လူတိုင်း Innovative Entrepreneur ဖြစ်နိုင်ပါသလား။❓
အားလုံးပဲ မင်္ဂလာပါ ...🎉
ဒီနေ့တော့ Beatrix စာဖတ်ပရိသတ်ကြီးအတွက် မေးခွန်းလေးတစ်ခု ပြင်ဆင်ထားပါတယ်။🧐
ဒီမေးခွန်းအတွက်အဖြေမပေးခင် Innovative Entreneurship(ဆန်းသစ်သောစွန့်ဦးတီထွင်မှု)အကြောင်းကို အရင်မျှဝေပါ့မယ်။🤩
🔹Innovative Entrepreneurship ဆိုတာဘာလဲ?
ဆန်းသစ်သောစွန့်ဦးတီထွင်မှု ဆိုတာ
လူနေမှုအဆင့်အတန်းကို မြှင့်တင်ဖို့ အသစ်အသစ်သောကောင်းမွန်တဲ့အရာတွေကို ရှာဖွေဖန်တီးခြင်း ပဲ ဖြစ်ပါတယ် ။
တစ်နည်းအားဖြင့်ဆိုရင် ဆန်းသစ်ကောင်းမွန်တဲ့ ထုတ်ကုန်ပစ္စည်းတွေ နဲ့ ဝန်ဆောင်မှုတွေ ကို ရှာဖွေဖန်းတီးခြင်းပါ။💡
ဥပမာ- အသီးရောင်းတဲ့ လူတစ်ယောက်က
ရိုးရိုးအသီးချည်းပဲ မရောင်းဘဲ နို့ဆီလေး ထည့်၊ သကြားလေး ရောပြီး အသီးတွေနဲ့ ရောကြိတ်ပြီး ရောင်းတော့ smoothie 🥤ဆိုတဲ့ဖျော်ရည်အမျိုးအစားဖြစ်လာတယ်။
အဲ့တော့အရင်က အသီးကိုရေဆေးစားတဲ့
အဆင့်ကနေတစ်ဆင့်တက်ပြီး ဖျော်ရည်အဖြစ် သောက်တဲ့ အဆင့်တစ်ခုကို ကူးသွားတာပေါ့
ဒါကို စွန့်ဦးတီထွင်မှု လို့ခေါ်တာပါ။👀
🔹Innovative Entrepreneurship က ဘာလို့အရေးကြီးတာလဲ?🤔
အဓိကအချက် က ပြောင်းလဲမှုတွေအားလုံးက ဒီ စွန့်ဦးတီထွင်မှု ကနေ သက်ဆင်းလာတာကြောင့်ပါ။ ပြီးတော့ စိန်ခေါ်မှုအားလုံးကို ကျော်လွှားနိုင်တဲ့သော့ချက်🔑တစ်ခုလည်း ဖြစ်တာကြောင့် ဆန််းသစ်တဲ့စွန့်ဦးတီထွင်မှု ဟာ နယ်ပယ်အသီးသီး အတွက် တကယ့်ကို အရေးကြီးပါတယ်။
အနီးစပ်ဆုံးပြောရရင် အဲဖရတ်နိုဘယ်က
လျှပ်စစ်မီး တီထွင်ခဲ့တာကြောင့် အခုအခါမှာ
ဖယောင်းတိုင်အစား လျှပ်စစ်မီး နဲ့ ကောင်းကောင်းနေထိုင်နိုင်ကြတယ်။ ဒါဟာ စွန့်ဦးတီထွင်မှုက နေ သက်ဆင်းလာတဲ့ ပြောင်းလဲမှုကြီးတစ်ခု ပဲ ဖြစ်ပါတယ်။✔️
ကဲ ဆိုတော့ အပေါ်က
လူတိုင်း Innovative Entrepreneurဖြစ်နိုင်လား ❓ဆိုတဲ့ မေးခွန်းကို ပြန်ဆက်ပါ့မယ်....
📝ပညာရှင်တချို့ က ပြောပါတယ်
မွေးတည်းက စွန့်ဦးတီထွင်တတ်တဲ့ ဉာဏ်ပါရမီ ပါတဲ့လူအရေအတွက်ဟာရာခိုင်နှုန်းအားဖြင့် 40 % သာရှိပါတယ် တဲ့..
ကျန်တဲ့ လူဦးရေ 60% ကတော့ဒီလိုပါရမီ ကို လေ့ကျင့်ယူကြတယ် လို့ ဆိုပါတယ်။
ဒီတော့ လူတိုင်းဆန်းသစ်သောစွန့်ဦးတီထွင်သူ ဖြစ်နိုင်လားဆိုတဲ့ မေးခွန်း ရဲ့ အဖြေ က ရှင်းပါတယ်။
လူတိုင်းInnovative Entrepreneurဖြစ်နိုင်ပါတယ် ရှင်။🔔🔔
ဒါပေမဲ့ Innovative Entrepreneur တစ်ယောက်ဖြစ်ဖို့ ထိထိမိမိလေ့ကျင့်ယူရပါမယ်
ဆိုတော့ စာရေးသူက Beatrix ရဲ့ စာဖတ်ပရိသတ်ကြီး အတွက် Innovative Entrepreneur တစ်ယောက်ဖြစ်ဖို့ အထောက်အကူပြုမဲ့ လိုအပ်ချက် တချို့ကို မျှဝေပေးပါ့မယ်။🤗
ဆန်းသစ်တဲ့ စွန့်ဦးတီထွင်သူတစ်ယောက် ဖြစ်ဖို့အတွက်ဆိုရင်...
1️⃣အောင်မြင်ချင်တဲ့ဆန္ဒ ပြင်းပြရပါမယ်။
ဆန္ဒာဓိပတိ ဆိုတဲ့အတိုင်း ကိစ္စတစ်ခုပြီးမြောက် ဖို့အတွက်ဆိုရင် စိတ်ဆန္ဒက တကယ့်ကိုအရေးကြီးပါတယ်။
2️⃣စွန့်စားလိုစိတ် ၊သိလိုစိတ်ရှိရပါမယ်။
စွန့်ဦးတီထွင်သူတစ်ယောက်ဟာ ကြုံတွေ့ရမယ့် အန္တရာယ်အားလုံးကို ကျော်လွှားရဲတဲ့ သတ္တိ နဲ့ ရှင်းလင်းတဲ့ အမြင်ရှိရပါမယ်။
3️⃣အမြဲ တက်ကြွနေပြီး အခွင့်အရေးတိုင်း ကို အစဉ်သဖြင့် ရှာဖွေနေရပါမယ်။
မိမိ နယ်ပယ်ရဲ့ အကြောင်းကို အသေးစိတ်သိမှသာ ရရှိလာမယ့် အခွင့်အရေးတိုင်း ကို ကောင်းကောင်း အသုံးချနိုင်မှာပါ။
4️⃣ နားထောင်တတ်တဲ့ အလေ့အကျင့်နဲ့ စုပေါင်းလုပ်ဆောင်နိုင်တဲ့အရည်အချင်းရှိရပါမယ်။
5️⃣သင်ယူမှုအားကောင်းရပါမယ်။
မိမိရဲ့လုပ်ဆောင်ချက်တိုင်းကနေသော်လည်းကောင်း၊အမှားတွေကနေသော်လည်းကောင်း၊
ရှာဖွေတွေ့ရှိချက်တိုင်းကနေသော်လည်းကောင်း၊တခြားသူတွေဆီကနေသော်လည်းကောင်း သင်ယူနိင်စွမ်းရှိရပါမယ်။
6️⃣ပြည့်စုံတဲ့ အသိပညာ နဲ့ ကျွမ်းကျင်မှုတွေ ရှိဖို့လည်း လိုပါတယ်။
ဒီတော့ Beatrix ရဲ့ စာဖတ််ပရိသတ်တစ်ယောက်ချင်းဆီဟာလည်း ဆန််းသစ်တဲ့ စွန့်ဦးတီထွင်သူ ဖြစ်နိုင်ပါတယ်။😉
ကဲ သင့်ရဲ့လုပ်နိုင်စွမ်းတွေကို ကန့်သတ်မထားဘဲ သင့်အိပ်မက် ကိုအရယူလိုက်ပါ✨💫
Reference-https://steveblank.com/2010/06/10/you%E2%80%99re-not-a-real-entrepreneur
Written by Khine T.D

Comments
Post a Comment