စျေးကွက်ပြိုင်ဆိုင်မှုရဲ့ အင်အား ၅ ရပ် (သို့) Michael Porter's (5) Forces ..⁉️
မိတ်ဆွေဟာ သူများတွေထက် ကုန်ပစ္စည်းတစ်ခုကို စျေးသက်သာအောင်ထုတ်လုပ်ပြီး စျေးကွက်ပြိုင်ဆိုင်မှုမှာ အသက်သာဆုံး ထုတ်လုပ်သူတစ်ယောက်ဖြစ်ချင်တာလား
ဒါမှမဟုတ် တခြားသူတွေမသိတဲ့စျေးကွက်သေးသေးလေးတခုကနေ အမြတ်စွန်းအများကြီး ရှာနိုင်ပြီလား
မိတ်ဆွေတို့ရဲ့ စီးပွားရေးတိုးတက်ဖို့အတွက် ဘယ်လိုမျိုးဗျူဟာကို သုံးမလဲဆိုတာကိုသိဖို့ လက်ရှိကျင်လည်နေတဲ့ စျေးကွက်အခြေအနေက အရေးကြီးတယ်ဆိုတာကိုရော သိထားကြပြီလား ..
ယနေ့မှာတော့ အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်း လုပ်ကိုင်နေကြတဲ့ မိတ်ဆွေတွေအတွက် စီးပွားရေးလုပ်ငန်းလုပ်ဆောင်ရာမှာ အရေးပါလှတဲ့ စျေးကွက်ပြိုင်ဆိုင်မှုရဲ့ အင်အား(၅)ရပ် အကြောင်းကို ရှင်းပြပေးသွားမှာဖြစ်ပါတယ်။
ကဲ ဒါဆို မိတ်ဆွေတွေအတွက် စျေးကွက်ပြိုင်ဆိုင်မှုအင်အား(၅)ရပ်က ဘာတွေဖြစ်မလဲ။ ဘယ်လိုမျိုးအချိန်တွေမှာ ဖြစ်တတ်ကြလည်းဆိုတာကို ကြည့်လိုက်ကြရအောင်....
ပထမဆုံးအနေနဲ့ ကြည့်သင့်တာက သူနဲ့လက်ရှိ လုပ်ငန်းတူပြိုင်ဖက်တွေ ဘယ်လောက်ရှိနေသလဲ ဆိုတာပါပဲ။ ပြိုင်ဆိုင်မှုနဲ့ပြိုင်လက်တွေများလာလေလေ မိတ်ဆွေရဲ့စျေးနှုန်းနဲ့အမြတ်အစွန်းကို ဖိအားပေးနိုင်တယ်ဆိုတာကို သိထားပါ။ ဘယ်လိုမျိုးအချိန်တွေမှာ ဒီပြိုင်ဆိုင်မှုက ပိုမိုပြင်းထန်လည်းဆိုတော့.
ဒီပြိုင်ဆိုင်မှုရဲ့ အဓိကသော့ချက်ကတော့ မိတ်ဆွေရဲ့ Supplier တွေကို ဘယ်လောက်စျေးဆစ်နိုင်ပြီလည်း ဆိုတဲ့အချက်ပါ။
မိတ်ဆွေအပေါ် သူတို့ရဲ့ ပါဝါကများနေမယ်ဆိုရင် သူတို့ပြောသလို မိတ်ဆွေက လိုက်လုပ်ရမှာဖြစ်ပြီး သူတို့ရဲ့ပါဝါနည်းနေပြီဆိုရင်တော့ သူတို့အပေါ် မိတ်ဆွေက စျေးကောင်းကောင်းဆစ်နိုင်မှာ ဖြစ်တယ်။
ဘယ်လိုအချိန်တွေမှာ Supplier တွေရဲ့ပါဝါများနိုင်လည်းဆိုတာ တချက်ကြည့်ရအောင်...
ဒီနေရာမှာတော့ မိတ်ဆွေရဲ့ Supplier တွေလိုပဲ မိတ်ဆွေရဲ့ဖောက်သည်တွေက ဘယ်လောက်ထိ ပါဝါရှိနေလည်း ဆိုတာကို ကြည့်ရမှာဖြစ်တယ်။ တနည်းပြောရရင် မိတ်ဆွေအပေါ် ဖောက်သည်တွေရဲ့ စျေးဆစ်နိုင်စွမ်းပေါ့။
ဘယ်လိုမျိုးအခြေအနေမှာ ဝယ်သူတွေရဲ့ ပါဝါများနိုင်လည်းဆိုတော့
အမြတ်များတဲ့စျေးကွက်တွေကတော့ အသစ်ထပ်ဝင်ချင်တဲ့ လုပ်ငန်းတွေကို ဖိတ်ခေါ်နေသလိုပါဘဲ။ အဲ့ဒီအချိန်မှာသာ စျေးကွက်ထဲကိုဝင်မယ့်ကိစ္စက လွယ်ကူလေလေ ၊ပိုပြီးများများဝင်လေပါဘဲ။
ဒါနဲ့ ဘယ်လိုအချိန်မှာ လုပ်ငန်းတူပြိုင်ဖက်အသစ်တွေဝင်နိုင်မလဲ။
ဒီအခြေအနေမှာတခုစဥ်းစားရမှာက မိတ်ဆွေက လိမ္မော်ရည်ရောင်းလို့ မိတ်ဆွေရဲ့ပြိုင်ဖက်က လိမ္မော်ရည် လိုက်ရောင်းမယ်လို့ ထင်ထားလို့မရဘူး။ မိတ်ဆွေရဲ့ လိမ္မော်ရည်ကို ရေသန့်ကလည်းအစားထိုးနိုင်သလို ကိုကာကိုလာကလည်းအစားထိုးနိုင်တာပဲဆိုတာကို မိတ်ဆွေသဘောပေါက်ထားရမယ်။
ဘာတွေက အစားထိုးကုန်ပစ္စည်းတွေဖြစ်ပြီး မိတ်ဆွေရဲ့လုပ်ငန်းတွေအန္တရယ်အနည်းအများကို ပြဋ္ဌာန်းနေလည်း ဆိုရင်တော့....
ဟုတ်ကဲ့...ဒါတွေကတော့ မိတ်ဆွေတို့ရဲ့ စျေးကွက်ပြိုင်ဆိုင်မှုကို လေ့လာကြည့်ဖို့ အထောက်အကူပြုစေမယ့် စျေးကွက်ပြိုင်ဆိုင်မှုရဲ့ အင်အား(၅)ရပ်အကြောင်းပဲ ဖြစ်ပါတယ်။
မိတ်ဆွေဟာ လက်ရှိစျေးကွက်မှာ ရှိနေပီးသားဘဲ ဖြစ်ဖြစ်၊ ယခုစျေးကွက်ကိုမိတ်ဆွေဝယ်ယူဖို့ စဥ်းစားရင်ပဲ ဖြစ်ဖြစ် ထိရောက်တဲ့ပြိုင်ဆိုင်မှုမဟာဗျူဟာတွေကို ချမှတ်နိုင်ဖို့ အထက်မှာပြောခဲ့တဲ့ ပြိုင်ဆိုင်မှုအင်အား (၅)ရပ် ကိုအရင်ဆုံး လေ့လာဆန်းစစ်ဖို့အကြံပြုလိုပါတယ်။
“ကောင်းမွန်တဲ့စျေးကွက်တခုကိုဖန်တီးနိုင်ပြီး၊စျေးကွက်ပြိုင်ဆိုင်မှုအတွက်လည်း ဗျူဟာကောင်းတွေချမှတ်နိုင်ကြပါစေ”
Kyaw Nyein(YAU)
References:
50 Management Ideas You Really Need To Know
Edward Russell Walling

Comments
Post a Comment