အလုပ်ခွင်အတွင်း အနိုင်ကျင့်မှု​တွေကို ဘယ်လိုတွန်းလှန်ကြမလဲ .. ?

 

Workplace bullying (အလုပ်ခွင်အတွင်း အနိုင်ကျင့်​စော်ကားနှိပ်စက်မှု)

ဒါ​တွေ ဘာ​ကြောင့်ရှိလာရတာလဲ ... ???🤷‍♀️
အ​ဖြေက ရှင်းပါတယ်။
လူသားချင်း ကိုယ်ချင်းစာစိတ် မရှိလို့​ပေါ့။😥
Workplace bullying အမျိုးအစား အများကြီး ရှိပါတယ်။
ဒါ​တွေကို စာဖတ်သူ​တွေလည်း သိကြမှာပါ။
ဒီ​တော့ Beatrix က​နေ စာဖတ်သူ​လေးတို့နဲ့ ဒီလိုနှိပ်စက်ခံရခြင်း​တွေ မရှိ​​တော့​အောင် ဘယ်လို တွန်းလှန်တိုက်ဖျက်ရမလဲ ဆိုတဲ့ အ​ကြောင်း​လေး​ဆွေး​နွေးကြရ​အောင်။🎉
No.1 👉Speak up Early on
ကိုယ့်ကို အလုပ်ခွင်အတွင်း အနိုင်ကျင့်​ စော်ကား လာပြီ ဆိုတာကို ရိပ်မိလာထဲက "ထားလိုက်ပါ​လေ"ဆိုပြီး ဥ​ပ​​က္ခေါ မပြုလိုက်ပါနဲ့။ လူ​တွေရဲ့
သ​ဘောသဘာဝက အနိုင်ကျင့် နှိပ်စက်လို့ ရမှန်းသိရင် ပိုပိုဆိုးလာစမြဲဘဲ မဟုတ်လား။
ဥပမာ-ကိုယ့်အဖွဲ့ထဲက လူတစ်​ယောက်က အလုပ်တာဝန်ကို ပြီးဆုံး​အောင် မလုပ်တာတို့၊ ကိုယ့်ထက် အရင်​စီနီယာကျသူမို့ အာဏာပြတာတို့ဆိုရင်
၁. သူတို့ရဲ့ ဂုဏ်သိက္ခါ အဆင့်အတန်း တန်ဖိုး​တွေကို ​ဖော်ပြ​ပြောဆိုပါ။ ဒီလို​ပြောခြင်းက သူတို့ဟာ ကိုယ့်ထက်မြင့်တယ်၊ ကိုယ့်ကို အနိုင်ကျင့်ရင် သူတို့ဂုဏ်သိက္ခါကျနိုင်တယ်လို့ ​တွေးမိလာပါလိမ့်မယ်. အ​မြှောက်ကြိုက်သူနဲ့​ တွေ့ရင်​တော့ အဆင်​ပြေပြီ​ပေါ့.😝
၂. ဘယ်အရာ​တွေက ပြဿနာ ဖြစ်​နေ​စေတယ်ဆိုတာ ရှင်းပြ​ ပြောဆိုပါ။
ဥပမာ-အလုပ်ခွင်မှာ လူတစ်​ယောက်က စားပွဲ​ပေါ် ​ခြေ​ထောက်တင်ထားတယ် ဆိုပါ​တော့. ဒီလိုမလုပ်သင့်​ကြောင်း ကိုယ်က​ပြောရမယ်တဲ့။
အဲ့လို​ပြောတဲ့အခါမှာလည်း ထက်ထက်မြက်မြက်နဲ့ သူစိတ်မဆိုးသွား​အောင် ဘယ်လို​ပြောရမလဲဆိုတာ စဥ်းစားရပါမယ်။
၃. သူတို့ရဲ့ နာမည်ကို အများဆုံး​ခေါ်ပြီး​ ပြောပါတဲ့။
ဒါက စိတ်ပညာနဲ့ဆိုင်မယ်ထင်တယ်.နာမည်​တွေကို တရင်းတနှီး​ခေါ်ရင် ရင်းနှီးသွားသလို ခံစားရတာမျိုး၊ အကယ်၍ အနိုင်ကျင့်တတ်တဲ့သူက သူ့နာမည်အများဆုံး အ​ခေါ်ခံ​နေရရင် သူလည်း
နာမည်ပျက်မှာ ​ကြောက်ပြီး ငြိမ်သွား​နိုင်​လောက်ပါတယ်။
ကိုယ့်ရဲ့ body language ကလည်း အ​ရေးကြီးပါတယ်၊၊ ကိုယ်က​ ကြောက်​တဲ့ပုံ၊ တုံးအ​နေတဲ့ပုံ လုပ်ပြ​နေရင်​တော့ bully လုပ်တတ်တဲ့သူ​တွေက
ကိုယ့်ကို ပစ်မှတ်တစ်ခုလို မြင်လာကြလိမ့်မယ်။
No.2 Try to have Good Colleagues & Friends in the workplace or outside.
အလုပ်ခွင်မှာ ကိုယ်ယုံကြည်ရတဲ့သူ ရှိတာက
အ​ကောင်းဆုံး​ပေါ့​လေ၊ ဒါ​ပေမယ့် ဒီလိုကိစ္စမျိုးဟာ လွယ်မှမလွယ်ဘဲ၊ ဒါ​ပေမယ့်လည်း စိတ်ထား​ကောင်းတဲ့လူတွေနဲ့ သူငယ်ချင်းဖြစ်​အောင် ရှာ​ပေါင်း​သင့်ပါတယ်။ အလုပ်ခွင်မှာ သူငယ်ချင်းမရှိရင်​တောင် ပြင်ပမှာ သူငယ်ချင်း​ကောင်း​တွေရှိ​အောင်ကြိုးစားပါ။ ဒီလိုမှသာ ကိုယ်ဟာ အထီး
မကျန်ဘဲ ကိုယ်က အမြဲ ပြဿနာဖန်တီးတတ်တဲ့သူ မဟုတ်ဘူး ဆိုတာကို သတိ​ပေး အား​ပေးတဲ့သူ​တွေရှိ​နေမှာ​လေ။ ကူကယ်ရာမဲ့​နေတယ်လို့ ခံစားရခြင်းနဲ့ ​နေရာတစ်ခုမှာ ကိုယ်ဟာအသုံးမကျတဲ့ သူတစ်​ယောက်လို့ ခံစားမိလာရရင် စိတ်ကျ​ရောဂါအပြင် ကိုယ့်ကိုကိုယ် သတ်​​သေသည် အထိ ဖြစ်သွားနိုင်ပါတယ်။😨
No.3 Take care of yourself outside work
အလုပ်ခွင်ပြင်ပမှာ ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့လည်း မ​မေ့ပါနဲ့​နော်။ Workplace Bullying ခံရသူ​တွေဟာ စိတ်ဖိစီးမှု​တွေ ရှိလာနိုင်တဲ့အပြင် ကိုယ့်ကိုကိုယ် ​ကျေနပ်နှစ်သိမ့်တတ်တဲ့ စိတ်ဓါတ်လေးလည်း ပျက်စီး သွားနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာ​ရော စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်လာနိုင်တာမို့၊ စိတ်ဖိစီးလာရင် သူငယ်ချင်း​တွေကို ရင်ဖွင့်ပါ။ ကိုယ့်ကိုကိုယ် ကျန်းမာ​အောင်​နေပြီး စိတ်ထွက်​ပေါက်​ပေးဖို့လည်း မ​မေ့ပါနဲ့။❤
No.4 Document the Abuse and Your Performance
ဖြစ်ရပ်တိုင်းကို မှတ်တမ်းတင်ပါ။ အလုပ်ခွင်အတွင်း အနိုင်ကျင့်နှိပ်စက်မှု​​တွေ ရှိလာတာက သက်​သေအ​ထောက်အထား​တွေ မရှိလို့ပါ။
တစ်ခုခုဖြစ်မလာခင် အရာအားလုံးကို ကြိုတင်ပြင်ဆင်ထားတာက အ​ကောင်းဆုံးဘဲမဟုတ်လား။ ဖြစ်ရပ်အားလုံးကို အ​သေးအမွှားကအစ အချိန်၊​နေ့ရက် တိတိကျကျ နှင့်စာအုပ်ထဲ မှတ်သားထားပါ။ အကယ်၍ အဲ့​နေရာမှာ မျက်​မြေသက်​သေရှိ​နေရင် သူတို့ကိုပါ မှတ်သားထားပါ။ ဒါမှသာ
ဥပ​ဒေအရ အ​ရေးယူဖို့ဆိုရင် ဒီလို သက်​သေ​တွေက အ​ထောက်အကူ ဖြစ်လာမှာပါ။📝📝
No.5 Talk to Your Manager (or Someone Else)
အကယ်၍ သင့်မန်​နေဂျာက သင့်အ​ပေါ်​ကောင်းတဲ့သူဆိုရင် ကိုယ်ခံစားကြုံ​တွေ့​နေရတာ​တွေကို ​သွယ်ဝိုက်နည်းနဲ့​ ပြောပြပါ။
ဥပမာ-ဒီလူက ကျွန်​​တော့်ကို ဘယ်လို​​တွေ အနိုင်ကျင့်​ စော်ကား​နေပါတယ်​ ပြောတာထက် ဒီအရာ​တွေက အခု ဖြစ်ပျက်​နေတာ​တွေပါဆရာ. ကျွန်​​တော် ဒီအလုပ် ၃ခုလုံးကို ကြိုးစားလုပ်ထား​ပေမယ့် အလုပ်မဖြစ်လို့ ဆရာ့ကိုတင်ပြဖို့ အကြံဉာဏ်ယူဖို့ ဒီရုံးကို​ရောက်လာတာပါ ဆရာလို့​ပြောရပါမယ်။😎
No.6 Talk to HR or Someone in Power
ဒီထက်ပိုဆိုးတဲ့ bullyလုပ်ခြင်းကို ခံစားလာရရင်​တော့ C အုပ်စု (eg.CEO,CFO)တို့ HRတို့နဲ့ စကား​မပြောခင် ဘယ်သူနဲ့ ပိုစကား​ပြော သင့်တယ်ဆိုတာ စဥ်းစားရမယ်။ ရာထူးအာဏာ ပိုရှိတယ်လို့ ထင်ရတဲ့သူ၊ ကိုယ်ချဥ်းကပ်လို့ ရနိုင်မယ့် သူကိုရှာပြီး ​ပြောပြဖို့လည်းလိုပါတယ်။
ဘာလို့ဆို HR​တွေထဲမှာ နှစ်မျိုးနှစ်စား ရှိတယ်တဲ့။ပထမတစ်မျိုးက ​လေးစားလိုက်နာမှုနဲ့ စည်းကမ်း​​တွေအ​ပေါ်ဘဲ ဦးတည်ချက်ထားပြီး ဒုတိယတစ်မျိုးက cultureနဲ့လူ​တွေအ​ပေါ် ဦးတည်ချက်ထားတတ်ကြပါတယ်။ ကိုယ်သွား​ပြောတဲ့ HR က ဒုတိယအမျိုးအစားဆိုရင်​တော့ မိတ်​ဆွေကို ကူညီ​ပေးဖို့ စည်းမျဥ်းစည်းကမ်း​တွေ​တောင် သူလိုအပ်နေမှာ မဟုတ်ပါဘူး။
​နောက်ပြီး ကိုယ်သွားမ​ပြောခင်မှာ ကိုယ်ကHR ဆီက​နေ ဘာလိုချင်တာလဲဆိုတာ သိရမယ်။ HR​တွေကို သိဘဲသိစေချင်တာလား။ သူတို့ဆီက အကူအညီကိုလိုချင်တာလား။ ကိုယ်က အလုပ်​ခွင်အတွင်း မှာဘဲ ဌာန​ပြောင်းချင်တာလား ဆိုတာ စဥ်းစားဆုံးဖြတ်ရပါမယ်။🤔
အကယ်၍ သင်လိုချင်တာ မရလို့ ​နောက်ဆုံးအ​ဖြေက အလုပ်ထွက်​တော့မယ် ဆိုရင်​တောင် အဆင်​ပြေပါတယ်။ လစာထက် သင့်ရဲ့ဂုဏ်သိက္ခါ၊​ လေးစားမှု ၊ စိတ်ကျန်းမာ​ရေး က ပိုအ​ရေးကြီးပါတယ်။❤😌
​နောက်ပြီး အကြံ​ပေးချင်တာ တစ်ခုက အလုပ်သွားမ​လျှောက်ခင် အရင် research လုပ်ပါ။ ကိုယ်​လျှောက်မယ့် ကုမ္ပဏီမှာလုပ်တဲ့ ဝန်ထမ်း​တွေကို အလုပ်ခွင်အတွင်း သူတို့ရဲ့အ​ခြေအ​နေ​တွေ​မေးမြန်းပါ။
​နောက်ပြီး ကိုယ်က interview​​ ဖြေပြီးလို့ သူတို့ဘက်က ​"မေးစရာရှိလား"လို့ ​မေးရင် ​"မေးစရာမရှိ​တော့ပါဘူး" လို့ ​ဖြေပြီး ဘယ်​တော့မှ ပြန်မလာပါနဲ့။ 🙅‍♀️
ကိုယ်က သူတို့ကုမ္ပဏီကို စိတ်ဝင်စား​ကြောင်း ပြသဖို့​ မေးခွန်း​တွေ​ မေးဖို့ လိုသလို.ဒီလို​မေးခွန်း​တွေလည်းသူတို့ကိုပြန်​မေးပါ။
👉ဘယ် managerကို ကျွန်​တော် report တင်ရမလဲ။
👉Company cultureနဲ့ပတ်သတ်ပြီး strategic plan​တွေက ဘာ​တွေလဲ။
👉ဒီကုမ္ပဏီမှာရှိတဲ့ သူ​တွေကို ဘယ်လိုမျိုး စီမံခန့်ခွဲပါသလဲ။
👉ဒီအလုပ်ခွင်မှာ အလုပ်သမား​တွေဟာ ဘယ်လို​နေထိုင်ကြရလဲ။
👉အလုပ်သမား​တွေနဲ့ ပုံမှန်​ ပြောဆို ဆက်သွယ်ဖြစ်ပါသလား။
👉ဒီကုမ္ပဏီကို အကြံ​ပေးတဲ့သူ​တွေက ဘယ်သူ​တွေပါလဲ.. စသဖြင့်​ မေးကြည့်ပါ။
ကိုယ်က အလုပ်ရချင်တာ တစ်ခုဘဲ သိပြီး ကုမ္ပဏီရဲ့ အ​ခြေအ​နေ​တွေ အ​ကြောင်းမသိရင် workplace bullying​ တွေနဲ့ ကြုံရရင် အဆင်​
မ​ပြေပါဘူး​နော်။😥
သူ​ဌေးအ​ကြောင်းကို သိချင်ရင် ဝန်ထမ်း​တွေကိုကြည့်ပါတဲ့။ ဝန်ထမ်း​တွေက ​ပျော်​နေမယ်၊ တက်ကြွ​နေမယ်၊ အထက်က​ ဖော်ပြထားတဲ့​ မေးခွန်းကိုကိုယ်က​မေးတဲ့အခါဘဲဖြစ်ဖြစ်၊ သူ​ဌေးအ​ကြောင်း ​မေးတဲ့အခါဘဲ ဖြစ်ဖြစ် သူတို့က တက်တက်ကြွကြွ​ဖြေလာကြရင် ဒါဟာအ​ခြေအ​နေ​ကောင်းပါတယ်။
​မေးလိုက်လို့ "အာ..ဘယ်လို​ပြောရမလဲ..​ကောင်းပါတယ်.ဒီလိုပါဘဲ"ဆိုပြီး တိတိကျကျ မ​ဖြေနိုင်ရင်တော့ တာ့တာပြလိုက်ပါ​တော့။😗
အဓိကက ကိုယ့်ကို အနိုင်ကျင့်​စော်ကားခွင့် လုံးဝမပေးပါနဲ့🙅‍♀️၊ ဖြစ်ရပ်​တွေကို အ​သေးစိတ်မှတ်တမ်းတင်ထားပြီး workplace bullyingလုပ်ခံရလို့ အထက်လူကြီးကို​ ပြောပြ အစီရင်ခံတဲ့အခါ ​ဒေါသ​တွေမပါဘဲ ​ပြောနိုင်​အောင် ကြိုးစားပါ။အလုပ်သမား ဥပ​​ဒေ​တွေလည်း ရှိတာမို့ အထက်လူကြီး​တွေက ​ဖြေရှင်း​ပေး​ကောင်း​ပေးပါလိမ့်မယ်။
ဒီလို workplace bullying​တွေဘာလို့ဖြစ်လာတာလဲ ..? 🤔
ဘာ​ကြောင့်လဲဆို​တော့ အလုပ်ခွင်မှာ အနိုင်ကျင့်ခံရသူ​တွေဟာ ပြန်ခုခံ​ပြောဆိုဖို့ တွန့်ဆုတ်​နေတတ်ကြပြီး သူတို့ကသာလျှင် အမှား​တွေလုပ်မိထားတယ်လို့ မှတ်ယူပြီး ​ရေငုံနှုတ်ပိတ်​နေလိုက်ကြလို့ပါ။🤐
အကြံ​ပေးချင်ပါတယ်။ရုပ်ရှင်ထဲက မင်းသမီး​တွေလို အနိုင်ကျင့်သမျှ ခံတဲ့သူမလုပ်ကြပါနဲ့😥။ အလုပ်ခွင်မှာ အဲ့လိုနှိပ်စက်မှုမျိုး​တွေ မြင်​တွေ့ရပါကလည်း သူတို့အတွက် ဝိုင်းကူ​ပြော​ပေးပါ။ အစီရင်ခံ​​ပေးပါ။ မမြင်ချင်​ ယောင်​ဆောင်ပြီး ​ကျော်မသွားပါနဲ့။ ဥပ​ဒေအရ အကြံဉာဏ်​တွေရယူပါ။ မိမိက ရာထူးကြီးတဲ့သူဆိုရင် ပိုလို့​တောင် ကူညီ​ပေးသင့်ပါတယ်။😨
ကိုယ်က HR လုပ်မယ်ဆိုရင်လည်း မျှတပြီး ကုမ္ပဏီအကျိုးလုပ်သားအကျိုးကို ချိန်ညှိ​ပေးတတ်တဲ့ ကိုယ်ချင်းစာစိတ် အပြည့်အဝရှိတဲ့ HR ​တွေလုပ်ကြပါ။
ကျွန်မတို့​တွေ အားလုံးဟာ လူသား​တွေပါဘဲ။
ကုမ္ပဏီအတွက် လုပ်သား​​ကောင်းတွေက မရှိမဖြစ်လိုအပ်ပါတယ်။ ကုမ္ပဏီက ပိုက်ဆံ​ပေးခိုင်း ရတယ်ဆို​ပေမယ့် လုပ်သား​တွေကလည်း အလကား ပိုက်ဆံယူကြသူ​တွေ မဟုတ်ကြပါဘူး။ သူတို့ရဲ့ ခွန်အားကို​​ရောင်းကြသူ​​တွေပါ။
ဒါ​​​ကြောင့် မျှတပြီး မှန်ကန်တဲ့ အလုပ်ခွင်ကိုဖန်တီးပါ။ အချင်းချင်း ကူညီရိုင်းပင်းပါ။ အတင်း​ပြောတာ​တွေကို ​​ရှောင်ကြဥ်ပါ။ လုပ်သားအချင်းချင်း မမှန်ကန်တဲ့ သတင်းမှား​တွေ မဖြန့်​ဝေသင့်သလို သူ​ဌေးကိုလည်း သတင်းမှားတွေ မ​ပြောသင့်ပါဘူး။🙅‍♀️
ကိုယ်ချင်းစာစိတ် အပြည့်နဲ့ ရှင်သန်ပြီး အလုပ်ခွင်အတွင်း ညှင်းပန်း နှိပ်စက်မှုတွေကို တိုက်ထုတ်ကြပါစို့။
Workplace Bullying အန္တရာယ်မှ ကင်း​ဝေးကြပါ​စေ။🙏
Written by
 Image may contain: 4 people, text that says "အလုပ်ခွင် အတွင်း ညှင်းပန်း နိပ်စက်မှု တွေကို ဘယ်လို တွန်းလှန် ကြမလဲ"

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱