အောင်မြင်မှုရဲ့ခြေလှမ်းအစ consistencyက အဓိက
▪️Consistency ရှိဖို့ဘာကြောင့် လိုအပ်တာလဲ?🤔
ကိုယ့်ရဲ့နေ့စဥ်ဘဝမှာ ဒီ consistency ဆိုတဲ့အရာက အရမ်းကိုအရေးပါတဲ့ကဏ္ဍ တစ်ခုအနေနဲ့ပါဝင်ပါတယ်။
Consistency မရှိဘဲ ဘယ်အရာကိုမှဖန်တီးယူလို့မရသလို အောင်မြင်မှုကို ဆွတ်ခူးဖို့လည်း consistency ရှိဖို့လိုအပ်တာအမှန်ပါပဲ။👍🏼
ကိုယ့်အနေနဲ့ လိုချင်တဲ့ပန်းတိုင်တစ်ခုကို မရောက်မချင်း ကိုယ်လုပ်နေတဲ့ အရာအပေါ် consistence ရှိရှိနဲ့ အဆက်မပြတ်ကြိုးစားသွားဖို့လိုပါတယ်။
ဒါမှ လိုရာပန်းတိုင်ကို အောင်အောင်မြင်မြင် ရောက်ရှိမှာပါ✨⛳️
တစ်ရက်တည်း gym ဆော့ရင်ဘာမှ မထူးလာပေမယ့် နေ့တိုင်း gym ဆော့ရင်တော့ အချိန်အနိုင်းအတာတစ်ခုမှာ ကိုယ့်ခန္ဓာကိုယ် သိသိသာသာ ပြောင်းလဲလာတာကို တွေ့ရပါ လိမ့်မယ်။🏋️♀️
အကျင့်တစ်ခုမွေးမြူဖို့အတွက်ဆိုရင် အနည်းဆုံး 21 ရက်ကြာတယ်လို့ ပြောကြတယ်။🧐 ဥပမာ မနက် 6 နာရီထတဲ့အကျင့်ကို 21 ရက်လောက် ဆက်တိုက် လုပ်လိုက်ပြီဆိုရင် နောက်ပိုင်း မှာ Alarm ပေးစရာမလိုဘဲ နေ့တိုင်းလိုလို 6 နာရီရောက်တာနဲ့ auto နိုးနေတတ်တဲ့ အလေ့အကျင့်လေးရှိလာပါတယ်။ ⏱
လူတစ်ယောက်ကိုချစ်မိတယ်ဆိုပါစို့။💞 အဲ့လိုချစ်မိတယ်ဆိုတာဟာ ချက်ချင်းသိရတာ မျိုးမဟုတ်ပါဘူး။ ဒီလူတစ်ယောက်ကိုပထမစတွေ့တဲ့တစ်ရက်မှာ စိတ်ဝင်စားမိမယ်။ နောက်တဖြည်းဖြည်းနဲ့ နေ့တိုင်းသူ့အကြောင်းကို တွေးနေမယ်။ 🙈
ဗြုံန်းဒိုင်းကြီး ချစ်သွားတာမျိုး မဟုတ်ဘဲနဲ့ နေ့စဥ်နေ့တိုင်း အဆတ်မပြတ်သတိထားမိရင်း ထားမိရင်းကနေမှ ဒီလူကို ချစ်ပါတယ်ဆိုပြီး တဖြည်းဖြည်း သိလာတာ ဖြစ်ပါတယ်။
နောက်ပြီး ပညာသင်ယူတဲ့ နေရာမှာလည်း consistency ရှိဖို့က အရေးကြီးပါတယ်🤓။လူတစ်ယောက်က နေ့ချင်းညချင်း ပညာတတ်လာတာမှာ မဟုတ်ပါဘူး။ နှစ်တွေအများကြီးဆက်တိုက် learning လုပ်လာမှ ပညာတတ်တစ်ယောက်ဆိုတဲ့ ဂုဏ်နဲ့ ကိုယ့်ကိုယ်ကိုယ် သမုတ်နိုင်မှာ ဖြစ်ပါတယ်။✍️
ခုခေတ်လူငယ်တွေ တော်တော်များများ ကြုံတွေ့နေရတဲ့ ပြဿနာတွေကလည်း consistency မရှိလို့ ဖြစ်နေတာတွေများပါတယ်။ 😴
ဂျပန်စာကိုကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ဆိုတတ်ချင်ပေမယ့် အတန်းလည်းမှန်မှန်မတက်၊ စာလည်းပုံမှန်မလုပ် ဆိုရင်တော့ ဂျပန်စာ တတ်မြောက်ဖို့က မလွယ်တော့ဘူးပေါ့။✖️
စာမေးပွဲမှာ အမှတ်တွေကောင်းကောင်းလိုချင်တယ်။ စာမေးပွဲမဖြေခင်ညမှအတိုးချကျက်ပြီး(cramming) လုပ်တယ်။ တစ်ပွဲထိုးတော့ရပေမယ့် စာမေးပွဲရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ စာတွေကို စွဲစွဲမြဲမြဲ ကျန်ခဲ့စေချင်တာမျိုးတော့ မဖြစ်နိုင်ဘူးပေါ့။☹️
▪️လူတော်များများက consistency ထားရှိရာမှာ ဘာလို့အခက်အခဲတွေနဲ့ တွေ့ကြုံရ တတ်လည်း ဆိုတာက အောက်က အချက်တွေကြောင့် ဘဲဖြစ်ပါတယ်။
✔Lack of patience - တစ်ခုခုကို စိတ်ရှည်လက်ရှည်လုပ်တတ်တဲ့အကျင့် မရှိခြင်း။
✔Desire for Instant Results - ချက်ချင်းဆိုသလို ရလဒ်မြန်မြန် ရလိုခြင်း။
✔Lack of focus - အရာတစ်ခုခုပေါ် ရေရှည် အာရုံစူးစိုက်မှု အားနည်းခြင်း။
▪️ဒါဆို ဒီအခက်အခဲတွေကို ဘယ်လို ဖြတ်ကျော်နိုင်အောင် ဘယ်လိုလုပ်မလဲ?
➡Start small
ပြောင်းလဲမယ်လို့ကြံပြီး ပထမအဆင့်မှာတင် ကြီးကြီးကျယ်ကျယ်တွေကို စလုပ်မယ်ဆိုရင် အဲ့ဒီ load နဲ့ ဆက်လုပ်ဖို့တော်တော်ခက်ခဲ နိုင်ပါတယ်။😵 ဒါ့ကြောင့် အသေးအမွှား ကိစ္စ တစ်ခုခုကစလုပ်ပါ။ အဲ့ဒီ အသေးအမွှားလေး ကိုဘဲ consistent ဖြစ်အောင်စကြိုးစားပါ။💪🏼
➡Make a plan🗓
Plan တစ်ခုထားရှိခြင်းအားဖြင့် ကိုယ်လုပ် နေတဲ့အရာပေါ်မှာ focus အပြည့်ထားဖြစ် ပါလိမ့်မယ်။ ကိုယ်တကယ်လိုက်လုပ်နိုင်တဲ့ plan မျိုးတော့ဖြစ်နေဖို့လိုပါတယ်နော်။
➡Give yourself rewards💵
ဥပမာ ကိုယ်ချမှတ်ထားတဲ့ goal တစ်ခုကို 7 ရက်တိတိ ဆက်တိုက်လုပ်နိုင်တယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် မာလာရှမ်းကောတစ်ပွဲ😋 ဝယ်ကျွေးတာမျိုး လုပ်မယ်ဆိုရင် ပျော်ပျော် နဲ့ consistent ဖြစ်အောင်ကြိုးစားယူနိုင် ပါတယ်။
💫ဒီတော့သူငယ်ချင်းတို့အားလုံးကိုပြောချင်တာက 6လ ဖြစ်ဖြစ် 1 နှစ်ဖြစ်ဖြစ် ကာလတစ်ခုသတ်မှတ်ပြီး အဲ့ကာလအတွင်း အရာတစ်ခုခုအပေါ်
အသေအချာလုပ်ပြီးတော့ consistent ဖြစ်အောင်ကြိုးစားရင်း💪🏽 အိပ်မက်တွေကို အကောင်အထည်ဖော်ပါလို့ တိုက်တွန်းလို ပါတယ်။
Reference-https://neelraman.com/5-reasons-why-consistency-is-an-important-habit/
Written by အလှလေး

Comments
Post a Comment