သင့် အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ Personal Development Planning(PDP) က ဘာလို့အရေးကြီးတာလဲ?

အားလုံးပဲမင်္ဂလာပါ..✨


Personal Development Planning က ဘာလို့အရေးကြီးလဲဆိုတာ မပြောခင် Personal Development Planning အကြောင်း ကို မျှဝေပေးပါ့မယ်။


🔸Personal Development Planning ဆိုတာဘာလဲ?


Personal Development Planning ဆိုတာ သင့်ရဲ့ အရည်အသွေး၊ သင့်ရဲ့ တန်ဖိုး၊ သင့်ရဲ့ အိပ်မက်ပန်းတိုင် တွေကို အမြင့်ဆုံးရောက်အောင် တွန်းတင်ပေးမယ့် action plan တစ်ခုကို ဖန်းတီးခြင်းဖြစ်ပါတယ်။📝 


Personal Development Planning(PDP) ကို Individual Development Planning(IDP) သို့မဟုတ် Personal Enterprise Planning လို့ လည်း ခေါ်ကြပါတယ်။ 


Personal Developing ဖြစ်ဖို့ သတိထားလုပ်ဆောင်ရမဲ့ အဆင့် (၄ ) ဆင့် ရှိပါတယ်။


✅ရုပ်ပိုင်းဆိုင်ရာတိုးတက်မှု ( Physical Growth) 


✅စိတ်ပိုင်းဆိုင်ရာတိုးတက်မှု ( Emotional Growth ) 


✅လူမှုရေးတိုးတက်မှု ( Social Growth ) 


✅အသိပညာတိုးတက်မှု ( Intellectual Growth ) တို့ ဖြစ်ပါတယ်


အဲ့ဒီတော့ Personal Development Planning ဆိုတာ အထက်ပါတိုးတက်မှုတွေအတွက်အထောက်အကူဖြစ်စေ

မယ့် အလေ့အကျင့်ကောင်းတွေကို စနစ်တကျ အစီအစဉ်ရေးဆွဲခြင်းပဲ ဖြစ်ပါတယ်။


🔸PDP က ဘာလို့အရေးကြီးလဲ ဆိုတဲ့ မေးခွန်း ကို အချက် (၃ ) ချက် နဲ့ ဖြေပါ့မယ်။


▪️သင်ဟာ မိမိကိုယ်ကိုသိရှိနားလည်ခြင်း (self awareness) ကိုရရှိလာမယ်။


သင့်ရဲ့ တိုးတက်နှုန်းတွေကို အမှတ်အသားပြုထားနိုင်တဲ့ outline တစ်ခု ( သို့မဟုတ်) roadmap တစ်ခု ကို သင်ကိုယ်တိုင်ချမှတ်ရမှာမလို့ လက်ရှိသင့်ရဲ့ အခြေအနေကို သင်သတိထားမိလာမှာပါ ။ ပြောင်းလဲမှုတစ်ခုပြုလုပ်ဖို့ အခြေခံအကျဆုံးအချက်က လက်ရှိ မိမိရဲ့အခြေအနေကို သိရှိနားလည်ခြင်းပဲမလို့  PDP က အရေးကြီးပါတယ်။💯


▪️သင့်ရဲ့အိပ်မက်က ပိုမိုရှင်းလင်းလာပါ လိမ့်မယ်⛳️


မိမိကိုယ်ကိုသိရှိခြင်း (self awareness )ရပြီဆိုတာနဲ့  သင်ဘာလုပ်ချင်တယ်၊ သင်ဘာလုပ်ဖို့လိုတယ် ၊ ဘယ်အချိန်မှာ လုပ်ရမယ်ဆိုတာတွေကို သင်သိလာပါလိမ့်မယ်။ ဒီတော့ သင့်ဘဝအိပ်မက်ဟာ ဝေဝါးမနေတော့ဘဲ ရှင်းလင်းပြတ်သားလာပါလိမ့်မယ်။ ဒါကြောင့် PDP ကအရေးကြီးပါတယ်။✨


▪️သင့်အိပ်မက်က သင်နဲ့ပိုနီးကပ်လာပါလိမ့်မယ်🥈


သင့်ရဲ့အိပ်မက်ကို ပြတ်ပြတ်သားသား သိရှိခြင်းက

အဲ့ဒီ့အိပ်မက်ကို ပိုင်ဆိုင်နိုင်ဖို့အတွက် အသင့်တော်ဆုံး

နည်းစနစ်တွေကို လွယ်လင့်တကူ  အစီအစဉ်ချနိုင်မှာပါ ။ ဒီတော့ အချိန်အတိုင်းအတာတစ်ခုမှာပဲ  သင့်ရဲ့အိပ်မက်ကို 

သင် ပိုင်ဆိုင်နိုင်မှာပါ။ 🥳


ဒီတော့ လူငယ်တွေအနေနဲ့ ကိုယ့်ရဲအိပ်မက်တွေဆီ ပျံသန်းနိုင်ဖို့ အခုပဲ အတောင်ပံတွေကို ဖြန့်ကျက်လိုက်ပါ။🤘🏼


References-

https://eatyourcareer.com/2019/06/professional-development-plan-basics-the-purpose-and-benefits-of-a-pdp/#:~:text=A%20PDP%20provides%20a%20visual,timeline%20for%20achieving%20your%20goals


Written by Khine T.D



 

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱