A Smile Goes A Long Way

 

အားလုံးပဲ မင်္ဂလာပါ ❤️
ဒီနေ့တော့ အရင်နေ့တွေနဲ့ မတူဘဲ ဗဟုသုတအများကြီး ရစေတဲ့ အကြောင်းအရာတွေထက် “ပြုံးပါ” ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ လူတွေရဲ့စိတ်ကို ပေါ့ပေါ့ပါးပါး ဖြစ်စေမယ့် အကြောင်းအရာလေးကို ရေးထားပါတယ်☺️
❗️“အပြင်သွားရင်း သင်နဲ့ လုံးဝမသိတဲ့သူက သင့်ကို ပြုံးပြသွားတာမျိုး ဖြစ်ဖူးပါသလား ... "
ဒါမှမဟုတ်
❗️“သင်နဲ့ မရင်းနှီးသေးတဲ့ သူတစ်ယောက်နဲ့ အရင်ဆုံး ဘယ်ကစ မိတ်ဆက်ရမလဲမသိတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် ပြုံးပြလိုက်ကြတာမျိုး ဖြစ်ဖူးပါသလား ... ”
အဲ့လိုတွေ ဖြစ်ဖူးတယ်ဆိုရင်တော့ ဒါကပုံမှန်ပါပဲ😅
ဒီလိုတွေကြောင့်လည်း “ပြုံးခြင်းက relationship တစ်ခုရဲ့ အစကောင်း တစ်ခု” လို့ပြောလို့ရပါတယ်။ ဒါတင်မကသေးဘဲ အနေဝေးသွားလို့ ခင်မင်မှုတွေ လျော့သွားတဲ့ ဆက်ဆံရေးတွေကိုလည်း အပြုံးလေးတစ်ခုက
ခင်မင်မှုကို ဆက်ထိန်းသိမ်းထားပေးအုံးမှာပဲ ဖြစ်ပါတယ် ..
ဒါကြောင့်မို့ “ပြုံးပါ”☺️
ပြုံးခြင်းက . . .
✅ သင့်ကို ဆွဲဆောင်မှု ပိုရှိစေပါတယ်
အမြဲဆူပုတ်နေတတ်တဲ့ သူနဲ့ ပြုံးပြုံးလေးနေတတ်တဲ့သူ နှစ်ယောက်ဆို လူတွေက ခင်စရာကောင်းမယ်လို့ထင်ရတဲ့ ပြုံးနေတတ်တဲ့သူနဲ့ ပေါင်းသင်းဆက်ဆံကြတာ ပိုများပါတယ်။ဒါတင်မကသေးဘဲ ပြုံးခြင်းက သင့်ကိုပိုပြီး ငယ်ရွယ်တဲ့ပုံပေါက်စေမှာပါ။
✅ စိတ်ဖိစီးမှုတွေကို လျော့ကျစေပါတယ်
သင်က တစ်ခုခုကို စိုးရိမ်ကြောင့်ကြနေတယ်ဆိုရင် အရင်ဆုံး ပြုံးကြည့်လိုက်ပါ၊ သင့်ပြသာနာအတွက် အကောင်းဆုံးအဖြေ မဟုတ်နိုင်ပေမဲ့ စိတ်ဖိစီးမှုတော့ အနည်းနဲ့အများ လျော့သွားစေမှာပါ။
✅လူတွေရဲ့ စိတ်နေစိတ်ထားကို မြှင့်တင်ပေးတယ်
လူတစ်ယောက်ပျော်နေတာလား စိတ်ညစ်နေတာလားဆိုတာ မျက်နှာကြည့်ရုံနဲ့ သိကြပါတယ်။ ကိုယ်က စိတ်ညစ်နေတဲ့ပုံ ဆိုရင် ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုပါ အနှောင့်အယှက် ဖြစ်စေပါတယ်၊ ဒါကြောင့် ဘာပဲဖြစ်နေ
ဖြစ်နေ ပြုံးပြုံးလေးနဲ့ အကောင်းဆုံးရင်ဆိုင်ကြည့်ပါ။
✅လူတစ်ဦးနဲ့ တစ်ဦးကို ကူးစက်စေတယ်
ဒီကူးစက်တယ်ဆိုတာက ဥပမာ- “လူတစ်ယောက် အားရပါးရ ပြုံးနေတာကို မြင်ပြီး အဲ့ပြုံးရတဲ့ အကြောင်းကိုတောင် မသိဘဲ လိုက်ပြုံးမိတာမျိုးပေါ့။”
✅ ကောင်းတဲ့အရာတွေကိုပဲ တွေးမိစေပါတယ်
ပြုံးနေရင်းကနေ စိတ်ညစ်စရာပေါ်လာတဲ့အခါ ဆက်ပြုံး နိုင်ဖို့ဆိုတာက မလွယ်ကူလှပါဘူး။ဒါကြောင့် အပြုံးဆိုတာက သင့်ဆီကို ကောင်းတဲ့အရာတွေကိုသာ ဆောင်ကျဉ်ပေးမယ့်အရာ လည်းဖြစ်ပါတယ်။
ဒီအချက်တွေကြောင့်မို့ “ပြုံးပါ”☺️
“A Smile Goes A Long Way” ☺️ လို့ ပြောရင်း Beatrixရဲ့စာဖတ်သူတွေလည်း အပြုံးပန်းဆင်နိုင်ကြပါစေ .. ❤️
Reference link -
httpsပ://www.verywellmind.com/top-reasons-to-smile-every-day-2223755
Written by
TTZ
 Image may contain: text that says "BEATRIX "A smile goes a long way""

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱