သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား
သင့်အချိန်တစ်နာရီက ဘယ်လောက်တန်သလဲ ဆိုတာစဉ်းစားမိကြရဲ့လား ငယ်ငယ်တုန်းကစာသင်ကျောင်းမှာတော့ အချိန်၏တန်ဖိုးဆိုတဲ့ခေါင်းစဥ်နဲ့ စာစီစာကုံးတွေ essay တွေအတော်များများ ရေးဖူးကြမယ်လို့ယုံကြည့်ပါတယ်။ ဒီတော့ အချိန်ရဲ့တန်ဖိုးဟာဘာနဲ့မှတကယ်ကိုလဲလှယ်လို့မ ရတာ လူတိုင်းလိုလိုနားလည်ပါတယ်။ ဒါပေမယ့် သင့်ရဲ့အချိန်တွေက တကယ်ရော ဘယ်လောက်ထိုက်တန်လဲ ဆိုတာကို ဒီ post မှာ ရှုထောင့်တစ်မျိုးကနေဖော်ပြလိုပါတယ်။ 💁🏻♀️ လူတွေကိုယ့်အချိန်ကိုသုံးပုံဖြုန်းပုံချင်း တစ်ယောက်နဲ့တစ်ယောက်မတူပါဘူး။ အမြတ်များများရတဲ့အလုပ်ကို အချိန်ကြာကြာပေးရင် အမြတ်တွေ အများကြီးရမယ်။ ကိုယ့်မိတ်ဆွေသူငယ်ချင်း တွေနဲ့ အချိန်တွေများများကုန်ဆုံးတဲ့လူက ပိုမိုခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးတွေကို ရမယ်။ 👨🏿🤝👨🏼 ပေါ့ပေါ့ပါးပါးရှိတဲ့ အလုပ်ကိုလုပ်တဲ့လူက လွတ်လပ်မှုကို ပိုခံစားရမယ်။ ကိုယ်ကဘာလိုချင်လဲ ဘာဖြစ်ချင်လဲဆိုတဲ့အချက်ပေါ်မူတည်ပြီး ကိုယ့်အချိန်တွေကို အဲ့ဒီ့အပေါ်မှာများများ သုံးလေ လိုချင်တာများများရလေ ဖြစ်ပါတယ်။ ✔️ ကျွန်မတို့တော်တော်များများက ပြောရရင်အကုန်လုံးကို အကောင်းဆုံး ဖြစ်ချင်ကြတာများပြီးတော့ အရာအားလုံးကို ပြိုင်တူ အချိန်ပ...
Comments
Post a Comment