆိုဆက်သွယ်ရတဲ့ အခါမှာလည်း မကြောက်ပါနဲ့နော်။ တစ်ခါတစ်လေ စွန့်စားကြည့်ပါ။
မျိုးဆိုလည်း စွန့်စားခဲ့ရတဲ့ အခိုက်အတန့်လေးတွေရှိပါတယ်။🤗
အားလုံးဘဲ သတ္တိခွန်အားအပြည့်ရှိသူတွေ ဖြစ်ကြပါစေ🙏🍀.
Written by
 
💁‍♀️1. Social Introvert

Social Introvert တွေဟာ မကြာခဏဆိုသလို တလွဲအဓိပ္ပါယ် ကောက်တတ်ကြသူ တွေပါ။ အများအားဖြင့် ရှက်တတ်တယ်၊ တစ်ခုခုလုပ်ဖို့ တွန့်ဆုတ်နေတတ်ကြတယ်။ ဒါပေမယ့် ဒါတွေဟာ အမြဲမမှန်နေပါဘူး။

Social Introvert တွေဟာ တစ်ယောက်ထဲနေရတာကို ခုံမင်တယ်။ပါတီတွေ သွားမယ့်အစား အကောင်းဆုံး သူငယ်ချင်းလို့ ကိုယ် သတ်မှတ်ထားတဲ့သူတွေနဲ့သာ အပြင်သွားလေ့ရှိတယ်။🚶‍♀️

ဒါမဲ့ သူ့ဘေးမှာ လူတွေအများကြီးရှိနေလည်း ကိစ္စမရှိဘူး။ လူအများကြားလည်း နေနိုင်တယ်။ ဒါပေမယ့် လူသူနဲ့ဝေးရာမှာ နေရတာကိုက သူ့ကိုသက်သောင့်သက်သာဖြစ်စေတာပါ။

Self-care Tips🤗

👉သင့်ရဲ့သဘာဝကို လက်ခံပါ၊ထိန်းသိမ်းပါ။ လူအများကြားထဲ မဖြစ်မနေ သွားပြီးရင် သင့်အတွက် အားအင်ပြန်ပြည့်လာအောင် တစ်ယောက်ထဲအနားယူဖို့အချိန်ယူပါ။

👉တခြားသူတွေကို ပျော်အောင်လုပ်ပေးနိုင်ဖို့
သင့်ကိုယ်သင်တွန်းအားအရမ်းမပေးပါနဲ့။

👉ကိုယ့်မိသားစုနဲ့ ကိုယ့်ရဲ့အရှိအတိုင်းကိုလက်ခံပေးကြတဲ့ သူငယ်ချင်းတွေနဲ့အဆက်အသွယ်မပြတ်နေပါ။
 
💁‍♀️2. Thinking Introvert

သင်ဟာ အမြဲအတွေးကမ္ဘာထဲနစ်မြောနေတတ်သူလား။🤔

ဒါဆို သင်ဟာ Thinking Introvert ပါ။ သူတို့လေးတွေဟာ လူများတဲ့ နေရာတွေကို ရှောင်ဖယ်မသွားဘူး။ လူအများကြား နေရလည်း စိတ်မညစ်ဘူး။ အတွေးအာရုံထဲ နေထိုင်သူပီပီ လေထဲ တိုက်အိမ် ဆောက်နေမယ်။ ထီတွေ ပေါက်နေမယ်။ အမြဲ တွေဝေ ငေးမော =နေတတ်ကြတယ်။ ရုပ်ရှင်တစ်ကား ကြည့်အပြီး ဒါမှမဟုတ် စာအုပ် တစ်အုပ်ဖတ်ပြီး သွားတာနဲ့ တွေးပြီလေ😆။ ကိုယ့်ကိုကိုယ်လည်း ပြန်ဆန်းစစ်နေမိကြပြန်ပါတယ်။

ဒါမယ့် အတွေးထဲဘဲ မနေနေပါနဲ့နော်။ လက်တွေ့ဘဝမှာ မပျောက်ဆုံးနေပါနဲ့။🙅‍♀️

Self-care Tips🤗

👉သင့်အတွေးတွေ စိတ်ခံစားချက်တွေကို ပြန်သုံးသပ်ဖို့ အချိန်ထားပါ။

(ဥပမာ-journaling= ကိုယ့်တစ်နေ့တာဖြစ်စဥ် တွေ အတွေးအမြင်တွေကို မှတ်စုထဲ ရေးသားမှတ်သားထားခြင်း)

👉ကိုယ်ဝါသနာပါရာကို လေ့လာလိုက်စားပါ။
အတွေးသမားဆိုတော့ creative တော်တော်ကောင်းပါတယ်။

👉သင်နဲ့ကိုက်ညီတဲ့ အလုပ်ကို ရှာဖွေပြီး အားသာချက် ဖြစ်လာအောင် မြှင့်တင်လုပ်ဆောင်ပါ။

👉အတွေးထဲ အမြဲမနေ,နေဘဲ လက်တွေ့လုပ်ဆောင်လာအောင် သင့်ကိုလှုံ့ဆော်ပေးနိုင်တဲ့ လူမှုဆက်ဆံရေးပတ်ဝန်းကျင်တွေကို တည်ဆောက်ထားပါ။
 
3. Anxious Introvert

Social Introvert နဲ့ယှဥ်ရင် Anxious Introvert က လူတွေကို လုံးဝ ရှောင်ဖယ်တာပါ။ မရင်းနှီးတဲ့သူဆို မျက်လုံးချင်းတောင်မဆုံပါဘူး။🤷‍♀️

လူအများကြား ရောက်ရင် ကိုးရိုးကားရားနိုင်ပြီး လူတွေ ငါ့ကို ဘယ်လိုမြင်ကြမလဲ ထင်နေကြမလဲ တွေးနေရင်းနဲ့တင် သက်သောင့် သက်သာ မဖြစ်တော့ပါဘူး။

အိမ်ပြန်ရောက်လို့ တစ်ယောက်ထဲ နေရပြန်ရင်လည်း စိုးရိမ်ပူပန်မှုတွေ လျော့မသွားဘဲ ငါဘာအမှားတွေလုပ်ခဲ့မိပြန်ပြီလဲ လို့ ပြန်လည်စဥ်းစားတွေးပူနေကြပြန်ပါတယ်။

Self-care Tips🤗

👉သင့်ကို စိုးရိမ်မှုတွေ ဖြစ်စေတဲ့ ကိစ္စရပ်တွေကို noteတစ်ခုမှာ မှတ်သားထားပါ။ ပြန်လည်ဆန်းစစ် သုံးသပ်ပါ။ ထို့နောက် ဘယ်လို ရင်ဆိုင်ဖြေရှင်းရမလဲ ဆိုတာကို တွေးတော လုပ်ဆောင်ပါ။

👉Dietလုပ်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိစေတဲ့
အဝတ်အစားတွေ ဝတ်ပါ။စိတ်လေ့ကျင့်ခန်းတွေလုပ်ဆောင်ပါ။ တရားထိုင်ပါ။

ဒီလိုလူမျိုးတွေဟာ လူအများကြားသွားရတာ သူတို့အတွက်အရမ်းခက်ခဲပါတယ်။
ဒါပေမယ့် လူဆိုတာ လူတွေနဲ့ အမြဲမကင်းနိုင်ပါဘူး။ စွန့်စားကြည့်မယ် ကြိုးစားကြည့််မယ်ဆိုရင်
နေတတ်လာပါလိမ့်မယ်။🤗

👉မိသားစုနဲ့သူငယ်ချင်းတွေကို ပွင့်ပွင့်လင်းလင်းရှိပြီး ဆရာ၊ဆရာမတွေ၊ စိတ်ကျန်းမာရေးဆရာဝန်တွေ ဆီကနေ အကြံဉာဏ်ရယူပါ။
 

💁‍♀️4. Restrained Introvert

သူတို့လက်စွဲကတော့"မပြောခင် အရင်စဥ်းစား"🤔

ဒီ introvert အမျိုးအစား လူသိနည်းတယ်လို့ဆိုပါတယ်။
သူတို့တွေဟာ အိပ်ရာက ထရင်တောင် ဘာတွေဘာတွေ လုပ်မယ်၊ဘယ်သူ့ကို ဘာပြောမယ် စသဖြင့် စဥ်းစားပြီး ထကြတဲ့အခါ တစ်ခါတစ်လေဆို အိပ်ရေးဝသော်ငြားလည်း စိတ်မကြည်ကြပြန်ပါဘူး။

မထင်မှတ်ထားတာတွေ ဖြစ်လာတဲ့အခါ ရှက်ရွံ့သလို ဟန်ဆောင်တတ်ကြပါတယ်။ တကယ်တော့ သူတို့ ဘယ်လို တုံ့ပြန်သင့်သလဲ ဆိုတာကို နည်းအမျိုးမျိုးနဲ့ စဥ်းစားရှာဖွေနေကြတာပါ။

Self-care Tips🤗

👉မနက်ပိုင်းမှာ စဥ်းစားစီမံဖို့ အချိန်ဖယ်ထားပါ။
ဒါမှသာ ယောက်ယက်ခတ်ရတာတွေ အပူတပြင်း လုပ်ဆောင်ရတာတွေ မရှိဘဲ အဆင်သင့်ဖြစ်နေမှာပါ။

👉စိတ်ဖိစီးမှုတွေ ပြေပျောက်ဖို့ ကဖိန်းဓါတ်နည်းတဲ့ လက်ဖက်ရည်လေး သောက်ပြီး အေးဆေးအနားယူဖို့ အချိန်ပေးပါ။

👉ကိုယ့်အတွေးကို ပြောပြရတော့မယ် ဆိုရင်
အရင်ဆုံး ကိုယ်ပြောမယ့် အရာတွေကို ခြုံငုံသုံးသပ်ဖို့ အချိန်ယူပါ။ ကြားမှာ နား,နားပြီးပြောပါ။ အသက်ကိုဝဝရှုသွင်းပါ။😇

👉မိသားစု ၊သူငယ်ချင်းတွေနဲ့ ကွဲထွက်ပြီး မနေမိအောင်ကြိုးစားပါ။

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱