Micro Environment Vs Macro Environment
Business Environment ဆိုတာကို ကြားဖူးကြလားခင်ဗျာ
Business Environment ဆိုတာဘယ်လိုမျိုးလိုလည်း
Business Environment ဘယ်နှစ်မျိုးရှိလည်း၊ ဘာတွေလည်းဆိုတာရော သိပြီးကြပီလား
ဟုတ်ကဲ့။ ဒီနေ့မှာလည်း အသေးစားနဲ့အလတ်စားစီးပွားရေးလုပ်ငန်းတွေအနေနဲ့သိသင့်တဲ့ စီးပွားရေးဆိုင်ရာ ဗဟုသုတရစရာလေးတခုကို မျှဝေပေးသွားမှာဖြစ်ပါတယ်။
ဒီဟာလေးမပြောခင် စာရေးသူရဲ့ အတွေ့အကြုံလေးတခုနဲ့အရင်မိတ်ဆက်ပေးပါရစေ။
စာရေးသူ ၅ တန်းနှစ်က အတန်းထဲမှာ သိပ္ပံဆရာမကမေးခွန်းတခုမေးတယ်။ “ပတ်ဝန်းကျင်ဆိုတာ ဘာလည်း” တဲ့။ အဲ့ဒါနဲ့စာရေးသူလည်းပြန်ဖြေခဲ့ပါတယ်။ “ကျွန်တော်တို့မှီခိုနေသမျှအရာအားလုံးဟာ ကျွန်တော်တို့တွက် ပတ်ဝန်းကျင်ပါပဲ”လို့။ သေချာမသိခဲ့ပေမယ့် စာရပေရ ဖြေခဲ့ခြင်းဖြစ်နေတော့ ဆရာမကလည်း မှန်ကြောင်းပြောခဲ့ပါတယ်။
ကျွန်တော်တို့လူသားတွေမှာလည်း အတူတူရှင်သန်နိုင်ဖို့အတွက် ပတ်ဝန်းကျင်ရှိသလို စီးပွားရေးလုပ်ငန်းတခုမှာလည်း ထိုနည်း၄င်းပါပဲ။
စီးပွားရေးလုပ်ငန်းတခုရဲ့ ပတ်ဝန်းကျင်ဆိုတာဟာ အဲ့ဒီစီးပွားရေးလုပ်ငန်းထဲကဖြစ်စေ ဒါမှမဟုတ် လုပ်ငန်းပြင်ပမှဖြစ်စေ လုပ်ငန်းရဲ့ဝန်ထမ်းတွေ၊ဖောက်သည်တွေ၊ ဝန်ဆောင်မှုနဲ့ဝယ်လိုအားတွေ၊ လုပ်ငန်းဆိုင်ရာစီမံခန့်ခွဲမှုတွေအပြင် လုပ်ငန်းရဲ့လုပ် ဆောင်ချက်တွေအပေါ် အကျိုးသက်ရောက်မှုရှိသော စီးပွားရေးဆိုင်ရာလိုအပ် ချက်တွေအားလုံးကို ဆိုလိုပါတယ်။
ယေဘုယျအားဖြင့် Business Environment ကို...
(၁) Micro Environment နှင့်
(၂) Macro Environment ဆိုပြီး နှစ်မျိုးခွဲထားပါတယ်။
သူတို့နှစ်ခုရဲ့ အဓိပ္ပါယ်တွေနှင့် ခြားနားချက်လေးတွေကို ကျွန်တော်တို့ဆက်ကြည့်လိုက်ရအောင်..
Micro Environment ဟာ စီးပွားရေးလုပ်ငန်းတွေအပေါ် တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။ပြီးတော့ ကုမ္ပဏီ ဒါမှမဟုတ် လုပ်ငန်းတခုရဲ့ စွမ်းဆောင်ရည်နဲ့ဆုံးဖြတ်ချက်တွေအပေါ် အကျိုးသက်ရောက်မှုရှိတဲ့ လုပ်ဆောင်ချက်တွေနဲ့ အရာဝတ္ထုအကုန်လုံးကို ဆိုလိုပါသည်။
ဒီ Micro Environment မှာကော ဘာတွေပါလည်း
သူတို့ဟာ ကုန်ပစ္စည်းထုတ်လုပ်ရောင်းချမှုရဲ့ အဓိကသော့ချက်တခုဖြစ်တယ်။ ကုန်ပစ္စည်းထုတ်လုပ်မှုတွက်လိုအပ်တဲ့အရင်းအမြစ်တွေအတွက် အာမခံချက်ဖြစ်စေတယ်။ ဒါ့အပြင် စျေးနှုန်းကျဆင်းခြင်းသို့မဟုတ်ကျဆင်းခြင်းကိုလည်း အကျိုးသက်ရောက်နိုင်သည်။
သူတို့ရဲ့ ကုန်ပစ္စည်းပုံစံယှဥ်ပြိုင်မှု နဲ့ ကုန်အမှတ်တံဆိပ်ယှဉ်ပြိုင်မှုတွေပါဝင်ပါတယ်။
ပြောရရင် အရောင်းမြှင့်တင်ရေး၊ ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ စျေးကွက်ရှာဖွေခြင်း၊ငွေကြေးဆိုင်ရာပြေလည်စေမှုတွေပါ ပါဝင်ပါတယ်။
သူတို့ရဲ့ ဝယ်လိုအားကိုတည်ငြိမ်စေမှု၊ ရောင်းလိုအားတိုးတက်မှုရဲ့အလားအလာများ၊.အမြတ်အစွန်းခန့်မှန်းနိုင်မှုတွေအပြင် စျေးကွက်ယှဥ်ပြိုင်မှုကို ပိုမိုဖြစ်စေတယ်။ ပြည်သူလူထုတွေစသဖြင့် အကုန်လုံးပါဝင်တယ်။
လူထုအမြင်၊ Media နဲ့ ပတ်ဝန်းကျင်ကိုလွမ်းမိုးနိုင်မှုတွေကလဲ Micro Environment ထဲမှာပါဝင်ပါတယ်။
Macro Environment ဆိုတာကတော့ လုပ်ငန်း/ကုမ္ပဏီရဲ့ Sector တခု ဒါမှမဟုတ် ဌာနတခုဆိုတာထက် စီးပွားရေးလုပ်ငန်းတခုလုံးတွင်ရှိနေသည့် အခြေအနေတစ်ရပ်ဖြစ်ပါတယ်။ ပြီးတော့ ဒီ Macro Environment ဟာ အထွေထွေစီးပွားရေးပတ်ဝန်းကျင်တခုဖြစ်ပြီး စီးပွားရေးအုပ်စုများအားလုံးအပေါ် လွှမ်းမိုးမှုလဲ ရှိပါတယ်။
ဒီ Macro Environment ထဲမှာကော ဘာတွေပါလည်း
ဥပမာ- အင်တာနက်ဆက်သွယ်မှု၊ Computer ရဲ့တွက်ချက်နိုင်မှု မြန်နှုန်းနဲ့စွမ်းဆောင်ရည်၊ Cryptography ရဲ့ လှုံခြုံမှု၊ Wireless နည်းပညာများ စသဖြင့်
အထူးသဖြင့် မူပိုင်ခွင့်ဥပဒေ၊ အလုပ်အကိုင်ဥပဒေ၊ ခွဲခြားဆက်ဆံမှုဥပဒေ၊ သွင်းကုန်နှင့်ပို့ကုန် ဥပဒေသများ ပါဝင်ပါတယ်။
လူတွေရဲ့ ဝယ်ယူသည့်အလေ့အထများ၊ ဘာသာတရားနှင့်ယုံကြည်မှု၊၎င်းမိသားစုတခု၏ ဖွဲ့စည်းပုံနှင့်အရွယ်အစား၊ ကွဲပြားသော လူနေမှုပုံစံတွေလဲ ပါဝင်ပါတယ်။
ဥပမာ- ရာသီဥတုပြောင်းလဲခြင်း နဲ့ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုတွေ
ဒီ Business Environment (၂)ခုရဲ့ အဓိပ္ပါယ်နဲ့ဘာတွေပါသလည်း ဆိုတာလည်းသိပြီးပြီဆိုတော့ ဒီတခါ သူတို့ရဲ့ခြားနားချက်လေးတွေကို ထပ်ကြည့်ကြရအောင်..
Macro Environment ကတော့ ယေဘုယျအားဖြင့် စီးပွားရေးလုပ်ငန်းတခုလုံးရဲ့ လုပ်ဆောင်ချက်တွေအားလုံး ကိုသက်ရောက်မှုရှိတယ်။
ဒါပေမယ့် Macro Environment ရဲ့ လုပ်ဆောင်ချက်တွေကိုတော့ အဖွဲ့အစည်းတွေအနေနဲ့ ထိန်းချုပ်ရန် မလွယ်ကူပါဘူး။
Macro Environment မှာတော့ လုပ်ငန်းနယ်ပယ်ရဲ့ပြင်ပဆက်ဆံရေးတွေဖြစ်တဲ့ လူမှုရေး၊ ဥပဒေသတွေနဲ့ စီးပွားရေးဆိုင်ရာကန့်သတ်ချက်တွေပါဝင်ပါတယ်။
ဒါတွေကတော့ Business Environment ထဲမှာပါတဲ့ Micro Environment နဲ့ Macro Environment အကြောင်းကို ဗဟုသုတရဖွယ် အကျဥ်းချုပ်လေးပြောပြပေးသွားတာဖြစ်ပါတယ်။
အားလုံးတိုးတက်စေဖို့ ရည်ရွယ်လျက်
Kyaw Nyein (YAU)
Comments
Post a Comment