Work Environment and Productivity

 

Welcome back!!!
Beatrix ကနေမှပြန်လည်ကြိုဆို လိုက်ပါတယ်❤️
ဒီနေ့မှာတော့ Work Environment & Productivity အကြောင်းကို ပြောပြပေးသွားမှာပဲဖြစ်ပါတယ်🥳
📌Work Environment ဆိုတာကတော့ ကိုယ်အလုပ်လုပ်တဲ့ပတ်ဝန်းကျင်၊ ကိုယ့်လုပ်ဖော်ကိုင်ဖက်တွေရဲ့ စိတ်နေစိတ်ထား၊အလုပ်လုပ်တဲ့ နေရာဒေသ စတာတွေကို ရည်ညွှန်းတာဖြစ်ပြီးတော့
📌Productivity ကတော့အားလုံးလည်းသိကြတဲ့အတိုင်း ကိုယ်အလုပ်လုပ်တဲ့နှုန်း၊ တစ်နေ့တာအလုပ်ပြီးမြောက်တဲ့နှုန်း စတာတွေ ကိုဆိုလိုတာဖြစ်ပါတယ်
“ဒီနေ့တော့ ဘာမှဖြစ်ဖြစ်မြောက်မြောက် မလုပ်ဖြစ်ပါဘူးကွာ” အဲ့လိုပြောမဲ့အစား “ငါဒီနေ့တော့ productive မဖြစ်ဘူးကွာ” ဆိုပြီးပြောကြတာကိုလည်း ကြားဖူးကြမယ်
လို့ထင်ပါတယ်🙆‍♀️
ဒါဆိုရင် Work Environment က ကိုယ့်ရဲ့ Productivity အပေါ်မှာ ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာကို ဥပမာ(၂)ခုနဲ့ ကြည့်လိုက်ကြရအောင်🙌
ဥပမာ(၁)-“သင်က dinnerတစ်ခုသွားစရာရှိတယ်၊ နောက်နေ့ မနက်ကျရင်လည်း အရမ်းအရေးကြီးတဲ့ အလုပ်ကိစ္စတစ်ခုတွေ့ဖို့ ချိန်းထားတာရှိတယ် ပဲဆိုပါစို့”
Dinnerမသွားခင်တုန်းကတော့နက်ဖန်မနက်အစောကြီးထရမှာ အဲ့ဒါကြောင့် မသောက်ဘူးလို့တွေးထားပေမဲ့ Dinner ကျ ငယ်သူငယ်ချင်း၊အပေါင်းအသင်းတွေနဲ့ တွေ့ပြီး သောက်လိုက်မိတယ်၊ နောက်နေ့မနက်ကျ မထနိုင်ဖြစ်ပြီး ချိန်းထား
တာ နောက်ကျ သွားတာမျိုးရှိတယ်မလား။ ဒါဟာ ကိုယ့်ရဲ့ Environment က ကိုယ့်အပေါ်ဘယ်လို သက်ရောက်နိုင်လဲဆိုတာကို ရှင်းပြတဲ့သဘောပါ🤗
ဥပမာ(၂)- ဒုတိယ ဥပမာ အနေနဲ့ကတော့ “သင်က ဒီနေ့တော့ အလုပ်ကို သေချာလုပ်မယ်၊လန်းလန်းဆန်းဆန်း တက်တက်ကြွကြွလည်းဖြစ်နေပြီ ဆိုပါစို့”
ဒါပေမဲ့ အလုပ်ရောက်တဲ့အခါမှာ သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်ကြောင့်ပဲဖြစ်ဖြစ်၊ သင့်လက်အောက်မှာရှိတဲ့ ဝန်ထမ်းတွေကြောင့်ပဲဖြစ်ဖြစ် ပြသနာတစ်ခုခုဖြစ်သွားတယ်၊ စိတ်ရှုပ်စရာဖြစ်သွားတယ်ဆိုရင် သင်ကိုယ်တိုင်လည်း စိတ်အနှောင့်အယှက် ဖြစ်သွားတယ်ဆိုရင် နဂိုက လန်းဆန်းတက်ကြွစွာ လုပ်ကိုင်လိုတဲ့စိတ်တောင် ဘယ်ရောက်သွားလဲ သိမှာမဟုတ်ပါဘူး😅
ဒီအပေါ်က ဥပမာ(၂)ခုက Work Environment ကကိုယ့်ရဲ့
Productivity ကိုဘယ်လိုထိရောက်နိုင်လဲဆိုတာကို ရှင်းပြထားခြင်းသာဖြစ်ပါတယ်🙇🏻‍♀️
ဒါတင်မက သေးဘဲ အလုပ်လုပ်နေစဉ်အတွင်းမှာ ပတ်ဝန်းကျင်က ဆူညံတွေ၊ ကားသံတွေ ညံနေလို့ရှိရင်လည်း အလုပ်အပေါ် အာရုံစိုက်နိုင်မှုကို ကျဆင်းစေပြီး ဒီကြားထဲအလုပ်မှာ သေးသေးဖွဲဖွဲ အဆင်မပြေတာလေးတွေပါဖြစ်ခဲ့မယ်ဆို
ရင် သင့်ရဲ့အလုပ်လုပ်တဲ့နှုန်းကို လေးပင်စေမှာအမှန်ပါ‼️
ဒါဆိုရင် Productive ဖြစ်တဲ့Work Environment ဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ🧐
✔️ 1. သင်အလုပ်လုပ်တဲ့ ပတ်ဝန်းကျင်အခြေအနေကို ကောင်းစွာသိရှိနားလည်ပါ။
သင့်မှာ အလုပ်လုပ်ဖို့ ကိုယ်ပိုင်အခန်းမရှိဘူးဆိုရင် စာကြည့်တိုက်မှာဖြစ်ဖြစ် အလုပ်သွားလုပ်ရင်လုပ်ပါ။ ဒါမှမဟုတ် သင်အလုပ်လုပ်တဲ့နေရာက ဆူညံသံတွေကြားနေရတယ်ဆို မိမိဘာသာ မိမိ နားကြပ်လေးတပ်ပြီး ကိုယ့်
သီချင်းနဲ့ ကိုယ် နားထောင်ရင်း အလုပ်လုပ်တာ ပိုအာရုံစိုက်မိတယ်ဆို အဲ့လိုပြောင်းလုပ်ကြည့်ပါ။
အလုပ်လုပ်နေရာကလည်း ပူလွန်း၊ အေးလွန်းတဲ့ နေရာ မဖြစ်ဖို့အရေးကြီး
ပါသေးတယ်။ ဘာလို့လဲဆိုတော့ ပူလွန်းရင်လည်း နည်းနည်း
လောက်အလုပ်လုပ်လိုက်တာနဲ့ ပင်ပန်းလာနိုင်သလို အေးလွန်းရင်လည်း အိပ်ငိုက်ချင်စိတ်ဖြစ်စေတာမို့လို့ပဲ ဖြစ်ပါတယ်။
အဓိကကတော့ ကိုယ်နဲ့ သင့်တော်မယ့် work environment လေးလည်း ဖြစ်အောင်ကြိုးစားကြည့်မယ်၊ အလုပ်လုပ်တဲ့နေရာမှာလည်း အနှောင့်အယှက်မရှိဘူးဆို ကိုယ့်ရဲ့အလုပ်လုပ်နိုင်မှု Productivity ကအလိုလိုတက်လာမှာပဲဖြစ်ပါတယ်💯
✔️ 2.သင့်ရဲ့ အလုပ်လုပ်တဲ့ ပတ်ဝန်းကျင်က သင့်ရဲ့ Productivity အပေါ်မှာ သက်ရောက်မှုရှိတယ်ဆိုတာကို နားလည်ထားဖို့ လိုပါတယ်။
အဲ့လို နားလည်သိရှိထားမယ်ဆိုရင် အလုပ်လုပ်နေရင်းနဲ့ ကိုယ့်ရှေ့က စီနီယာ အကိုတွေ၊အမတွေဆီက အကြံဉာဏ်တွေ ယူမယ်၊ သင်နဲ့ ခံယူချက်ချင်း တူတဲ့သူတွေနဲ့ တွေ့ကြည့်မယ်၊ တိုးတက်ရာ တိုးတက်ကြောင်း ဆွေးနွေးကြည့်
ကြမယ်၊ သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အကြံဉာဏ်တွေမတူဘူးဆိုရင်လည်း နှစ်ဦးနှစ်ဖက် ညှိယူဖို့ ကြိုးစားရင်း သင့်ရဲ့ အလုပ်လုပ်တဲ့ ဝန်းကျင်နဲ့ ပျော်အောင်နေမယ်၊ မိတ်ဆုံစားပွဲတွေ၊ ညီလာခံတွေရှိလည်း တက်ဖြစ်အောင်
လုပ်မယ်။
အဲ့လိုဆိုရင် သင်အလုပ်လုပ်တဲ့ ဝန်းကျင်နဲ့ လည်းအဆင်ပြေ၊ ကိုယ့်ရဲ့ productivity လည်းတိုးတက်လာမှာ အမှန်ပါ💯
ဒါဆိုရင်တော့ Work Environment & Productivity အကြောင်းကို နားလည်သွားလောက်ကြပြီလို့ မျှော်လင့်ပါတယ်.
နောက်ရက်တွေမှာလည်း စိတ်ဝင်စားဖွယ် အကြောင်းအရာတွေနဲ့ အတူပြန်လာခဲ့ပါမယ်❤️
Written by
TTZ
 Image may contain: text that says "BEATRIX feNe 10 Work Environment Productivity"

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱