The Prisoner's Dilemma (Game Theory ) ဆိုတာ ဘာလဲ .. ⁉️
ဒီ theoryက အကြောင်းအရာထက် ဥပမာနဲ့ရှင်းပြတာက ပိုပြီးအဆင်ပြေနားလည်လွယ်မယ် ယူဆတာကြောင့် မြင်လွယ်မဲ့ ဥပမာနဲ့ ရှင်းပြသွားပါမယ်
ဒီ Prisoner's dilemma ဆိုတဲ့ သီအိုရီတွေ ဖော်မြူလာတွေကို အမေရိကန် သင်္ချာပညာရှင် Albert W.Tucker က စတင်ဖော်ထုတ်ခဲ့တာပါ
အခုဥပမာလေးတစ်ခုကို ကြည့်လိုက်ရအောင် .. 
တစ်နေ့မှာ A နဲ့ B က ဘဏ်ကို ဓါးပြတိုက်မှုနဲ့ အဖမ်းခံရတယ်ပဲ ဆိုကြပါစို့
ဒါပေမဲ့ သက်သေကလည်း အလုံအလောက်မရှိတော့ သူတို့ဝန်ခံမှပဲ ပြစ်ဒဏ်ကြီးကြီးပေးလို့ရမယ်။ သူတို့၂ယောက် တူတူကျူးလွန်တာမှန်ပေမဲ့ စစ်မေးတဲ့အခါ တစ်ခန်းစီခွဲပြီး စစ်ဆေးမေးမြန်းတာပေါ့
အဲ့အချိန်မှာ အရာရှိတွေကလည်း ဝန်ခံဖို့ဖိအားပေးကြတယ်။ သူတို့၂ယောက်က သူတို့ ပါတနာရဲ့ ဆုံးဖြတ်ချက်ကိုလည်း မသိရတော့ ဝန်ခံသင့်မခံသင့် ဆုံးဖြတ်ရခက်နေကြတယ် 
ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်ပြီး ဖြစ်လာမဲ့ အကျိုးဆက်တွေကလည်းရှိသေးတယ်
တကယ့်တော့ ဒီ PD theory ကရိုးရှင်းပါတယ်။
A က B ဘယ်လိုဆုံးဖြတ်မယ်ဆိုတာ သေချာမသိဘူး သို့ပေမဲ့ B က ဝန်ခံလိုက်မဲ့အရေးကို မှန်းဆပြီး သူ့အတွက်အကောင်းဆုံးဖြစ်တဲ့ ဝန်ခံတာကိုရွေးမယ် 
ဘာလို့ဆို တကယ်လို့ သူက နှုတ်ဆိတ်နေပြီး B က ဝန်ခံသွားသည်ရှိသော် နှစ်၂၀ကျခံရမှာလေ။ ဒါကြောင့် သူက နှစ်၂၀ ကျခံရမှာထက် ၅နှစ်ကိုရွေးလိုက်တယ်
Bကဖွင့်မပြောဘဲ နှုတ်ဆိတ်နေခဲ့သည်ရှိသော် သူက တစ်နှစ်မှကျမခံရဘဲ လွတ်သွားမယ်
B ကလည်း Aနည်းတူ အတွေးနဲ့ပဲ ဝန်ခံတဲ့လမ်းကိုရွေးလိုက်တယ်။ အဲ့တော့ သူတို့ ၂ယောက်လုံး ထောင်၅နှစ်စီဘဲကျမယ်။
ဒါပေမဲ့ သူတို့၂ယောက်လုံးသာ ကိုယ်ကျိုးပဲမကြည့်ပဲ နှုတ်ဆိတ်နေခဲ့မယ်ဆို ၁နှစ်စီပဲ ထောင်ကျမယ်။ ဒီ PD theory ရဲ့အဓိကအချက်က အဲ့ဒါပါပဲ
အဖြစ်အပျက်မှာ ပါဝင်တဲ့သူတိုင်းဟာ တစ်ကိုယ်ကောင်းမဆန်ပဲ အချင်းချင်းပူးပေါင်းခဲ့မယ်ဆို အကောင်းဆုံးရလဒ်ရမှာကို ဆိုလိုတာပဲဖြစ်တယ်
PD theoryနဲ့ ပတ်သက်ပြီး လက်တွေ့လောကက ဥပမာတချို့နဲ့လည်း ဖော်ပြလို့ရပါသေးတယ်
စျေးဆိုင်ပိုင်ရှင် ၂ယောက်က အပြိုင်အဆိုင်ရောင်းရင်းနဲ့ စျေးနှုန်းသတ်မှတ်တဲ့နေရာမှာ prisoner's dilemma အကျပ်အတည်းထဲ ကျရောက်သွားတယ်ဆိုပါစို့
အဲ့အချိန်မှာ သူတို့ဘယ်လိုတွေးမိကြလဲဆိုတော့ ပြိုင်ဘက်ထက် စျေးလျှော့ရောင်းရင် ဝယ်သူတွေကို ပိုဆွဲဆောင်နိုင်မယ် အမြတ်ပိုရမယ် ပြိုင်ဘက်ဆီမှာ ဝယ်သူနည်းသွားမယ်ပေါ့
အဲ့မှာ သူတို့၂ယောက်ဟာ အပြိုင်အဆိုင်စျေးတွေချရောင်းကြတော့ နောက်ဆုံး ဝယ်သူအရေအတွက်လည်း တိုးမလာဘူး။ နောက်ဆုံးအမြတ်တောင်နည်းသွားတဲ့အဖြစ်မျိုးရောက်သွားတယ် 
အဲ့လိုလုပ်မဲ့ အစား သူတို့ ၂ယောက် ပူးပေါင်းခဲ့ရင်ရော တစ်နည်းအားဖြင့် တစ်ကိုယ်ကောင်းဆန်တာမျိုး မလုပ်ခဲ့ရင်ရော ဘယ်လိုရလဒ်ထွက်လာမလဲ ... 
ဥပမာ သူတို့၂ယောက်က ၁၀ရက်ကြာ စျေးပွဲတော်တစ်ခုမှာ ခင်းကျင်းပြီးရောင်းချကြတယ်။ ၂ယောက်လုံးကလည်း ပုံမှန်စျေးအတိုင်းရောင်းမယ်ဆိုတာ အချင်းချင်းသိနေကြတယ်။ တကယ်လို့ စျေးလျှော့လိုက်ပြီဆိုတာနဲ့ တခြားတစ်ယောက်ကလည်း နောက်နေ့မှာ ချက်ချင်းစျေးလိုက်လျှော့မှာ အသေအချာဘဲ။ အဲ့လိုဆို ဒီပြဿနာဟာ ဘယ်တော့မှ ပြီးမှာမဟုတ်ပါဘူး
အပေါ်မှာ ပြောထားတဲ့ Prisoner's dilemmaမှာ အဖြစ်အပျက်တွေဟာ တစ်ခါပဲဖြစ်မယ် 
ဥပမာ ဓါးပြ၂ယောက် စစ်မေးတဲ့အခါ တစ်ခါပဲစစ်မေးခံရမယ် ထောင်ထဲဝင်လိုက်ထွက်လိုက်လုပ်လို့မရဘူး သူတို့မှာ ဒီတစ်ခါပဲ ဆုံးဖြတ်ပိုင်ခွင့်ရှိမယ်
အခုထပ်ပြောမယ့် Iterated Prisoner's Dilemma ကျတော့ game တစ်ခုကို အကြိမ်ကြိမ်အခါခါ ကစားရသလိုပဲ
ဥပမာ တကယ့်လက်တွေ့လောကက စီးပွားရေးလုပ်ငန်းတွေ လူတွေနဲ့ပြောဆိုဆက်ဆံရသလိုပါဘဲ။ အကြိမ်ကြိမ်အခါခါ တွေ့ကြုံရများလာတဲ့အခါ ပြိုင်ဘက်ရဲ့နည်းလမ်းတွေကိုပါသိလာမယ်။
သူနဲ့လိုက်ပြီး ကိုယ့်ရဲ့ နည်းလမ်းတွေကိုပါ ပြောင်းလဲချိန်ဆနိုင်မယ်။ သူ့မှာကျတော့ ပါဝင်တဲ့သူတွေဟာ ၂ယောက်ဖြစ်ချင်ဖြစ်မယ်
၂ယောက်ထက် ပိုချင်လဲပိုမယ်။ သူ့ရဲ့ strategy ကလည်း အပေါ်က PD နဲ့ အနည်းငယ်ကွဲပြားမယ်
ဒီတစ်ခေါက်အတွက်တော့ ဒီလောက်ပါပဲ
အဆုံးထိ ဖတ်ပေးတဲ့သူတွေလည်း ကျေးဇူးအများကြီးတင်ပါတယ်
Written By
Moe Myint Thida
Reference


Comments
Post a Comment