Market Segmentation ဆိုတာဘယ်လိုမျိုးလဲ ..❓

 

ဒီနေ့မှာတော့ Beatrix က Marketing Strategy (စျေးကွက်ရောင်းချခြင်း နည်းဗျူဟာ) တွေထဲကတစ်ခုဖြစ်တဲ့ Market Segmentation အကြောင်းကိုပြောပြပေးသွားမှာ ဖြစ်ပါတယ်🥳

🔑ပထမဦးဆုံးအနေနဲ့ Market Segmentation က ဘယ်လိုမျိုးကို ဆိုလိုတာလဲ🧐
Market Segmentation ဆိုတာကရည်ရွယ်ထားတဲ့ စျေးကွက် (Target market) ကို ပိုပြီးအသေးစိတ်တဲ့၊ တိကျတဲ့ အပိုင်းငယ်လေးတွေ ခွဲထုတ်ပြီး မျှော်မှန်းထားတဲ့ စျေးကွက်ရောက်အောင်သွားခြင်းဖြစ်ပါတယ်၊ ဖောက်သည်တွေရဲ့ အလိုရှိမှုတွေ၊ စိတ်ဝင်စားမှုတွေ၊ ဝယ်ယူသူတွေရဲ့ သဘောလက္ခဏာတွေ၊ နေရာဒေသစတဲ့ အချက်တွေပေါ် အခြေခံကာ တူရာတူရာ အပိုင်းငယ်လေးတွေခွဲလိုက်တာကို Market Segmentation လို့ခေါ်ပါတယ်
🔑Market Segmentationက မိမိတို့ရဲ့ထုတ်လုပ်ထားတဲ့ ကုန်ပစ္စည်းတွေ ကိုစျေးကွက်ထဲရောင်းချတဲ့အခါမှာ…
1.Right users
2.Right time
3.Right place ဖြစ်ဖို့ကိုအဓိကရည်ရွယ်ပါတယ်၊
ဒီလိုမှသာ မိမိတို့ရဲ့ကုန်ပစ္စည်းတွေက ရောင်းအားကောင်းပြီးတော့ မိမိတို့လုပ်ငန်း တိုးတက်မယ်မဟုတ်လား။ အဲ့ဒါကြောင့်လည်း segment လို့ခေါ်တဲ့ အပိုင်းငယ်လေးတွေနဲ့ မိမိတို့ရဲ့ စျေးကွက်နည်းဗျူဟာကို ထိရောက်အောင်လုပ်ကြခြင်းပဲဖြစ်ပါတယ်💯
🔑ဒါဆို Market Segmentationဘယ်နှစ်မျိုးရှိလဲ... ❓
1️⃣Demographic Segmentation
(ဒေသတစ်ခုရဲ့လူနေမှုစာရင်း ပေါ်မူတည်ခြင်း)
2️⃣Psychographic Segmentation
(လူတွေရဲ့ စိတ်နေစိတ်ထား ပေါ်မူတည်ခြင်း)
3️⃣Behavioral Segmentation
(စျေးဝယ်ယူသူတွေရဲ့အလေ့အထတွေ၊သုံးစွဲနိုင်မှုနှုန်း တွေ
ပေါ်မူတည်ခြင်း)
4️⃣Geographic Segmentation
(နေရာဒေသ ပေါ်မူတည်ခြင်း) ဆိုပြီး Market Segmentation
(၄)မျိုးရှိပါတယ်🙋‍♀️
🔑 အခု Segmentation တစ်မျိုးစီအကြောင်းကို ပြန်ရှင်းပြ
ပေးသွားမှာပဲ ဖြစ်ပါတယ်🤗
1️⃣Demographic Market Segmentation
Market Segmentation (၄)ခုထဲမှာ Demographic
Segmentationက အခြေခံအကျဆုံးဖြစ်ပါတယ်
ဘာလို့လဲဆိုတော့…
✔️အသက်အရွယ်
✔️ကျား/မ
✔️ဝင်ငွေ
✔️အလုပ်အကိုင်
✔️ပညာအရည်အချင်း
✔️ကိုးကွယ်ယုံကြည်မှု
✔️လူမျိုး စတဲ့အချက်တွေပေါ်မူတည်ပြီး အုပ်စုခွဲထားလို့ပဲဖြစ်ပါတယ်။
နိုင်ငံတစ်နိုင်ငံ၊နေရာဒေသ တစ်ခုမှာရှိတဲ့အပေါ်မှာ ဖော်ပြထားတဲ့ လူနေမှုစာရင်းဇယားတွေက စုစည်းဖို့လည်း လွယ်ကူသလို မိမိတို့ ဘယ်လိုကုန်ပစ္စည်းထုတ်လုပ်ရင် အဆင်ပြေနိုင်မလဲဆိုတာ တွက်ချက်ရတာလည်း လွယ်ကူလို့ပဲ ဖြစ်ပါတယ်🙇🏻‍♀️
ဒါပေမဲ့ Demographic Market Segmentation က လူတစ်ဦးတစ်ယောက်ချင်းစီအတွက် ရည်ညွှန်းတာမျိုးမဟုတ်ဘဲ အုပ်စုလေးတွေပေါ်မှာ ဦးတည်တာဖြစ်တဲ့အတွက် မိမိတို့ကုန်ပစ္စည်းရောင်းရခြင်း၊ မရောင်းရခြင်းပေါ်မှာ လိုအပ်ချက်တွေရှိနိုင်ပါတယ်‼️
2️⃣Psychographic Market Segmentation
ဒါကတော့ လူတစ်ဦး တစ်ယောက်ရဲ့
✔️စိတ်နေသဘောထား
✔️ပင်ကိုယ်အရည်အချင်း
✔️လူနေမှုပုံစံ
✔️အတွေးအမြင်
✔️စိတ်ဝင်စားမှု စတဲ့အချက်တွေပေါ်မူတည်ပြီးခွဲထားတာပဲ
ဖြစ်ပါတယ်၊
ဒီအချက်တွေက အသေးစိတ်လည်းကျတဲ့အပြင် အဲ့စာရင်းအချက်အလက်တွေကို စုဆောင်းရတာလည်းမလွယ်ကူပါဘူး‼️ ဒါပေမဲ့ အင်တာဗျူးတွေ၊စာရင်းကောက်တာ တွေကနေပြီးတော့ လူတွေဘာကြိုက်တတ်လဲ၊ ဘယ်ဟာမျိုးဆိုမကြိုက်
ဘူးလဲသိနိုင်တာမို့ Market Segmentation မှာ ဒီ Psychographic Market Segmentation ကပိုပြီး ထိရောက်သင့်တော်တယ်လို့ ပြောလို့ရပါတယ်📝
3️⃣Behavioral Market Segmentation
တတိယတစ်ခုအနေနဲ့ Behavioral Segmentation ကဝယ်ယူသူတွေရဲ့ အပြုအမူတွေမူတည်တာ ဖြစ်ပါတယ်၊
ဥပမာ စျေးဝယ်သူတွေက ဘယ်လိုမျိုးဝယ်ယူရတာကို
ပိုသဘောကျလာကြလဲ⁉️
✔️စတိုးဆိုင် သွားဝယ်ကြတာလား
✔️websiteတွေ appတွေကနေပဲ ဝယ်ယူကြလား စတဲ့အချက်ပေါ်မှာ မူတည်ပြီးခွဲထားခြင်းဖြစ်ပါတယ်💸
4️⃣Geographic Market Segmentation
Geographic အနေနဲ့ကတော့ လူတစ်ဦးတစ်ယောက်ချင်းစီကို ဦးတည်ပြီး ခွဲထားတဲ့အပိုင်းဖြစ်ပါတယ်၊ ဘယ်အချက်တွေ ပေါ်အခြေခံပြီး Geographic Market
Segmentation ဖြစ်လာလဲဆိုတာ ကြည့်လိုက်ကြရအောင်…
✔️နေရာဒေသ
✔️မြို့တွင်းလား၊ကျေးလက်လား
✔️ရာသီဥတု
✔️ယဉ်ကျေးမှု
✔️ဘာသာစကား စတဲ့အချက်(၅)ချက်ပေါ်မူတည်တာပဲ ဖြစ်ပါတယ်
ဥပမာဆိုပါစို့ မိမိတို့ကုန်ပစ္စည်းက ဘယ်ရာသီဥတုနဲ့ဆို ပိုသင့်တော်မလဲ၊ ရောင်းချမဲ့ နေရာကကော ဘယ်လိုရာသီဥတု အခြေအနေမျိုးရှိလဲ၊ အဲ့မှာနေတဲ့သူတွေကကော
ဘယ်ဘာသာစကားကိုပြောကြတာလဲ၊ မိမိတို့ကကော အဲ့ဒီအတွက် ဘာတွေပြင်ဆင်ထားဖို့လိုမလဲ ဆိုတာတွေကို မူတည်အပိုင်းခွဲလိုက်ပြီး မိမိတို့ရဲ့မျှော်မှန်းထားတဲ့ စျေးကွက်ရောက်အောင် ကြိုးစားခြင်းဖြစ်ပါတယ်💥
ကဲဒါဆိုရင်တော့ Market Segmentationအကြောင်းနဲ့ Market Segmentation (၄)မျိုးအကြောင်းကို အကြမ်းဖျင်းသိသွားလောက်ကြပြီလို့ မျှော်လင့်ပါတယ်၊ မိမိတို့လုပ်ငန်းနဲ့ အသင့်တော်ဆုံး Market Segmentation Strategy ကို
သုံးနိုင်ကြပါစေ🤗
ဒီနေ့တော့ ဒီလောက်နဲ့ပဲ Beatrixကနေ နှုတ်ဆက်လိုက်ပါတယ်❤️
Written
TTZ
 Image may contain: text that says "BEATRIX Demographic Geographic Market Segmentation Psychographic Behavioral"

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱