လူငယ်တွေဘာလို့ Volunteer လုပ်သင့်လဲ ??

 

မင်္ဂလာပါ Beatrixကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်
ဒီတစ်ခေါက်မှာတော့ လူငယ်တွေဘာလို့ Volunteer လုပ်သင့်လဲ ဆိုတာ ပြောပြပေးသွားပါမယ်... 💁
လက်ရှိကာလမှာ လူငယ်တွေကြား အရမ်းတွင်ကျယ်လာတာကတော့ Volunteering ပါပဲ💯
၂၁ရာစုရောက်လာတာနဲ့အမျှ လူငယ်တွေဟာ အမြင်ကျယ်လာတယ် 💡
အတွေ့အကြုံကောင်းတွေ ဘယ်လိုရယူကြမလဲ အချိန်တွေကို ဘယ်လို တန်ဖိုးရှိရှိအသုံးချကြမယ်ဆိုတာ ရှာဖွေလာကြတယ်👀
ကျွန်တော်ကိုယ်တိုင်လဲ လက်ရှိတချို့သော အဖွဲ့အစည်းတွေမှာ Volunteer အဖြစ်လုပ်ကိုင်နေတဲ့ သူတစ်ယောက်နေနဲ့ လူငယ်တွေဘာကြောင့် Volunteerလုပ်သင့်လဲ ပြောပြပေးသွားချင်ပါတယ်❓
Volunteerလုပ်တာဟာ လုံးဝအဖိုးတန်တဲ့အချိန်တွေ အတွေ့အကြုံတွေကို ယူဆောင်လာပေးတယ်လို့ ပြောလည်းမမှားပါဘူး
1) Volunteering connects you to others👥
Volunteerလုပ်တာဟာ တကယ်ပဲ ကိုယ့်ရဲ့ Networkကို ပိုပြီးကျယ်ပြန့်လာစေပါတယ်. သူငယ်ချင်းမိတ်ဆွေအသစ်တွေ တွေ့ရတာကြောင့် ကိုယ့်ရဲ့ social skill ကိုပါ တိုးတက်စေမှာပါ. နယ်ပယ်အသစ်မှာ မိတ်ဆွေအသစ်တွေနဲ့ သိခွင့်ရတာဟာ တကယ်ကိုကောင်းတဲ့အရာတစ်ခုပါ
အဲ့လို မိတ်ဆွေအသစ်ထဲမှာမှ ကိုယ်နဲ့ဝါသနာ၊ အကြိုက်ချင်းတူတဲ့သူတွေ ပါလာခဲ့ရင် ပိုလို့တောင်ကောင်းပါသေးတယ်. ကိုယ်က သိတဲ့သူများတာထက် ကိုယ့်ကိုသိတဲ့များတာက ကိုယ့်ရဲ့ အနာဂတ် Career path မှာ အရမ်းကို အထောက်အကူပြုလာမယ့် ကိစ္စရပ်တစ်ခုဆိုလည်း မမှားပါဘူး📊
လူတွေဟာ များသောအားဖြင့် လူအသစ်တွေနဲ့တွေ့တဲ့အခါ ပြောဆိုဆက်ဆံရမှာ ရှက်တတ်ကြောက်တတ်ဖြစ်တတ်ကြပါတယ်. အဖွဲ့အစည်းနဲ့ အလုပ်လုပ်တဲ့အခါ ကိုယ့်ရဲ့ social skill ကိုပါ လေ့ကျင့်ပြီးသားဖြစ်တာမို့ တိုးတက်လာမှာတော့ မလွဲမသွေပါပဲ💁
2) Volunteering can advance your career 📈
Volunteer လုပ်တာဟာ ကိုယ့်ရဲ့ career fieldမှာ ပိုပြီးအတွေ့အကြုံတွေ ရစေမှာပါ. ကိုယ်စိတ်ဝင်စားတဲ့နယ်ပယ်က လူတွေနဲ့ပြောဆိုဆက်သွယ်တာကလည်း တကယ်ကို တန်ဖိုးရှိတဲ့အတွေ့အကြုံကောင်းတွေ ဖန်တီးပေးမှာပါ
တစ်ခြားသော အရေးကြီးတဲ့skillတွေဖြစ်တဲ့ teamwork, communication, problem-solving, project planning, task management, နဲ့ organizationလို skillတွေဟာလည်း လေ့လာသင့်ယူပြီးသားဖြစ်မှာပါ💻
ကိုယ့်မှာရှိတဲ့ skillတွေကိုလည်း အသုံးချတတ်လာမယ်
ကိုယ့်ရဲ့ အားနည်းချက် အားသာချက်တွေကို သိလာမယ်
ကိုယ့်ကိုယ်ကို တိုးတက်အောင် ဘယ်လိုလုပ်ရမလဲသိလာမယ်💯
3) Volunteering brings fun to your life🤩
Volunteer လုပ်တာဟာ တကယ်ပျော်စရာကောင်းပါတယ်
ကိုယ်စိတ်ဝင်စားတဲ့အရာ ကိုယ်စိတ်အားထက်သန်တဲ့အရာတွေကို လုပ်နေရတာဖြစ်တဲ့အတွက် စိတ်ပျော်ရွှင်ရတယ်✨
တီထွင်ဖန်တီးနိုင်စွမ်းတွေ မြင့်တက်လာမယ်. Volunteerလုပ်နေရင်း ကိုယ့်ရဲ့အလုပ်တစ်ခုပြီးမြောက်တိုင်း ဝမ်းသာပီတိခံစားရမယ်
ပိုမိုပျော်ရွှင်ဖို့ကောင်းပြီး အကျိုးရှိတဲ့Life-style ကို ဖန်တီးနိုင်လာမယ်💡
ဒီတစ်ခေါက်ကတော့ ဒီလောက်ပါပဲ
စာဖတ်သူတို့လည်း ဖြစ်နိုင်ရင်Volunteering များများလုပ်စေချင်ပါတယ်💯
အတွေ့အကြုံလည်းရ ပျော်စရာလည်းကောင်း ကိုယ့်ရဲ့skillတွေလည်း တိုးတက်လာမှာမလွဲမသွေပဲမို့ ကြိုးစားကြည့်ကြပါနော်🙆
အဆုံးထိဖတ်ပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်💗
Written By
Moe Myint Thida

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱