Job Interview အတွက် ဆောင်ရန် ရှောင်ရန်များ .. 🙌🏻

မင်္ဂလာပါ Beatrix ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ် ။ ဒီတစ်ခေါက်မှာတော့ အလုပ်ရဖို့ အရေးကြီးဆုံးအဆင့်တွေထဲက တစ်ခုဖြစ်တဲ့ interview အတွက် ဆောင်ရန် ရှောင်ရန်လေးတွေကို ပြောပြပေးချင်ပါတယ်🙋
ကျွန်တော်တို့အားလုံး အလုပ်အတွက်ပဲဖြစ်ဖြစ် scholar လျှောက်တာပဲဖြစ်ဖြစ် ကိုယ်ဟာ အထက်လူကြီးတွေ မျက်စိကျတဲ့ထဲ ပါခဲ့ရင် interview ဆိုတဲ့ အဆင့်ကိုကျော်ဖြတ်ကြရတာပါဘဲ။
interview တစ်ခုဖြေတဲ့နေရာမှာလည်း ပညာတွေချည်းပဲ တတ်နေရုံနဲ့ မပြီးပါဘူး။
ကိုယ့်ကိုယ်ကိုယုံကြည်ချက်ရှိခြင်း ၊ကိုယ်နေဟန်ထား ၊ စကားပြောဟန် တွေကလည်း အရေးကြီးပါတယ်💁
အဲ့ဒါကြောင့် ဒီတစ်ကြိမ်မှာ interview အတွက် DOs and DONTs (ဆောင်ရန်ရှောင်ရန်) လေးတွေ ပြောပြချင်ပါတယ် ..
💥DOs
✔️၁။ အဝတ်အစားကို သင့်တော်ရာဝတ်ပါ👔
ကိုယ့်ရဲ့ ဝတ်ပုံစားပုံက interview အတွက် တစ်စိတ်တစ်ဒေသ အရေးပါပါတယ်။ ဒီနေရာမှာလည်း အဝတ်အစားဟာ စျေးကြီးနေရမယ် branded ဖြစ်နေရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ သန့်သန့်ပြန့်ပြန့် သပ်သပ်ရပ်ရပ်လေးဖြစ်နေရင် အဆင်ပြေပါပြီ 💯
✔️ ၂။ Interview ဖြေရမယ့်နေရာနဲ့ အချိန်ကို အတိအကျသိပါစေ❗️
ဒီနေရာမှာ interview ရဲ့အချိန်နဲ့နေရာကို အတိအကျ သိဖို့လိုပါတယ်။ ပြီးရင် အဲ့နေရာကို သွားဖို့ ဘယ်လောက်ကြာနိုင်လဲ ဘယ်လိုသွားရမလဲဆိုတာ ကြိုတင်ရှာဖွေထားပါ။ အဲ့တာမှ အချိန်မှီရောက်အောင် သွားနိုင်မှာပါ💁
✔️ ၃။ အချိန်စောစောသွားပါ⏰
Interview မတိုင်ခင် 10 မိနစ်လောက် စောစီးစွာသွားသင့်ပါတယ်။ စောစောစီးစီးသွားပြီး ကြိုတင်ပြင်ဆင်တာ ပတ်ဝန်းကျင်ကို အကဲခတ်လေ့လာတာ ကောင်းပါတယ်
တကယ်လို့ ကိုယ်က ပထမဆုံးခေါ်ခံရမဲ့သူဖြစ်နေရင်တောင် အဆင်သင့်ဖြစ်နေစေပါတယ်။
✔️ ၄။ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိပါ 😊
ဒါကတော့ interview အတွက် အရေးကြီးဆုံးအချက်တွေထဲက မပါမဖြစ်အချက်လို့ ပြောလဲမမှားပါဘူး။ ကိုယ်ဘယ်လောက်ပဲတော်တော် ဘယ်လောက်ပဲပြင်ဆင်လာလာ ကိုယ့်ကိုယ်ကို ယုံကြည်ချက်မရှိဘူး ကြောက်နေမယ်ဆိုရင်တော့ ပြင်ဆင်လာသမျှ သိပ်ပြီးအကျိုးသက်ရောက်မှုမရှိနိုင်ပါဘူး။
ကိုယ့်ကို interview သူတွေရဲ့အကြည့်ကို ရှောင်လွှဲတာမျိုးလဲ မလုပ်သင့်ပါဘူး။ သူတို့နဲ့ တွေ့တဲ့အခါမှာလည်း အရမ်းရိုသေကြောက်ရွံ့ပြတာမျိုးမဟုတ်ပဲနဲ့ ရင်းနှီးလေးစားတဲ့ အပြုအမူမျိုးနဲ့ ပြောဆိုဆက်ဆံသင့်ပါတယ်💁
✔️ ၅။ ရိုးသားပါ အရှိကို အရှိအတိုင်းပြောပါ👍
ကိုယ့်ရဲ့အရည်အချင်းနဲ့ ကိုယ်တစ်ကယ်လုပ်နိုင်စွမ်းရှိတဲ့အရာတွေကို အမှန်တိုငိးချပြဖို့လိုပါတယ် ။ အရမ်းကြီး ကိုယ့်ကိုယ်ကို နှိမ့်ချနေဖို့လဲ မလိုအပ်သလို အရှိတရားထက် ကြွားဝါဂုဏ်ဖော်ခြင်းမျိုးလည်း လုံးဝမလုပ်သင့်ပါဘူး။
Interview လုပ်တဲ့သူရဲ့အမြင်မှာ ကိုယ့်အပေါ်မြင်တဲ့အမြင်ကို အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားကြရမှာ ကိုယ့်တာဝန်ပါပဲ🗣
💥DONTs
Interview မှာ လုံးဝမလုပ်သင့်တဲ့အရာတွေကိုလည်း ပြောပြချင်ပါတယ် ‼️
❌ ၁; သင့်ရဲ့အရင် အလုပ်ရှင်ကို မကောင်းပြောတာမျိုးကို ရှောင်ကျဉ်ပါ
Interview တစ်ခုမှ interview တဲ့သူရဲ့ ကိုယ့်အပေါ်အမြင်ဟာ တကယ်ပဲ အရေးကြီးလှပါတယ်။ တကယ်လို့ ကိုယ်ဟာ ကိုယ်အရင်လုပ်ခဲ့တဲ့လုပ်ငန်းခွင်ရဲ့ လျှို့ဝှက်ချက်ကို စည်းမရှိကမ်းမရှိ ဖောက်သည်ချတာဖြစ်ဖြစ် အထက်လူကြီးကိုမကောင်းပြောတာဖြစ်ဖြစ် ဒီလုပ်ရပ်တွေဟာ သင့်က်ု အထင်သေးစေနိုင်တဲ့အပြုအမူတွေပါဘဲ။
တစ်ချိန်ချိန် ကိုယ်ဟာ သူတို့လုပ်ငန်းကို စွန့်ခွာပြီး တစ်ခြားအလုပ်ပြောင်းတဲ့အခါ ဒီလိုမျိုးပဲ သူတို့အကြောင်းကို ဒီလိုပဲပြောလေမလားစိုးရိမ်ပြီး အလုပ်မခန့်ဖို့များပါတယ်😵
❌ ၂။ အချိန်အရမ်းစောတာ နောက်ကျတာမျိုးမဖြစ်ပါစေနဲ့
အပေါ်က ဆောင်သင့်တဲ့အချက်တွေထဲမှာ Interviewမှီအောင် အချိန်စောသွားတာ ကောင်းပေမဲ့ အရမ်းအစောကြီးရောက်နေတာမျိုးကလည်း မကောင်းပြန်ပါဘူး။
နောက်ကျတယ်ဆိုရင်တော့ လမ်းဆုံးသွားပါပြီ
အချိန်ကို မလေးစားတဲ့သူအဖြစ် သတ်မှတ်ခံရနိုင်ပြီး အလုပ်ရဖို့အခွင့်အရေးဟာလည်း လက်လွှတ်ဆုံးရှုံးနိုင်ခြေ ပိုများပါတယ်🤦‍♀️
❌ ၃။ လစာနဲ့ အကျိုးခံစားခွင့်ကိုပဲ ကြည့်သလိုမျိုး မဖြစ်ပါစေနဲ့။
အလုပ်တစ်ခုလုပ်တဲ့အခါ လစာက အရေးကြီးတဲ့ထဲမှာပါတာမှန်ပေမဲ့ interviewမှာတော့ လစာနဲ့အကျိုးခံစားခွင့်တွေကိုပဲ စိတ်ဝင်စားတဲ့ ပုံစံမျိုး မပြမိဖို့ အရမ်းအရေးကြီးပါတယ်။
လုပ်ငန်းရှင်အနေနဲ့ သူ့ရဲ့လုပ်ငန်းမှာ စွမ်းစွမ်းတမံ ကူညီပေးမဲ့ ဝန်ထမ်းမျိုးကိုပဲ လိုချင်တာပါ
လစာကြောင့် စိတ်မဝင်စားဘဲ အလုပ်လုပ်နေမဲ့ဝန်ထမ်းမျိုးကို သူတို့လုပ်ငန်းအထိခိုက်ခံပြီး ရွေးမှာမဟုတ်ပါဘူး။
ဒါကြောင့် လစာထက် လုပ်ငန်းအပေါ် စိတ်ဝင်စားမှုရှိကြောင်း သိသာအောင် ပြောဆိုတတ်ရပါမယ်🗣
❌ ၄။ Interview အတွက် မပြင်ဆင်ဘဲ ဒီတိုင်းသွားဖြေတာမျိုးကိုရှောင်ပါ
Interview သွားဖြေပြီးဆိုကတည်းက မေးလာနိုင်တဲ့မေးခွန်းတစ်ချို့ကို လေ့လာပြီး ဘယ်လိုပြန်ဖြေမလဲ ဆိုတာမျိုး ကြိုတင်တွေးတောလေ့ကျင့်ထားသင့်ပါတယ်💯
ကိုယ်ကြိုတင်ပြင်ဆင်သွားတဲ့မေးခွန်းတွေကို သူတို့အားလုံးမေးချင်မှလည်း မေးပါလိမ့်မယ်
​မေးရင်တော့ ကိုယ့်ဘက်ကအမြတ်ပေါ့။ ဒီလိုဆိုတိုင်း မပြင်ဆင်ဘဲသွားတာက ဘယ်လိုမှအကူအညီမဖြစ်နိုင်ပါဘူး။
မေးတော့မှ ဝရုန်းသုန်းကားနဲ့ ရှိရာကောက်ထွက်သွားတဲ့အဖြေထက် ကြိုတင်ပြင်ဆင်လာတာက ပိုအဆင်ချောပြီး ကိုယ့်ကို ပိုစမတ်ကျစေပါတယ်💁
❌ ၅။ အကြောင်းပြချက်တွေ သိပ်မပေးပါနဲ့
အရေးကြီးဆုံး အချက်တွေထဲက တစ်ခုပါ
Interview မှာကတည်းက အကြောင်းပြချက်တွေပေးနေတတ်တဲ့သူကို ဘယ်အလုပ်ရှင်ကမှ ခန့်ချင်မှာမဟုတ်ပါဘူး။
ဒါကြောင့် အစတည်းက အကြောင်းပြချက်ပေးတတ်တဲ့ အကျင့်ရှိရင် ဖျောက်ဖို့ ကြိုးစားရပါမယ်
ဒါဆိုရင် Interview အတွက် ဆောင်ရန်ရှောင်ရန် အချက်တွေထဲက အရေးကြီးတဲ့ အချက်လေးတွေကို မျှဝေးပေးလိုက်ပါပြီ 🙌🏻
ဖြည့်စွက်ဆွေးနွေးချင်တာများရှိရင် comment မှာ ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ အဆုံးထိဖတ်ပေးတဲ့ တစ်ယောက်ချင်းစီကို ကျေးဇူးတင်လျက်ပါရှင်💗
အားလုံးလဲ Interview ကိုအောင်မြင်စွာ ကျော်လွှားနိုင်ကြပါစေ 🥳
Written By
Moe Myint Thida
Reference Link -

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱