Why photo matter ?

 

ဓာတ်ပုံတွေက ဘာလို့ လူနေမှုဘဝမှာ အရေးပါတာလဲ ..?🧐

သင်ကကောအမှတ်တရတွေကို ဓာတ်ပုံရိုက်ပြီး သိမ်းထား
ရတာ ကြိုက်တဲ့သူတစ်ယောက်လား ... ?🧐
ဒါမှမဟုတ်ဘဲ ဓာတ်ပုံရိုက်နေခြင်းကြောင့် ကိုယ်တစ်ကယ်လက်တွေ့ ခံစားတွေ့ကြုံရမဲ့အရာတွေ လျော့နည်းသွားနိုင်တယ်လို့ ထင်သလား?🧐
ဒါပေမဲ့ ဓာတ်ပုံတွေက မိမိတို့အတွက် အရေးပါတယ်ဆိုတာတော့ ငြင်းလို့ရမယ်မထင်ပါဘူး🤗
ဘာလို့အဲ့လို အရေးပါတာလဲဆိုတာကို ဒီနေ့ Beatrix ကနေ ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်...
📸 1. ဓာတ်ပုံတစ်ပုံချင်းစီမှာ အမှတ်တရ တစ်ခုစီရှိကြပါတယ်။
ဒါကတော့ ကိုယ်ကိုယ်တိုင်လည်းဓာတ်ပုံရိုက်နေတဲ့သူဆို သိကြမှာပါ၊ ဓာတ်ပုံအဟောင်းတွေ ပြန်ကြည့်လိုက်ခြင်းဖြင့် အမှတ်တရတွေကိုပြန်သတိရစေတယ်၊ ကိုယ့်ငယ်ငယ်တုန်းကပုံတွေဆိုလည်း ကိုယ့်မှတ်ဉာဏ်ထဲမှာ မမှတ်မိရင်တောင် ဓာတ်ပုံတွေပြန်ကြည့်လိုက်ရုံနဲ့
“အော် ဒါငါငယ်ငယ်တုန်းကပါလား” စသဖြင့်ပြန်သိနိုင်တယ်ပေါ့။ ဒါတင်မကသေးဘဲ သူငယ်ချင်းတွေကို အကြောင်းအရာတစ်ခုခုပြောပြချင်တယ်ဆိုလည်း ဓာတ်ပုံ
ပြပြီးပြောပြတာက ဒီအတိုင်းရိုးရိုးပြောတာထက် ပိုထိရောက်ပါတယ်။ ကိုယ်မမှီလိုက်တဲ့ သမိုင်းကြောင်းတွေကိုလည်း ဓာတ်ပုံတွေကြည့်ပြီး ပြန်လေ့လာနိုင်ပါတယ်🙇🏻‍♀️
📸 2. ဓာတ်ပုံရိုက်ခြင်းကလည်း အနုပညာတစ်မျိုးပဲ ဖြစ်ပါတယ်။
ကင်မရာမန်းတွေက ဓာတ်ပုံကောင်းတစ်ပုံ ရဖို့ အလင်းအမှောင်ချိန်ရတာတွေ၊ ရှုထောင့်အမျိုးမျိုးကနေ လှည့်ရိုက်ရတာတွေ၊ ရိုက်ဖို့အချိန်ကောင်းတွေ
(ဥပမာ မနက်၊ညနေစသဖြင့်) ရွေးရတာလည်းရှိတဲ့အတွက် ပုံကောင်း
တစ်ပုံရဖို့ လွယ်ကူတာတော့မဟုတ်ပါဘူး။ ဒါကြောင့်ဓာတ်ပုံ
ရိုက်ခြင်းက သင့်ကိုတွေးတတ်၊မြင်တတ်၊ကြည့်တတ်လာအောင်ပြုလုပ်ပေးတဲ့အပြင် သင့်စိတ်ထဲမှာ ကိန်းအောင်းနေတဲ့ အနုပညာစိတ်ကိုလည်းပေါ်ပေါက်လာစေမှာပါ✨
📸 3.လူတွေအချင်းချင်းဆက်သွယ်မှုကြားမှာ ဓာတ်ပုံတွေက အဓိကသော့ချက်ပဲဖြစ်ပါတယ်။
ဥပမာ အရင်ခေတ် ဖုန်းတွေ မပေါ်ခင်တုန်းကဆို အဝေးရောက်နေတဲ့ မိဘတွေပဲဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်စာနဲ့ အဆက်အသွယ်လုပ်ကြတယ်၊ ဓာတ်ပုံလေးတွေ ထည့်ပေးကြတယ်၊ ဒီလိုနဲ့ပဲ အဝေးရောက်နေတဲ့တစ်ဖက်သူ
အဆင်ပြေမပြေသိကြတာမဟုတ်လား။
အခုဆိုလည်းဆိုရှယ်မီဒီယာပေါ်မှာ မိမ်တို့ဓာတ်ပုံတွေတင်ကြတယ်၊ သူငယ်ချင်းတင်ထားတဲ့ ဓာတ်ပုံတွေကြည့်ကြတယ်၊ ဒီလိုနဲ့ပဲမတွေ့တာကြာတာတောင် ခင်မင်ရင်းနှီးမှုတွေလျော့ မသွားအောင် ဓာတ်ပုံတွေကြောင့်ပဲ ဆက်ထိန်းထားနိုင်တာ မဟုတ်လား📲
📸 4. ဓာတ်ပုံတွေကြောင့် သဘာဝတရားကို ပိုချစ်တတ်လာစေတဲ့အပြင် ကမ္ဘာကြီးရဲ့အလှကို ပိုခံစားတတ်လာစေမှာပါ။
ကိုယ်က နေရာတစ်ခုကိုရောက်တဲ့အချိန်မှာ ရှုခင်းလေးလှလို့ ဓာတ်ပုံရိုက်လိုက်တယ်ဆိုပါစို့။ တစ်ခါတစ်ရံမှာ အဲ့ရှုခင်းက ကိုယ့်လက်တွေ့ မြင်နေရတာထက်ပိုပြီး ဓာတ်ပုံထဲမှာ ပိုလှနေတတ်ပါတယ်။ အဲ့အခါကျ ဓာတ်ပုံကြည့်ရင်း “ဒီနေရာက ဒီလောက်တောင်လှပါလား”ဆိုပြီး အဲ့ရှုခင်းရဲ့
အလှကို ပိုချစ်တတ်၊ခံစားတတ်စေမှာပဲ ဖြစ်ပါတယ်🏞
📸 5.နောက်ဆုံးအချက်ကတော့ ဓာတ်ပုံတွေမှာ အရမ်းထူးခြားတဲ့ စွမ်းအားတစ်ခုရှိပါတယ်။ အဲ့ဒါဘာလို့ထင်ပါသလဲ😉
💥ဓာတ်ပုံတွေရဲ့စွမ်းအားကတော့ လူတွေရဲ့ စိတ်ကို လှုံဆော်နိုင်တာပဲဖြစ်ပါတယ်
💥ကိုယ်တစ်ခါမှမရောက်ဖူးတဲ့နေရာတစ်ခု၊ဒါမှမဟုတ် ကိုယ်လုံးဝမသိတဲ့ နေရာတစ်ခုကို အဲ့နေရာကိုရိုက်ထားတဲ့ ဓာတ်ပုံကြောင့်ပဲ သွားလည်ချင်စိတ်တွေ ဖြစ်လာကြတယ်🚗
💥ဒီလိုပဲ စားစရာတစ်ခုခုဆိုလည်း ကိုယ့်သူငယ်ချင်းတွေ ဆိုရှယ်မီဒီယာမှာ တင်ထားတဲ့ဓာတ်ပုံကို ကြည့်ရင်းနဲ့တောင် ကိုယ်ကိုယ်တိုင် မြည်းကြည့်ချင်တဲ့စိတ်ဖြစ်လာစေတယ်🤤
💥နောက်ဆုံးတစ်ချက်ကတော့ မိမိ idolကို အပြင်မှာလုံးဝမတွေ့ဖူးဘဲနဲ့တောင် သူ့ရဲ့ဓာတ်ပုံတွေကြောင့် idol ဆိုပြီးဖြစ်လာတတ်ကြတာ မဟုတ်လား💯
ဒီအချက်တွေကတော့ ဓာတ်ပုံတွေရဲ့အရေးပါပုံကိုခြုံပြီး ပြောပြထားတာပဲဖြစ်ပါတယ်၊ တစ်ကယ်တမ်း လက်တွေ့မှာတော့ ဓာတ်ပုံတွေက သင့်အပေါ်မှာ အပေါ်ကပြောပြထားတဲ့အချက်တွေထက်ပိုပြီး သက်ရောက်ရင် သက်ရောက်နေပါလိမ့်မယ်🤗
အဲ့ဒါကြောင့်...
သင့်အတွက်ဓာတ်ပုံတွေက ဘယ်လိုအရေးပါလဲ⁉️
ဓာတ်ပုံရိုက်နေခြင်းကြောင့် ကိုယ်တစ်ကယ် လက်တွေ့ ခံစားတွေ့ကြုံရမဲ့အရာတွေ လျော့နည်းသွားနိုင်တယ်လို့ ထင်သလား⁉️
သင်ကကောဓာတ်ပုံရိုက်တာကြိုက်တဲ့သူတစ်ယောက်လား⁉️
ဘာလို့ဓာတ်ပုံရိုက်ရတာကြိုက်တာလဲ⁉️ စတဲ့မေးခွန်းတွေထဲကကြိုက်တာတစ်ခုခုနဲ့
Comment မှာ အမြင်ချင်းဖလှယ်သွားလို့ရပါတယ်👇
အားလုံးလည်း ဓာတ်ပုံတွေနဲ့အတူ ပိုမိုလှပတဲ့အမှတ်တရတွေဖန်တီးနိုင်ကြပါစေ❤️
Written by
TTZ
 Image may contain: 1 person, text that says "BEATRIX "WHY PHOTOS MATTER?""

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱