Self-Esteem ဆိုတာဘာကိုဆိုလိုတာလဲ? 🤔

Welcome back! Beatrixကနေမှပြန်လည်ကြိုဆိုပါတယ်❤️

ဒီနေ့မှာတော့ Self-Esteemအကြောင်းကိုပြောပြပေးချင်ပါ
တယ်🤩
✏️Self-Esteemဆိုတာက…
မိမိကိုယ်မိမိတန်ဖိုးထားခြင်း ပဲဖြစ်ပါတယ်၊ မိမိရဲ့ ပုံပန်းသဏ္ဌာန်၊ ယုံကြည်မှု၊ စိတ်ခံစားချက်၊ အပြုအမူတွေပေါ်မှာ မိမိကိုယ်မိမိ ဘယ်လောက်လက်ခံနိုင်လဲ၊ မိမိကိုယ်မှာရှိတဲ့ ဖြစ်တည်မှုတိုင်းကို ဘယ်လောက်တန်ဖိုးထား ကြိုက်နှစ်
သက်လည်းကို ဆိုလိုတာပဲဖြစ်ပါတယ်💯
✏️Self-Esteemဘယ်နှစ်မျိုးရှိလဲ…
1.High Self-Esteem ခေါ် Healthy Self-Esteem နဲ့
2.Low Self-Esteem ခေါ် Poor Self-Esteem ဆိုပြီး နှစ်မျိုး
ရှိပါတယ်✌️
Self-Esteemကဘယ်အချက်တွေပေါ်မှာ မူတည်ပြီး အဲ့လိုနှစ်မျိုးကွဲနေရတာလဲ ဆိုတော့…
✔️သင့်ရဲ့ အတွေးအခေါ်၊ အသက်အပိုင်းအခြား၊ တစ်ခြားသော ရောဂါတွေဖြစ်စေ၊ စိတ်ခံစားမှုပေါ်မှာဖြစ်စေ ကိုယ့်ခံယူချက်ပေါ်မှာလိုက်ပြီး high နဲ့ low ဆိုပြီးနှစ်မျိုးကွဲပါတယ်
✔️ဒါ့အပြင် မိဘဆွေမျိုး မျိုးရိုးကြောင့်သော်လည်းကောင်း၊ မိမိကြုံတွေ့ရတဲ့ အတွေ့ကြုံတွေကြောင့်သော်လည်းကောင်းဖြစ်နိုင်ပါတယ်
✔️ဥပမာ မိဘဆွေမျိုးအသိုင်းအဝိုင်း၊ သူငယ်ချင်းတွေဆီက ဝေဖန်ခံရတဲ့သူတွေ၊ မကောင်းတဲ့ အပြောအဆိုအပြုအမူခံခဲ့ကြရတဲ့သူတွေဟာ low self-esteem သမားတွေ ဖြစ်တတ်ကြပါတယ်၊ တစ်နည်းပြောရရင်တော့ကိုယ့်ကိုယ်ကို
အကောင်းမမြင်တတ်တော့ဘဲ ယုံကြည်မှုတွေပျောက်ဆုံးနေတဲ့သူတွေ ဖြစ်တတ်ကြပါတယ်‼️
✏️နောက်တစ်ချက်အနေနဲ့ မိမိမှာရှိတဲ့ Self-Esteem က ဘာလို့အရေးကြီးလဲဆိုတာ ကြည့်လိုက်ကြရအောင်…
✔️Self-Esteemကအောင်မြင်မှုနဲ့ ဆုံးရှုံးမှု နှစ်ခုကြားမှာရှိတဲ့ အကြီးမားဆုံးဆက်သွယ်ချက်တစ်ခုပဲဖြစ်တယ်
✔️ဘာလို့လဲဆိုတော့ သင့်မှာသာ low self-esteemရှိတယ်
ဆိုရင်သင်လုပ်သမျှအပေါ်မှာ မကောင်းမြင်နေလိမ့်မယ်၊ အဲ့ဒါကသင့်ကိုမတိုးတက်စေ နိုင်ပါဘူး
✔️low self-esteem ရှိတဲ့သူတွေဟာ ကိုယ့်ရဲ့ လုပ်နိုင်စွမ်းပေါ်
မှာ ယုံကြည်မှုမရှိတတ်ကြတာမို့ ဆုံးရှုံးမှုပိုများပါတယ် high self-esteem သမားတွေကျတော့ ဖြစ်လာတဲ့ကိစ္စတွေပေါ်မှာ အကောင်းဘက်ကတွေးပြီး လက်တွေ့ကျကျလုပ်ကိုင်တတ်ကြတဲ့သူတွေဖြစ်လို့ မိမိရဲ့ရည်မှန်းချက်တွေဆီကို
မြန်မြန်ရောက်ကြပါတယ်
✏️သင်က high Self-Esteemသမားလား low Self-Esteem သမားလား ဆိုတာ အောက်ကအချက်တွေနဲ့ ချိန်ကိုက်ကြည့်လိုက်ရအောင်…
✔️High Self-Esteemရှိတဲ့သူတွေဟာ များသောအားဖြင့်
1️⃣ကိုယ်တစ်ကယ်လိုချင်တဲ့အရာ၊ကိုယ့်ရဲ့အတွေးတွေကို ပွင့်ပွင့်လင်းလင်းပဲ ဖော်ပြတတ်ပြီးတော့ ကိုယ်တစ်ကယ်မလုပ်ချင်တဲ့အရာဆိုလည်း ငြင်းလိုက်ရမှာကို မကြောက်ကြပါဘူး
2️⃣မိမိလုပ်ခဲ့တဲ့ နောင်တရစရာအဖြစ်အပျက်တွေ၊ အရှက်ရရစရာ အတိတ်က အဖြစ်အပျက်တွေ ပြန်တွေးနေလေ့မရှိဘဲ ပိုကောင်းအောင်သာ ကြိုးစားလေ့ရှိပါတယ်
3️⃣မိမိရဲ့ ကောင်းကွက် ဆိုးကွက်တွေကိုလည်းသိမြင်ရုံသာမက မိမိရဲ့လုပ်နိုင်စွမ်းပေါ်မှာ အပြည့်အဝယုံကြည်မှု ရှိကြတဲ့သူတွေပဲဖြစ်ပါတယ်
4️⃣ကြုံတွေ့ရတဲ့အခက်အခဲတွေကြားမှာ နှစ်မြုပ်မနေဘဲ အကောင်းနဲ့အဆိုး ခွဲခြားပြီးတော့ လောကရဲ့ သဘောတရားကို လက်ခံနိုင်စွမ်းလည်းရှိကြပါတယ်
5️⃣နောက်ဆုံးတစ်ချက်ကတော့ မိမိကိုယ်မိမိ ပြန်မဝေဖန်ဘဲကိုယ့်ရဲ့ပုံပန်းသွင်ပြင်၊ အပြုအမှုတွေကိုအရှိအတိုင်းလက်ခံနိုင်ကြတာပဲ ဖြစ်ပါတယ်🥳
✔️သင့်မှာ အောက်မှာဖော်ပြထားတဲ့ ခံစားချက်တွေ၊ အတွေ့
အကြုံတွေရှိရင်တော့ low Self-Esteem ရှိလို့ပဲဖြစ်ပါတယ်…
1️⃣တစ်ခုခုလုပ်မယ်ကြံတိုင်း တစ်ခြားသူတွေကသင့်ထက်ပိုတော်နေတယ်လို့ အမြဲယုံကြည်နေတယ်
2️⃣ကိုယ့်ရဲ့ အားနည်းချက်တွေကိုအမြဲ အာရုံစိုက်မိနေတယ်
3️⃣ရှက်ရွံ့မှု၊စိတ်အားငယ်ခြင်း၊စိုးရိမ်ပူပန်မှုတွေကို ခဏခဏခံစားနေရပြီးတော့ မအောင်မမြင်ဖြစ်သွားမှာ၊ ကျရှုံးမှာကိုအရမ်းကြောက်လေ့ရှိကြပါတယ်
4️⃣ဖြစ်လာသမျှ အကြောင်းကိုလည်း အကောင်းဘက်ကနေ
မတွေးနိုင်တဲ့အပြင် ကိုယ့်ကိုယ်ကို အားမလိုအားမရ ဖြစ်တတ်ကြပါတယ်
5️⃣နောက်ဆုံးတစ်ချက်ကတော့ မိမိကိုယ်မိမိ ယုံကြည်မှု ပျောက်ဆုံးနေခြင်းပဲ ဖြစ်ပါတယ်‼️
ဒါပေမဲ့ မိမိမှာရှိတဲ့ Self-Esteemကို တိုးတက်အောင် ကိုယ့်ဘာကိုယ် ကြိုးစားလို့ရပါတယ်၊ Self-Esteemတိုးတက်စေမယ့် နည်းလမ်းကောင်းလေးတွေကတော့…
🌟မိမိကို တစ်ခြားသူတွေက တော်တယ်လို့ ချီးအဖူးတဲ့ မိမိရဲ့အားသာချက်တွေ၊ လုပ်ဆောင်ချက်တွေကိုပြန်စဉ်းစားကြည့်ပါ၊ ဒါက မိမိကိုယ်မိမိ အကောင်းမြင်လာစေတဲ့နေရာမှာ အထောက်အကူပြုပါလိမ့်မယ်၊ ဒါပေမဲ့ မိမိကိုယ်မိမိယုံကြည်မှု လွန်ကဲတာမျိုး ဖြစ်မသွားဖို့တော့လိုပါတယ်
🌟မကောင်းတဲ့အတွေးတွေ၊မိမိကိုယ်မိမိ အပြစ်တင်ဝေဖန်နေတာတွေကို ရပ်ဖို့ကြိုးစားကြည့်ပါ
🌟သင့်မှာ သူများနဲ့မတူတဲ့ ကိုယ်ပိုင်အရည်အချင်းတွေ
ဘာရှိလဲဆိုတာကို သိအောင်လုပ်ပါ
🌟ကိုယ့်ကိုယ်ကို အဆိုးမြင်နေတာတွေကနေ ရပ်ဖို့ မနက်ထိုးထလာတိုင်း “ဒီနေ့က တစ်ကယ်ကိုမင်္ဂလာရှိတဲ့နေ့တစ်နေ့ပဲ၊ ငါလုပ်နိုင်တဲ့အရာတွေအများရှိတယ်၊ငါဒါကို လုပ်နိုင်တယ်” စသဖြင့် မှန်ထဲမှာ ကိုယ့်ကိုယ်ကို ပြောကြည့်ပြီးအားပေးပါ
🌟တစ်ခါတစ်ရံမှာလူတိုင်းက မိမိကိုယ်မိမိစိတ်ပျက်အားငယ်မိတာ၊ အဆင်မပြေဘူးလို့ ခံစားရတာတွေတော့ ရှိတတ်ကြတာပုံမှန်ပါပဲ၊ ဒါမှလည်း လူ့သဘာဝဖြစ်မှာလေနော်၊ အဲ့လိုဖြစ်တဲ့အခါတိုင်း အရမ်းကြီးလိုက်မခံစားပဲ ဒါကခဏတာပါဆိုပြီး တွေးကြည့်ပါ🤗
အဲ့အချက်လေးတွေကို ကြိုးစားကြည့်မယ်ဆိုရင် မိမိကိုယ်မိမိ နားလည်လက်ခံလာနိုင်ပြီး တန်ဖိုးထားတတ်လာမှာပဲ ဖြစ်ပါတယ်၊
တစ်နည်းပြောရရင်တော့ Self-Esteem တိုးတက်လာမှာပဲဖြစ်ပါတယ်ရှင်🙆‍♀️
ကဲ ဒါဆိုရင်တော့ Self-Esteemအကြောင်းလည်း သိသွားလောက်ကြပြီလို့ မျှော်လင့်ပါတယ်၊ အားလုံလည်း healthy Self-Esteem ဖြစ်အောင်လို့ကြိုးစားရင်း အောင်မြင်မှုတွေပိုင်ဆိုင်နိုင်ကြပါစေ
ဒီနေ့တော့ ဒီလောက်နဲဲ့ပဲ Beatrix ကနှုတ်ဆက်လိုက်ပါတယ်❤️
Written by
TTZ
Image may contain: text that says "BEATRIX "What is Self-Esteem?""

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱