Tips For Choosing A Career
အားလုံးပဲ မင်္ဂလာပါ
Beatrix ရဲ့စာဖတ်သူတွေထဲမှာ လုပ်ငန်းခွင် မဝင်ရသေးတဲ့ လူငယ်တွေရှိလား
ဒါမှမဟုတ် အသက်မွေးဝမ်းကြောင်းလုပ်ငန်း(Career) မရွေးချယ်ရသေးတဲ့သူရော ရှိကြလား
အဲ့လိုရှိတယ်ဆိုရင်တော့ ဒီနေ့Beatrix က “သင့်အတွက် Careerမရွေးခင်မှာ ထည့်စဉ်းစားသင့်တဲ့ အချက်လေးတွေ” ကို ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်
ဒါဆို “Tips for choosing a career”(အသက်မွေးဝမ်းကြောင်း လုပ်ငန်း ရွေးချယ်မှုဆိုင်ရာ နည်းလမ်းများ)ကိုကြည့်လိုက်ကြရအောင်
1.Perform a self-assessment
careerရွေးချယ်မှု မှားယွင်းခဲ့လို့ ရေရှည်အလုပ်မှာ အဆင်မပြေတာတွေ၊ အလုပ်လုပ်ရတာ မပျော်တော့တာတွေဖြစ်လာကြတဲ့သူတွေကို တွေ့ဖူးကြပါလိမ့်မယ်၊ အဲ့ဒါကြောင့် မိမိဘာအလုပ်လုပ်ကိုင်မလဲဆိုတာ သေချာချင့်ချိန်စဉ်းစားပြီးမှ လုပ်ကိုင်သင့်ပါတယ်၊ career မရွေးခင်မှာစဉ်းစား
သင့်တဲ့ ပထမဆုံးအချက်ကတော့ “မိမိကိုယ်မိမိ ပြန်အကဲဖြတ်ကြည့်ဖိုပဲ” ဖြစ်ပါတယ်။
အဲ့လို အကဲဖြတ်တဲ့အခါမှာ စဉ်းစားရမယ့်အရာတွေကတော့…
မိမိရဲ့အားသာချက်တွေက ဘာတွေလဲ?
မိမိကလူတွေအများကြီးနဲ့အလုပ်လုပ်ရတာပျော်တဲ့သူလား?
တစ်ယောက်တည်းအလုပ်လုပ်ရတာကြိုက်တဲ့ သူလား?
မိမိ အမှန်တစ်ကယ် စိတ်ဝင်စားတာကဘာလဲ?
မိမိမှာ ကိုယ့်ပင်ကိုယ်အရည်အချင်းဘာရှိလဲ?
မိမိကျွမ်းကျွမ်းကျင်ကျင် လုပ်ကိုင်နိုင်တာကကော ဘာတွေလဲ? ..
စတဲ့ အချက်တွေစဉ်းစားပြီး မိမိနဲ့ သင့်တော်တဲ့ career ကို ရွေးချယ်သင့်ပါတယ်
2.Make a list of occupations to explore
ဒုတိယအနေနဲ့ မိမိရဲ့ careerကိုစဉ်းစားပြီးပြီဆိုရင် ၎င်းနဲ့ပတ်သက်တဲ့ အလုပ်အကိုင်တွေကို စူးစမ်းရှာဖွေကြည့်ပါ၊ပြီးတော့ listလုပ်ထားပါ
ဒါပြီးရင်တော့ သင်ကအလုပ်လုပ်တဲ့အခါမှာ…
သင် လုံးဝမလုပ်ချင်တဲ့အရာမျိုးကောရှိလား? ..
စသဖြင့် စဉ်းစားပြီးတော့ အပေါ်မှာလုပ်ထားတဲ့ list ထဲက မိမိနဲ့အကိုက်ဆုံး
ဖြစ်မယ့် အလုပ်အကိုင်ကို ရွေးချယ်သင့်ပါတယ်
အဲ့လိုရွေးပြီးသွားရင်တော့ အလုပ်အတွက် လိုအပ်မယ့်သင်တန်းတွေ တက်ထားတာဖြစ်ဖြစ်၊ အတွေ့အကြုံတွေစုထားတာ ဖြစ်ဖြစ် လုပ်ပြီး မိမိရဲ့CVကိုပြင်ဆင်ထားသင့်ပါတယ်
3. Work as an Intern
သင့် Careerအတွက် သင်ကအများကြီးစဉ်းစားထားတယ်ဆိုပေမဲ့ တစ်ကယ့်လက်တွေ့ကျတော့ သင်ထင်ထားသလို မဖြစ်တာလည်းရှိပါတယ်၊ အဲ့ဒါကြောင့် မိမိနဲ့ ကိုက်တဲ့ Career ဖြစ်ရဲ့လား ဆိုတာ သိဖို့ အကောင်းဆုံးနည်းလမ်းက အလုပ်သင်ဆင်း ခြင်းပဲဖြစ်ပါတယ်
အလုပ်သင်တစ်ယောက်အဖြစ် သင်ရွေးချယ်ထားတဲ့ အလုပ်မှာ လက်တွေ့လုပ်ခြင်းအားဖြင့် သင့်ရဲ့အလုပ်အကြောင်းကို ပိုသိလာမယ်၊ တစ်ကယ်လက်တွေ့ အလုပ်လုပ်တဲ့အခါမှာ ကြုံတွေ့ရမယ့် ပြသာနာတွေကိုလည်း ကြိုသိလာမယ်၊ နောက်ဆုံးအချက်ကတော့ သင့်ရဲ့ရွေးချယ်မှု မှန်ရဲ့လား
ဆိုတာကို အလုပ်သင်ဆင်းတဲ့ အတွေ့အကြုံကနေ သိနိုင်မှာပဲ ဖြစ်ပါတယ်
ရွေးချယ်မှု မမှန်ကန်ခဲ့ရင်လည်း နောက်အလုပ်တစ်ခု
ထပ်ကြိုးစားကြည့်ဖို့ အခွင့်အရေး ရလာမှာပဲဖြစ်ပါတယ်
4.Seek Advice from Others
နောက်တစ်ချက်ကတော့ သင့်ပတ်ဝန်းက အလုပ်လုပ်နေတဲ့
သူတွေရဲ့ အတွေ့အကြုံတွေ၊ အကြံဉာဏ်တွေ တောင်းကြည့်
ပါ၊ ပြီးရင် “ကိုယ်ဆိုရင်ကော”ဆိုတဲ့အတွေးနဲ့ ကိုယ့်ဘာကိုယ် စဉ်းစားချင့်ချိန်ကြည့်ပါ
အခုဆိုရင် online ကနေ အလွယ်တကူပဲ Career Test တွေ
လည်း ကိုယ့်ဘာကိုယ် စစ်ကြည့်လို့ရနေပြီဖြစ်တဲ့အတွက်
Career test စစ်ကြည့်လို့လည်းရပါတယ်၊ ဒါတင်မကသေးဘဲ အလုပ်အကိုင်အခွင့်အလမ်း ဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် (career counselors)တွေနဲ့လည်း ဆက်သွယ်ပြီး အကြံဉာဏ်ရယူနိုင်ပါတယ်
5. Continue growing and learning
နောက်ဆုံးတစ်ချက်ကတော့ အသက်မွေးဝမ်းကြောင်းအလုပ်အကိုင်အတည်တကျ မဖြစ်သေးတဲ့အချိန်မှာ ကိုယ်လက်ရှိလုပ်နေတဲ့ အလုပ်ကိုမရပ်ဘဲ ဆက်ကြိုးစားလုပ်ကိုင်နေပါ၊ ထပ်ပြီးသင်ယူစရာရှိတာတွေကိုလေ့လာသင်ယူနေပါ
သင်စိတ်ဝင်စားတဲ့အရာတွေနောက် လိုက်ကြည့်ပါ၊ အဲ့လိုစိတ်ဝင်စားတဲ့အရာတွေ လုပ်ရင်းလုပ်ရင်းကလည်း သင့်ရဲ့ careerရွေးချယ်မှုမှာ အထောက်အကူပြုပါလိမ့်
မယ်
ဒီအချက်လေးတွေက သင့်ရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်း (Career) ရွေးချယ်တဲ့နေရာမှာ အထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်
Reference တွေ အများကြီးထဲကမှ တစ်ကယ်အသုံးဝင်စေမယ့် အချက်လေးတွေပဲ
ထည့်ရေးထားတာဖြစ်လို့ အမှားတစ်စုံတစ်ရာပါခဲ့ရင် နားလည်ပေးစေလိုပါတယ်
အားလုံးလည်း ကိုယ်နဲ့အသင့်တော်ဆုံးဖြစ်မယ့် Career ကို ရွေးချယ်နိုင်ကြပါစေ 
Written by
TTZ

Comments
Post a Comment