Interview မေးခွန်းတွေကို အချက်အလက်ပြည့်ပြည့်စုံစုံနဲ့ ဘယ်လိုဖြေကြမလဲ .. ?🤔😎
ဒီတစ်ခါမှာဆိုရင်တော့ အင်တာဗျူးဖြေဖို့ ပြင်ဆင်နေတဲ့သူတွေ၊ အခုမှအလုပ်စလျှောက်မယ့်သူတွေအတွက် အကျိုးရှိစေမယ့် အရာလေးတစ်ခု ပြင်ဆင်ထားပါတယ်။ ဒါကတော့ အင်တာဗျူးဖြေဆိုတဲ့နေရာမှာ အမေးများတဲ့ မေးခွန်းလေးတွေနဲ့ ဘယ်လိုမျိုးဖြေဆိုသင့်လဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ 👨💻
အင်တာဗျူးမှာ မေးလိုက်တဲ့မေးခွန်းကို အောင်မြင်စွာဖြေဖို့အတွက်ဆိုရင် အဲ့မေးခွန်းရဲ့ ဘောင်ထဲကို ဝင်အောင်ဖြေတတ်ဖို့က အရေးကြီးပါတယ်။ စာမေးပွဲဖြေသလိုမျိုးပါပဲ။ စာမေးပွဲမှာမေးထားတဲ့မေးခွန်းကို သူနဲ့သက်ဆိုင်တဲ့အဖြေကို ဖြေပေးမှ အမှတ်ရရှိမှာဖြစ်သလို အင်တာဗျူးဖြေတဲ့အခါမှာလည်း မေးလာတဲ့မေးခွန်းနဲ့ ကိုက်ညီအောင် ဖြေဆိုမှသာ မိမိကို အလုပ်ခန့်အပ်ဖို့စဉ်းစားမှာပါ။ 🤝
ကဲ အဲ့ဒီ့မေးခွန်းတွေကဘာတွေဖြစ်မလဲ၊ ဘယ်လိုလေးတွေဖြေရမလဲ ဆိုတာ အောက်မှာဆက်လေ့လာကြည့်လိုက်ရအောင် 👇👇
1️⃣Tell us about yourself? 👨🎓
ဒီမေးခွန်းလေးဟာဆိုရင် ဘယ်အင်တာဗျူးမှာမဆို မေးတဲ့မေးခွန်းလေးပဲဖြစ်ပါတယ်။ 😊
အင်တာဗျူးတစ်ခုကိုစပြီဆိုရင် အင်တာဗျူးမေးမယ့်သူတွေက သင့်ရဲ့အကြောင်းကို သင်ပေးပို့ထားတဲ့ CV ဒါမှမဟုတ် Resume ထဲမှာ ရင်းနှီးပြီးသားဖြစ်ပါတယ်။ ဒါပေမယ့် သူတို့က သင့်ရဲ့အကြောင်းကိုပြောပြပါလို့ မေးတာက သင့်ကိုယ်သင် ဘယ်လောက်ထိယုံကြည်ချက်ရှိလဲ၊ ဒီအလုပ်နဲ့ပတ်သတ်ပြီး စိတ်အားထက်သန်မှု ဘယ်လောက်ရှိလဲဆိုတာကို ဆန်းစစ်လိုလို့ပဲ ဖြစ်ပါတယ်။🤗
ဒီမေးခွန်းမှာဆိုရင် တော်တော်များများက အဓိပ္ပာယ်လွဲဖြေတတ်ကြပါတယ်။ ငယ်ငယ်တုန်းက ကျောင်းမှာ စာစီစာကုံးရေးသလို ကျွန်တော့် နာမည်ကဘယ်သူပါ။ ဘယ်မှာနေပါတယ်။ ဝါသနာကတော့ တီဗီကြည့်ရတာ ကြိုက်ပါတယ်တို့ 🖥️ သီချင်းနားထောင်ရတာ နှစ်သက်ပါတယ်တို့ စသဖြင့်ပြောတတ်ကြပါတယ်။ 🎧
✅တကယ်တမ်းမေးခွန်းကို ပြန်ဖြေဆိုမယ်ဆိုရင် ကိုယ့်ရဲ့ personal အချက်အလက်တွေသာမက ကိုယ့်ပညာရေးအကြောင်းတွေ၊ အလုပ်အတွေ့အကြုံတွေ၊ လက်ရှိမှာ ဘာတွေလုပ်ကိုင်နေတယ်၊ ကိုယ်ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို အဓိကထား ဖြေရမှာပဲဖြစ်ပါတယ်။🏆
ကျောင်းတက်တုန်းကဆိုရင် ဘယ်လိုအဖွဲ့အစည်းတွေမှာပါဝင်ခဲ့တယ်၊ ဘယ်လို လှုပ်ရှားမှုတွေလုပ်ခဲ့တယ်၊ အလုပ်သင်လုပ်ခဲ့ရင်လဲ လုပ်ခဲ့ဖူးတဲ့အကြောင်းတွေ၊ အရင်အလုပ်ကရရှိခဲ့တဲ့ အလုပ်အတွေ့အကြုံတွေ၊ ကိုယ်ဘာတွေ အောင်မြင်မှုရခဲ့လဲဆိုတာကို အဓိကထားပြီး ပြောသင့်ပါတယ်။
2️⃣What are your strengths?💪
အင်တာဗျူးတဲ့သူတွေ နောက်ထပ်အမေးများတဲ့ မေးခွန်းကတော့ သင့်ရဲ့အားသာချက်တွေကဘာတွေလဲ ဆိုတာပါပဲ။
ဒီမေးခွန်းဟာဆိုရင် သင့်မှာရှိတဲ့ technical hard skills နဲ့ soft skills တွေကို ထုတ်ဖော်ပြောဆိုနိုင်ဖို့ကို အခွင့်ရေးပေးထားတာပဲဖြစ်ပါတယ်။ 🙋♂️
ဥပမာအနေနဲ့ " ကျွန်တော်က အရမ်းခင်ဖို့ကောင်းတဲ့လူတစ်ယောက်ဖြစ်တယ်။ 🙆♂️ ကျွန်တော်က လူတွေနဲ့ ပေါင်းသင်းဆက်ဆံရတာကို နှစ်သက်ပြီး လူတွေကလဲ ကျွန်တော်နဲ့မိတ်တွေဖြစ်ရတာကို သဘောကျတယ်" ဒါဟာ ကိုယ့်ရဲ့အားသာချက်ကို ဖော်ပြတာဆိုပေမယ့် အင်တာဗျူးမှာဖြေရင် နားထောင်လို့ အဆင်မပြေနိုင်ပါဘူး။
အဲ့ဒီလိုပြောမယ့်အစား 💁♂️
"ကျွန်တော်က အလုပ်လုပ်ရင် သေသေချာချာ အသေးစိတ်လုပ်ရတာကို နှစ်သက်တယ်။ အလုပ်တစ်ခုကိုလုပ်ရင် ကြိုတင်ပြင်ဆင်မှုတွေလုပ်ပြီးမှ အကောင်အထည်ဖော် လုပ်ဆောင်တတ်တယ်။ ကျွန်တော့်ရဲ့ ဖော်ရွေတတ်တဲ့အကျင့်ကြောင့် လူတော်တော်များများကလဲ ကျွန်တော်ဟာ ခင်မင်ဖို့ကောင်းတယ်လို့ ပြောကြတယ်။ ဒီအချက်တွေက ကျွန်တော့်ရဲ့အားသာချက်တွေဖြစ်မယ်လို့ထင်ပါတယ်" ဆိုပြီးဖြေဆိုသင့်ပါတယ်။ 👍
ကိုယ့်မှာရှိတဲ့ အရည်အချင်းတွေ၊ ကိုယ့်ရဲ့ ပင်ကိုယ်သဘာဝကိုဖော်ပြရင်း အလုပ်နဲ့သက်ဆိုင်တဲ့ အကြောင်းအရာဘက်ကိုပါ ဖြည်းဖြည်းချင်းဆွဲခေါ်သွားပါ။🤗
3️⃣What are your weaknesses? 🙇♂️
အလုပ်ရှင်က သင့်ရဲ့ အားနည်းချက်ကဘာလဲ လို့မေးတာ စိတ်ထဲ နည်းနည်းတော့ ကသိကအောက်ဖြစ်နိုင်ပါတယ်။ 😰
တကယ်တော့ ဒါဟာ အင်တာဗျူးတဲ့သူတွေက ကိုယ့်ရဲ့အားနည်းချက်တွေကို အားသာချက်ဖြစ်အောင် ဘယ်လိုပြောနိုင်မလဲဆိုတာကို စမ်းသပ်တာပဲဖြစ်ပါတယ်။ 👊
သင့်ရဲ့အားနည်းချက်ကိုဖော်ပြတာဟာ သင့်မှာ self awareness ဘယ်လောက်ရှိတယ်ဆိုတာကို ဖော်ပြတာဖြစ်ပြီး ရှေ့ဆက်ဘယ်လိုမျိုး ကောင်းမွန်အောင် ပြုပြင်နေတယ်ဆိုတာကို interviewer သိအောင် ပြောပြရမှာဖြစ်ပါတယ်။🙋♂️
ဥပမာ ကျွန်တော်က စိတ်ရှည်တဲ့သူမဟုတ်ဘူး၊ ဒေါသလဲအလွယ်တကူထွက်တတ်တယ်၊ အလုပ်လုပ်တဲ့နေရာမှာလဲ အချိန်မမှီမှာ စိုးရိမ်တတ်တယ် ၊ အဲ့လိုဖြေမယ့်အစား ကျွန်တော်က အလုပ်လုပ်ရင် အရမ်းကိုအသေးစိတ်လုပ်တတ်တယ်၊ 📝လုပ်တဲ့အရာတိုင်းကိုလဲ အကောင်းဆုံးဖြစ်စေချင်တယ်၊ အဲ့လိုလုပ်ရင်းနဲ့ တစ်ခါတလေမှာဆိုရင် အချိန်တွေကုန်သွားတာ သတိမထားမိဘဲ Deadline နီးမှ အသည်းအသန်တွေလုပ်ရတာမျိုးတွေဖြစ်သွားတယ်။ 🤯
ဒီလိုဖြေခြင်းက သင်ဟာ သင့်အားနည်းချက်ကို အားသာချက်နဲ့အတူ ယှဉ်တွဲပြီးဖော်ပြလိုက်တာကြောင့် အလုပ်ရှင်က သင်က အလုပ်လုပ်တဲ့နေရာမှာ တိကျတတ်တဲ့လူမျိုးဖြစ်တယ်ဆိုတာကို သိသွားစေပါတယ်။
4️⃣Where do you see yourself in five years?🤔
ဒီမေးခွန်းဟာဆိုရင်လဲ အင်တာဗျူးတိုင်းမှာ အမေးများတဲ့မေးခွန်းပဲဖြစ်ပါတယ်။
လူတော်တော်များများက ဒီမေးခွန်းကိုဖြေဆိုတဲ့အခါမှာ မဖြေတတ်ဖြစ်ကြပါတယ်။ တစ်ခါတစ်လေမှာ ကိုယ်ကိုယ်တိုင်တောင် ဘာဖြစ်လို့ဖြစ်ချင်မှန်း မသိတဲ့အခိုက်အတန့်တွေရှိဖူးမှာပါ။ ကိုယ့်ရည်မှန်းချက် ကို ကိုယ်ကိုယ်တိုင်က မသိဘူးဆိုရင် အခြားသူတွေကို ဘယ်လိုပြောပြလို့ရမလဲနော်။ 🙍♂️
ဒီမေးခွန်းက ကိုယ်ရဲ့အနာဂတ်မှာ ကိုယ်ဘယ်လိုလူမျိုးဖြစ်ချင်လဲ၊ ဘယ်နေရာမှာရှိချင်တာလဲ၊ ဘာတွေစီစဉ်ထားလဲဆိုတာကို Interviewer မျက်လုံးထဲမြင်အောင် မီးမောင်းထိုးပြရမှာပဲဖြစ်ပါတယ်။ Interviewer တွေက သင်ဟာ အလုပ်ကြိုးစားတဲ့သူတစ်ယောက်လား ရည်မှန်းချက်ရှိတဲ့လား ဆိုတာသိချင်တာဖြစ်ပြီး သင့်ရဲ့ ရည်မှန်းချက်တွေက ဒီအလုပ်နဲ့ သင့်တော်၊ မတော် ကိုသိချင်တာပဲဖြစ်ပါတယ်။
✴️ဒီမေးခွန်းကိုဖြေမယ်ဆိုရင် အနာဂတ်မှာ ကိုယ်လိုချင်တဲ့နေရာရောက်ဖို့ ကိုယ်ဘယ်လို skills တွေကို တိုးတက်အောင်လုပ်ချင်တယ်၊ အခုလက်ရှိ လုပ်ကိုင်နေတဲ့နေရာကနေ အတွေ့အကြုံတွေ၊ သင်ယူစရာရှိတာတွေကိုသင်ယူနေတယ် ၊ ရခဲ့ဘူးတဲ့ သင်ခန်းစာတွေကို ဘယ်လိုအသုံးချသွားမယ် ၊ အကောင်ထည်ဖော်သွားမယ် ဆိုတာတွေကိုအဓိကထားဖြေပေးရမှာဖြစ်ပါတယ်။ သင်ဖြေဆိုမယ့်အဖြေဟာ သင့်ရဲ့အလုပ်နဲ့ကိုက်ညီအောင် ဖြေဖို့လဲ လိုအပ်ပါတယ်။
5️⃣What do you know about our company? 🏢
ဒီမေးခွန်းကတော့ ရှင်းပါတယ်။ အင်တာဗျူးမေးတဲ့သူတွေက သင်ဘယ်လောက်ထိ သူတို့ကုမ္ပဏီအကြောင်းကို သုတေသနလုပ် လေ့လာထားလဲဆိုတာကို သိချင်လို့ပဲဖြစ်ပါတယ်။ တစ်ချို့တွေက အလုပ်တွေ လျှောက်ပြီး အင်တာဗျူးခေါ်လို့သာ သွားဖြေတယ် ၊ အဲ့ ကုမ္ပဏီနဲ့ ပတ်သက်တဲ့အကြောင်း ဘာမှမသိတာမျိုးဆိုရင် ကိုယ့်ကို Impression ကျစေပါတယ်။😞😞
✴️အဲ့တာကြောင့်မို့ ကိုယ်ကအလုပ်တစ်ခုကို လျှောက်တော့မယ်ဆိုရင် ကိုယ်လျှောက်မယ့်အလုပ်အကြောင်းကိုလေ့လာပါ။ ကိုယ်လျှောက်တဲ့ ကုမ္ပဏီအကြောင်းကို (Company website, Google, LinkedIn,etc.) ကနေလေ့လာပါ။ ကုမ္ပဏီရဲ့ သမိုင်းကြောင်းတွေ၊ ဘာအောင်မြင်မှုတွေရှိခဲ့လဲ၊🏆 လက်ရှိမှာ ဘာလုပ်ငန်းတွေ လုပ်ဆောင်နေလဲ ဆိုတာကို အသေးစိတ်လေ့လာပါ။ အင်တာဗျူးဖြေတဲ့အခါမှာ သင်ဟာ ဒီကုမ္ပဏီအကြောင်းကို ဘယ်လောက်ထိ စိတ်ဝင်စားတယ်ဆိုတာကို သိအောင်ပြောပါ။
6️⃣How do you work under pressure? 🤦♂️
ဒီမေးခွန်းကို မေးရခြင်းဟာဆိုရင် အလုပ်ရှင်တွေက သင်ဟာ လုပ်ငန်းခွင် ဖိအားတွေနဲ့ကြုံတွေ့ရတဲ့အခါမှာ ခံနိုင်ရည်ရှိရဲ့လား ဒါမှမဟုတ် လွယ်လွယ်နဲ့ အားလျော့တတ်တဲ့သူလား ဆိုတာကို ဆန်းစစ်ချင်တာပဲဖြစ်ပါတယ်။ 💁♀️
ယခုခေတ်မှာဆိုရင် လုပ်ငန်းခွင်တွေမှာ လူတစ်ယောက်က တာဝန်ယူရတဲ့အလုပ်တွေ များလာပါတယ်။ အဲ့လိုတာဝန်တွေကြားမှာ ဖိအားဆိုတာ တစ်ဆက်တည်းပါလာတတ်ပါတယ်။ ဖိအားတွေအောက်မှာ ကောင်းမွန်စွာ အလုပ်ကိုလုပ်ဆောင်နိုင်တယ်ဆိုတာဟာ ကိုယ့်ရဲ့ အရည်အသွေးကိုတိုးမြင့်စေပြီးတော့ problem-solving skills ကိုလဲရရှိစေပါတယ်။👊
✴️ဒီမေးခွန်းကိုဖြေဖို အကောင်းဆုံးနည်းကတော့-
" ဖိအားတွေနဲ့ပဲဖြစ်ဖြစ် ဖိအားမရှိတာပဲဖြစ်ဖြစ် ကျွန်တော့်အတွက် အလုပ်အားလုံးက အတူတူပါပဲ။ တစ်ခါတုန်းကဆိုရင် ၁၀ ရက်နဲ့လုပ်ကမယ့် project ကို လေးရက်ထဲနဲ့ပြီးမြောက်အောင် လုပ်ဆောင်ခိုင်းတယ်။ ကျွန်တော်တို့ အဖွဲ့တစ်ခုလုံး စိတ်တွေဖိစီး၊ စိတ်တွေညစ်ကြပြီးတော့ ဘာလုပ်လို့ လုပ်ရမှန်းမသိဖြစ်ကြတာပေါ့။ ကျွန်တော်က အဖွဲ့သားတွေကို စိတ်ငြိမ်ငြိမ်ထားစေပြီး အဓိက လုပ်ကမယ့် အလုပ်တွေကို တာဝန်ခွဲလုပ်ဆောင်စေတယ်။ ကောင်းမွန်စွာ စီမံခန့်ခွဲပြီး လုပ်ဆောင်လိုက်တဲ့အတွက်ကြောင့် ပေးထားတဲ့အချိန်အတွင်းမှာ အလုပ်ပြီးမြောက်ခဲ့တယ် " လို့ဖြေလိုက်မယ်ဆိုရင် ကိုယ်ဟာ ဖိအားအောက်မှာ အလုပ်ကို ကောင်းမွန်စွာကိုင်တွယ်နိုင်ပြီး ဖိအားတွေနဲ့ အလုပ်လုပ်ရလဲ အဆင်ပြေတယ်ဆိုတာကို ပြလိုက်ခြင်းပဲဖြစ်ပါတယ်။
7️⃣Why do you want to work for our company?🤷♂️
ဘာလို့ ဒီမှာ အလုပ်လုပ်ချင်ရတာလဲမေးရင် တချိူ့တွေက အတွေ့အကြုံရချင်လို့လုပ်တာ၊ လခကောင်းလို့လုပ်တာ၊ ကိုယ်ဝါသနာပါလို့ လုပ်တာဆိုပြီး ဖြေတတ်ကြပါတယ်။ ဒီလိုဖြေမယ်ဆိုရင် အဖြေက အရမ်းတိုပြီး စိတ်ဝင်စားဖို့မကောင်းဖြစ်ပါလိမ့်မယ်။ 👎
ဒီမေးခွန်းကို ဖြေမယ်ဆိုရင် ကိုယ်က သူတို့ကုမ္ပဏီရဲ့ ဘယ်လိုအချက်အလက်တွေကြောင့် စိတ်ဝင်စားတယ်ဆိုတာကို အင်တာဗျူးတဲ့သူတွေ သိအောင် ပြောပြပါ။ သင့်ရဲ့ ရည်မှန်းချက်ပန်းတိုင်က ဘာလဲဆိုတာပြောပြပြီး သူတို့ကုမ္ပဏီမှာသာဆိုရင် ကိုယ့်အတွက် ဘယ်လိုမျိုး ပညာတွေ၊ အတွေ့အကြုံတွေ ရချင်ကြောင်းကိုလဲပြောပါ။ ကိုယ့်ရဲ့အရည်အချင်းတွေက သူတို့ခေါ်ယူတဲ့ အလုပ်ရာထူးနဲ့ ဘယ်လိုကိုက်ညီမှုမျိုးရှိတယ်ဆိုတာကို ပညာသားပါပါပြောဆိုပါ။ 👩🎓
8️⃣Do you have any questions?🙋♀️
ဒီမေးခွန်းဟာဆိုရင် အင်တာဗျူး process တစ်ခုလုံးမှာ အရေးအကြီးဆုံးမေးခွန်းပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ "NO" ❌လို့သာဖြေလိုက်မယ်ဆိုရင် အလုပ်ရဖို့အခွင့်အရေးတွေ နည်းသွားပါလိမ့်မယ်။
ကိုယ့်ဘက်က ကိုယ့်အလုပ်နဲ့ပတ်သတ်တဲ့အကြောင်းတွေကို လေ့လာထားကြောင်း အလုပ်ရှင်တွေကိုသိစေဖို့အတွက် မေးခွန်းပြန်မေးဖို့ကို မကြောက်ပါနဲ့။ ကိုယ်ဒီအလုပ်ပေါ်မှာ ဘယ်လောက် စိတ်အားထက်သန်လဲဆိုတာကို Interviewer တွေသိအောင်ပြောပြပါ။😎
ကုမ္ပဏီအကြောင်းသိချင်တာတွေရှိရင် ထပ်မေးပါ။ ကိုယ်လုပ်ဆောင်ရမယ့် တာဝန်အသေးစိတ်တွေ၊ အင်တာဗျူးမှာ ကိုယ်ပိုသိချင်တဲ့အကြောင်းအရာတွေ၊ လုပ်ငန်းခွင် အခြေအနေတွေ၊ ကိုယ်အလုပ်လျှောက်တဲ့ရာထူးမှာ ဘယ်လိုစိန်ခေါ်မှုမျိုးတွေရှိတတ်လဲ စသဖြင့်မေးခွန်းတွေ မေးပါ။ ဒီလိုမေးလိုက်ခြင်းကြောင့် ကိုယ်ဟာ အလုပ်နဲ့ပတ်သတ်ပြီး အသေးစိတ်ပြင်ဆင်ထားတယ်ဆိုတာကိုသိရှိပြီး ကိုယ့်ကိုရွေးချယ်ဖို့အတွက် အခွင့်အရေးတစ်ခုရရှိမှာဖြစ်ပါတယ်။ 👏
"ပွဲမဝင်ခင် အပြင်ကကျင်းပ" ဆိုတယ့် စကားပုံအတိုင်း Beatrix မှာ ဒီနေ့ပြောပြထားတဲ့ Interview Questions And Answers Tips လေးတွေကိုလေ့လာရင်း အောင်မြင်မှုတွေ ဆွတ်ခူးနိုင်ကြပါစေလို့ ဆန္ဒပြုပေးလိုက်ပါတယ်။🤗
Ref: https://youtu.be/1mHjMNZZvFo
Written By
Grace

Comments
Post a Comment