Pros and Cons of Freelance Career

 

မင်္ဂလာပါ Beatrixကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်🙆
ဒီတစ်ခေါက်ပြောပြပေးသွားချင်တာက Freelance Jobsတွေရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုးတွေပဲ ဖြစ်ပါတယ်💯
Freelance Jobတွေဟာ များသောအားဖြင့် လွတ်လပ်တယ် ကိုယ်ကြိုက်တဲ့အချိန် အလုပ်လုပ်လို့ရတယ် စည်းတွေဘောင်တွေမရှိဘူးဆိုပေမဲ့ သူ့နောက်ကွယ်မှာလဲ အဆင်မပြေမှုတွေဆိုတာ အနည်းနဲ့အများရှိကြတာပါပဲ💁
အရင်ဆုံး Freelance Jobsတွေရဲ့ကောင်းကျိုးတွေကို ကြည့်လိုက်ကြရအောင်ပါ ..
1) Client တွေကိုလွတ်လွတ်လပ်လပ်ရွေးချယ်လို့ရတယ်🧐
Freelancerတစ်ယောက်အနေနဲ့ ကိုယ်ဘယ်သူ့အတွက် အလုပ်လုပ်ပေးချင်လဲ ဘယ်သူနဲ့အလုပ်တူတူတွဲလုပ်ချင်လဲဆိုတာ ရွေးချယ်လို့ရတယ်
ကိုယ်အဆင်ပြေမယ်ထင်တဲ့ Clientကို ရွေးချယ်လက်ခံနိုင်တဲ့အတွက် တော်တော်လေးအဆင်ပြေတယ်ဆိုလို့ရပါတယ်💯
2) ကိုယ်အဆင်ပြေသလောက် အလုပ်ပမာဏကို ရွေးချယ်လုပ်ကိုင်ခွင့်ရမယ်💻
Freelance Jobတွေရဲ့ အားသာချက်က ကိုယ်လုပ်ချင်သလောက်ပဲ အလုပ်လုပ်လို့ရပါတယ်(income တော့ကွာတာပေါ့နော်)
Full-time တွေလိုမျိုး တစ်ချိန်လုံးMeetingထိုင်နေရတာ စည်းတွေဘောင်တွေနဲ့ နေရတာ တစ်ချိန်လုံးအာရုံစိုက်နေရတာမျိုးမရှိတော့ဘူး🙅
3) လွတ်လပ်မှုရှိတယ်✔️
Freelancer Jobs တွေရဲ့ အဓိကအားသာချက်ကတော့ ဒါပါပဲ
ပုံမှန် ၉နာရီကနေ ၅နာရီအလုပ်လုပ်နေရတဲ့ လုပ်ငန်းခွင်ကလည်း ရုန်းထွက်နိုင်မယ်
Uniformတွေ ဝတ်စရာလည်း မလိုဘူး. တစ်ယောက်တည်း ကိုယ်အဆင်ပြေသလို သက်တောင့်သက်သာနဲ့ အေးအေးဆေးဆေး အလုပ်လုပ်နိုင်မယ်👌
4) Pay rate မြင့်တယ်📈
Freelance Jobတွေဟာ များသောအားဖြင့် အမြဲတမ်းအလုပ်တွေထက် Pay rate မြင့်လေ့ရှိပါတယ်. ကိုယ်ဘယ်လောက် ဝင်ငွေရလဲဆိုတာက ကိုယ်အလုပ်လုပ်တဲ့ပေါ်မှာပဲ မူတည်ပါတယ်. အလုပ်လုပ်လေ ဝင်ငွေပိုရလေပေါ့👀
ဘယ်အလုပ်မဆို ကောင်းကျိူးရှိသလို အခက်အခဲတွေ ဆိုတာလဲရှိပြီးသားပါ
အခု Freelance Jobရဲ့ဆိုးကျိုးတွေကို ကြည့်လိုက်ကြရအောင် ...
1) ဝန်ထမ်းတွေရရှိနိုင်တဲ့ အကျိုးခံစားခွင့်တွေမရဘူး😥
Freelancer ဆိုတာ များသောအားဖြင့် ဘယ်ကုမ္ပဏီအဖွဲ့အစည်းအောက်မှာမှ မရှိတာကြောင့် သူတို့ပေးတဲ့ ခံစားခွင့်အကျိုးတွေကိုလည်း ရရှိမှာမဟုတ်ပါဘူး
ဥပမာ-နှစ်ကုန်ဆုကြေးလိုမျိုး ၊ ကုမ္ပဏီပိတ်ရက်ရှည်လိုမျိုး ဒါ့အပြင် အလုပ်အာမခံချက်လိုဟာမျိုးပေါ့💁
2) အမြဲတစေ အလုပ်ရနေမယ်လို့ အာမခံချက်မရှိဘူး💢
Freelancer တစ်ယောက်အတွက် မကောင်းတဲ့အချက်တွေထဲက တစ်ခုပါ
အလုပ်ပုံမှန်မရတာ project တစ်ခုပြီးသွားပေမဲ့ နောက်အလုပ်တစ်ခုရှာမရတာမျိူး အလုပ်ရှာရခက်တာမျိူးပေါ့😞
3) တာဝန်ယူရတာ များတယ်🤯
Freelancer တစ်ယောက်ဟာ businessတစ်ခုကို ကိုယ်တိုင် runနေရသလိုပါပဲ
ဒီအလုပ်တိုးတက်လာဖို့လည်း ကြိုးစားရတယ်. Clientတွေရှာရတယ်. ကိုယ့်အလုပ်ကို တစ်ယောက်တည်း စီမံခန့်ခွဲရတယ် ဆုံးဖြတ်ချက်တွေချရတယ် ပြဿနာတွေ ဖြေရှင်းရတယ် ပြောရရင်တော့ ဒီ businessကြီးတစ်ခုလုံးရဲ့ process တစ်ခုလုံးကို ကိုယ်ကပဲ စီမံခန့်ခွဲနေရတာမျိုးပေါ့
4) ငွေပေးချေတာနဲ့ ပတ်သက်ပြီး စိုးရိမ်ရတယ်
တခါတလေ ကိုယ်ကသာ project တစ်ခုလုံးပြီးသွားမယ် အလုပ်အပ်တဲ့သူက ငွေမချေရသေးတာမျိုးရှိတတ်ပါတယ်. အဲ့လိုအချိန်ကျ ကိုယ့်ရဲ့ Income flowတွေပါ ထိခိုက်နိုင်တာမျိုး stress များတာမျိူးတွေပါ ဖြစ်တတ်ပါတယ်😔
ဒီတစ်ခေါက်ကတော့ Freelance Job တွေရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို ဖော်ပြပေးခဲ့တာပဲဖြစ်ပါတယ်. ကိုယ်တိုင်လည်း မှန်ကန်တဲ့ Career path ကို ရွေးချယ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်💯
အဆုံးထိဖတ်ပေးခဲ့တဲ့ သူတွေအားလုံးကို ကျေးဇူးတင်ပါတယ်🙆
Written By
Moe Myint Thida

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱