အလုပ်နဲ့ကိုယ်ပိုင်အချိန်ကို ဘယ်လိုစီမံခန့်ခွဲကြမလဲ ... ❓
မင်္ဂလာပါ Beatrixကနေပြန်လည်ကြိုဆိုလိုက်ပါတယ်.
ဒီတစ်ခေါက်မှာတော့ Work-life balance ညီအောင် အလုပ်ချိန်နဲ့ ကိုယ်ပိုင်အချိန်ညီမျှအောင် ဘယ်လိုစီမံခန့်ခွဲကြမလဲ ဆိုတာ ပြောပြပေးသွားမှာပဲဖြစ်ပါတယ် 
Work-life balance ကအရေးကြီးလား ... 
လုံးဝသေချာပေါက်ကို အရေးကြီးပါတယ်
ကျွန်တော်တို့တွေဟာ အောင်မြင်မှုတွေလိုချင်လို့ တွန်းပြီးကြိုးစားတဲ့အခါ တစ်ခါတစ်လေ အပြင်လောကနဲ့အဆက်အသွယ်ပြတ်သွားတာမျိူး ကိုယ့်ကိုယ်ကိုယ်ရော ကိုယ့်ဘေးနားကသူတွေကိုရောပါ အချိန်ပေးဖို့မေ့နေတတ်ကြပါတယ်
အလုပ်တွေချည်းပဲ လုပ်နေရာကနေ stressတွေများလာတာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်လာတဲ့အထိဖြစ်နိုင်ပါတယ်. ကိုယ်မကျန်းမာတဲ့အခါ စိတ်မလန်းဆန်းဖြစ်လာမယ် အလုပ်လုပ်နိုင်စွမ်းကလည်း အရင်ထက်ကျလာမယ်
အာရုံစိုက်နိုင်စွမ်းတွေပါ လျော့ကျလာပါလိမ့်မယ်.
ဒါကြောင့် work-life balance ဆိုတာ ကိုယ့်အတွက်သာမက ကိုယ့်ရဲ့ careerကိုပါ သက်ရောက်မှုရှိပါတယ်
ဟုတ်ပြီ ဒါဆို Work-life balance (အလုပ်ချိန်နဲ့ ကိုယ်ပိုင်အချိန်) ညီမျှအောင် ဘယ်လိုစီမံခန့်ခွဲလို့ရလဲ ဘယ်လိုစီမံခန့်ခွဲကြမလဲ ...
အောက်မှာ အချက်လေးတွေနဲ့ တစ်ချက်ချင်းစီရှင်းပြထားတာလေးတွေကို ကြည့်လိုက်ကြရအောင်ပါ
1) Accept that there is no 'perfect' work-life balance
Work-life balance လို့ ဆိုလိုက်တာနဲ့ ရုံးဆင်းပြီးတာနဲ့ မိသားစု ဒါမဟုတ် သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းတာမျိုးကို တန်းမြင်မိကြပါလိမ့်မယ်
ဒါကျွန်တော်တို့ စိတ်ကူးထဲမှာရှိတဲ့အရာတွေပါ အပြင်လောကမှာတော့ မဖြစ်နိုင်သလောက်ပါပဲ
ဒီမှာပြောချင်တာက အလုပ်လုပ်ရမယ့်အချိန်ကို အာရုံစိုက်လုပ် ပြီးတာနဲ့ ကိုယ့်အတွက်အချိန်ပေးခိုင်းတာပါ. နေ့တိုင်းကိုယ့်အတွက်အချိန်ပေးချင်မှ ပေးနိုင်မယ်. ဒါပေမဲ့ တစ်ပတ်မှာ အနည်းဆုံးတစ်ရက်တော့ အားအောင် လုပ်ထားတာမျိုး ဖြစ်သင့်ပါတယ်
အဓိကအရေးအကြီးဆုံးအချက်က အလုပ်မှာချည်းပဲ စိတ်နှစ်ထားဖို့ပါပဲ
အားလပ်ချိန်လည်း ယူသင့်သလောက်ယူပေးရပါမယ်
2) Prioritize your health

ကျန်းမာရေးကို ဦးစားပေးပါ. ကျန်းမာရေးဟာ အရာအားလုံးနဲ့ သက်ဆိုင်နေတယ်လို့ပြောလည်း မမှားပါဘူး. သင်ကျန်းမာနေသရွေ့ အလုပ်လုပ်နိုင်သေးတယ်ဆိုတာ မေ့မထားသင့်ပါဘူး
ဒါကြောင့် အလုပ်ထက်ကျန်းမာရေးကို ဦးစားပေးပါ. အားကစားလုပ်တာ စိတ်တည်ငြိမ်အေးချမ်းဖို့ ယောဂကျင့်တာလိုမျိုးလေးတွေကလည်း လုပ်ကိုလုပ်ရမဲ့အချက်ထဲမှာ ထည့်သွင်းထားသင့်ပါတယ်
3) Make time for yourself and your loved ones
အလုပ်ကအရေးကြီးတယ်ဆိုပေမဲ့ တစ်ချိန်လုံးတစ်ဘဝလုံးအတွက် ဆိုတာမျိုးကြီးတော့ မဖြစ်သင့်ပါဘူး. ကိုယ်ကိုယ်တိုင်အတွက်ရော ကိုယ်ချစ်ရတဲ့သူတွေအတွက်ရော အချိန်ဖယ်ထားပေးသင့်ပါတယ်
အားမှပဲ ကိုယ့်အတွက်ကိုယ်အချိန်ပေးမယ်လို့ စဥ်းစားထားရင် တစ်သက်လုံးအားမဲ့အချိန်ဆိုတာ ရောက်လာမှာမဟုတ်ပါဘူး.
ဒါကြောင့် ကိုယ့်အတွက်အချိန်ဆိုပြီး ကြိုတင်ဖယ်ထားတာမျိုးလုပ်ပါ
အလုပ်ဆိုတာ အစားထိုးလို့ရပါတယ်. ကိုယ်ချစ်တဲ့သူတွေကတော့ အစားထိုးမရပါဘူး. ဒါကြောင့် သူတို့ကို အချိန်ပေးဖို့မမေ့ပါနဲ့
4)Set goals and priorities
အလုပ်တစ်ခုမလုပ်ခင် goal အသေးစားလေးတွေကို ချရေးတာ အရေးကြီးတာတွေ ဦးစားပေးရမယ့်အရာတွေကို ချရေးထားတာက အလုပ်ကိုလည်း မြန်မြန်ပြီးစေသလို အကျိုးသက်ရောက်မှုလည်း ရှိစေပါတယ်
တစ်ခါတစ်လေ အချိန်တွေအများကြီးသာကုန်သွားတယ် တကယ်အရေးပါတဲ့ အလုပ်တွေမပြီးတဲ့နေတာမျိုး မလုပ်ရသေးတာတွေက ကိုယ့်ကို စိတ်ဖိစီးမှုများစွာ ပေးပါတယ်. ဒါကြောင့် လုပ်ရမယ့်အလုပ်တွေကို ချရေးတာ အရေးကြီးတာတွေကို မှတ်ထားတတ်တဲ့အလေ့အကျင့်မျိူး ရအောင်လုပ်ပါ
5) Set boundaries and work hours
အလုပ်ချိန်ကို သတ်မှတ်ထားပါ. အဲ့သတ်မှတ်ထားတဲ့အချိန်အတွင်း မှာတော့ အလုပ်ပေါ်အာရုံစိုက်မှုရှိပါစေ. တစ်ခါတစ်လေ ကိုယ့်ကိုယ်ကို limit မလုပ်ဘဲ အလုပ်တွေ အတင်းဖိလုပ်နေတာမျိူးက အဖြေမဟုတ်ပါဘူး. ကိုယ်နားမယ်လို့ ဆုံးဖြတ်ထားတဲ့နေ့ ကြိုတင်စီစဥ်ထားတဲ့နေ့တွေမှာ အလုပ်အကြောင်းကိုမေ့ထားပါ
နားမယ်လို့ သတ်မှတ်ထားတဲ့အချိန်မှာ စိတ်လွတ်လက်လွတ်နားတာ အလုပ်ချိန်မှာ အလုပ်ပေါ်အပြည့်အဝ အာရုံစိုက်တာမျိုးလုပ်မယ်ဆိုရင်တော့ အလုပ်မှာလည်းအဆင်ပြေ personal အတွက်လည်း အချိန်ပေးပြီးသားဖြစ်တာမို့ Work-life balance ဖြစ်မှာ အသေအချာပါပဲ
ဒါဆို အပေါ်ကအချက်လေးတွေ ဖတ်ကြည့်ပြီး ကိုယ့်မှာရော ဘာတွေပြင်ဖို့လိုအပ်လဲဆိုတာ သိရှိသွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်.
ဖတ်ပေးတဲ့သူတစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်

Written By
Moe Myint Thida

Comments
Post a Comment