Social Entrepreneurship အကြောင်း သိမှတ်ဖွယ်များ ..!!

 

“Entrepreneurship” ဆိုတဲ့စကားလုံးကို အားလုံးလည်း ကြားဖူးကြမယ်လို့ ထင်ပါတယ်။ “Entrepreneurship” ဆိုတာက “စီးပွါးရေးလုပ်ငန်းတစ်ခုကို စွန့်စားပြီးတော့ လုပ်ကိုင်ကြည့်လိုစိတ်” လို့ အဓိပ္ပယ်ကောက်လို့ရပါတယ်။

ဒါဆို “Entrepreneurs” ဆိုတာက “စီးပွါးရေးမှာ စွန့်စားလုပ်ကိုင်သူ၊ စီးပွါးရေးမှာ စွမ်းဆောင်နိုင်တဲ့သူ” တွေကိုဆိုလိုပါတယ်🤗
“Entrepreneurship” အမျိုးအစားက အများကြီးရှိပါတယ်. ဘာလို့လဲဆိုတော့ လူတွေရဲ့ စီးပွါးရေးလုပ်ငန်းတစ်ခုအပေါ်မြင်တဲ့ အမြင်တွေ၊ ခံယူချက်တွေ မတူတဲ့အပြင် စီးပွါးရေးလုပ်မယ့် သူတွေ့ရဲ့ ပင်ကိုယ်အရည်အသွေး၊
စိတ်ထားသဘောလက္ခဏာတွေ မတူကြလို့ပဲဖြစ်ပါတယ်💁‍♀️
“Entrepreneurship”အမျိုးအစားအများကြီးထဲမှာမှ ထင်ရှားတဲ့(၄)မျိုး ရှိပါတယ်၊ ဒါတွေကတော့ ...
✔️ 1.Small business entrepreneurship
✔️ 2.Large company entrepreneurship
✔️ 3.Scalable startup entrepreneurship
✔️ 4.Social entrepreneurship တို့ပဲဖြစ်ကြပါတယ်
Social Entrepreneurship အကြောင်းကို မပြောခင်မှာ အပေါ်က (၃)မျိုးအကြောင်းကို အကြမ်းဖျင်းရှင်းပြပေးချင်ပါတယ်🤔
1.Small business entrepreneurship ဆိုတာက…
အကျိုးအမြတ် အများကြီးရဖို့ကို ဦးတည်တာမဟုတ်ဘဲ တစ်နိုင်တစ်ပိုင် အသေးစားစီးပွါးရေး လုပ်ငန်းမျိုးတွေကို ဆိုလိုပါတယ်၊ ဒီလုပ်ငန်းတွေက လူတစ်ဦးတစ်ယောက်ထဲ ပိုင်တာများတဲ့ ကိုယ်ပိုင်လုပ်ငန်းတွေလည်း ဖြစ်ပါတယ်။
ဥပမာ မိမိတို့ဒေသမှာ ရှိတဲ့ ကုန်စုံဆိုင်၊ စတိုးဆိုင်၊ ဆံပင်ညှပ်ဆိုင် စတာတွေပဲ ဖြစ်ပါတယ်💁‍♀️
2.Large company entrepreneurship ကရော…
ဒီလုပ်ငန်းတွေက တော့ လူအများကြီးနဲ့လုပ်ကိုင်ရတဲ့ companyလုပ်ငန်းတွေ ဖြစ်ပါတယ်၊ ဒီလုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေက ကိုယ့်ရဲ့ စားသုံးသူ၊ ဝယ်ယူသူတွေ
များလာအောင်၊ သူတို့ကြိုက်နှစ်သက်အောင် အသစ်သစ်သော တီထွင်ဖန်တီးမှုတွေကို လုပ်နေမှရပါတယ်။ ဒါမှသာ ကုမ္ပဏီက စိတ်ချရတဲ့ ငွေကြေးပမာဏနဲ့ လည်ပတ်
နိုင်မှာမို့ပဲ ဖြစ်ပါတယ်။
ဥပမာ Microsoft နဲ့ Google အကြီးစားကုမ္ပဏီမျိုးတွေ ဖြစ်ပါတယ်💁‍♀️
3.Scalable startup entrepreneurship ကတော့…
ဒီစီးပွါးရေး လုပ်ငန်းလုပ်ကိုင်တဲ့ လုပ်ငန်းရှင်တွေက သူတို့ရဲ့ ကုမ္ပဏီ၊ သူတို့ရဲ့လုပ်ငန်းတွေက ကမ္ဘာကြီးကို ပြောင်းလဲစေဖို့ အဓိကရည်ညွှန်းပါတယ်၊ တိုးချဲ့လုပ်ကိုင်ဖို့လည်း ကြိုးစားနေကြပြီးတော့ အကျိုးအမြတ် များများ
ကိုလည်း ရကြပါတယ်။
ဥပမာ Facebook နဲ့ Instagram တို့လို ကုမ္ပဏီလုပ်ငန်းမျိုးတွေပါ💁‍♀️
4.ဒါဆိုရင် Social entrepreneurship ကကော ⁉️
Social Entrepreneurship ဆိုတာက …
👉 ဒီလုပ်ငန်းမျိုးလုပ်ကိုင်တဲ့သူတွေက ပတ်ဝန်းကျင်မှာ ဖြစ်ပေါ်နေတဲ့ လူမှုရေး ပြသာနာတွေကို မိမိတို့ရဲ့ ထုတ်ကုန်တွေ၊ ဝန်ဆောင်မှု လုပ်ငန်းတွေက ဘယ်လို
အဆင်ပြေအောင်လုပ်ပေးနိုင်မလဲ ဆိုတဲ့အချက်ပေါ် မူတည်ပြီး လုပ်ကိုင်ကြတာ ဖြစ်ပါတယ်။
👉အဓိကရည်ရွယ်ချက်က ကမ္ဘာကြီးကို ဘယ်လိုပိုကောင်းအောင်လုပ်မလဲ ဆိုတာပဲဖြစ်ပါတယ်။
👉အကျိုးအမြတ်အများကြီးရဖို့ကို မျှော်လင့်တာ မဟုတ်တဲ့အတွက် “non-profit organizations”တွေ “non-profit company” တွေအဖြစ် စတင်လုပ်ကိုင်ကြပါ
တယ်
👉social entrepreneurship အများဆုံးတွေ့ရတဲ့ နယ်ပယ်(၄)ခုကတော့…
1️⃣ပညာရေး
2️⃣ကျန်းမာရေး
3️⃣ဘာသာရေး အဖွဲ့အစည်း
4️⃣လူမှုရေးနဲ့ ဥပဒေရေးရာ ဝန်ဆောင်မှုလုပ်ငန်း တို့ဖြစ်ပါတယ်
ဥပမာ အားဖြင့် ကျောင်းတွေမှာ လုပ်အားပေး စာသွားသင်ပေးတာမျိုး၊ကျန်းမာရေး ဗဟုသုတရှိတဲ့သူတွေက ကျေးလက်တောရွာတွေသွားပြီး ပညာပေးဟောပြော
တာမျိုး၊ ဘာသာရေးမှာဆိုရင်လည်း မိမိတို့က ဦးစီးဦးဆောင်ပြီးတော့ တရားပွဲတွေလုပ်တာမျိုး၊ နောက်တစ်ခုကတော့ ပြည်သူလူထုနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေမဆုံးရှုံးအောင် တတ်စွမ်းသလောက် ကူညီတာမျိုး
တို့ပဲ ဖြစ်ပါတယ်
👉social entrepreneurship လုပ်ငန်းမျိုးကို လုပ်ကိုင်မယ်ဆိုရင် ဒီအပေါ်မှာ ပြောပြထားတာတွေကိုပဲ လုပ်ရမာလား ဆိုတော့….. မဟုတ်ပါဘူး🙅🏻‍♀️
အဖွဲ့အစည်းတစ်ခုနဲ့ ပတ်ဝန်းကျင်ထိန်းသိန်းရေးလုပ်ငန်းတွေလုပ်တာဖြစ်ဖြစ်၊ ပရဟိတ လုပ်ငန်းတွေလုပ်တာဖြစ်ဖြစ်၊ မိမိတို့လုပ်နေတဲ့လုပ်ငန်းက ရလာတဲ့ငွေတွေကို လိုအပ်တဲ့နေရာမှာ လှူတာတွေကလည်း social
entrepreneurship ပဲဖြစ်ပါတယ်
👉နောက်တစ်ခုကတော့ Social entrepreneurship ထဲမှာမှ social purpose business လုပ်ငန်းမျိုးပါ၊ ဒီလုပ်ငန်းမျိုးက အကျိုးအမြတ်အတွက်လည်း
ကြည့်မယ်၊ လှုမှုရေးကိစ္စ တွေမှာလည်း ထောက်ပံ့မယ် ဆိုတဲ့အတွက်ကြောင့် ရင်းနှီးမြှုပ်နှံတဲ့သူတွေ ပိုစိတ်ဝင်စားတာကို တွေ့ရပါတယ်💁‍♀️
👉 ဒါဆိုရင် နောက်ဆုံးအချက်အနေနဲ့ ခြုံပြောရရင် social entrepreneurship လုပ်တဲ့သူတွေက ပိုက်ဆံရကောင်းရပါလိမ့်မယ်၊ ရချင်မှလည်း ရတာရှိမယ်ပေါ့၊ ဒါပေမဲ့ အဓိကရည်ရွယ်ချက်က လူမှုပတ်ဝန်းကျင်ကို တိုးတက်စေဖို့ ဖြစ်တဲ့အတွက်ကြောင့် နာမည်ကောင်းတော့ ကျန်စေခဲ့မှာ အမှန်ပါ🥳
ဒီလောက်ဆိုရင်တော့ social entrepreneurship အကြောင်း
ကို သိသွားလောက်ကြပြီလို့ ထင်ပါတယ် ...
reference တွေအများကြီးထဲမှာမှ သိသင့်တာလေးတွေကိုပဲ ရှာပြီး ရေးစုထားတာဖြစ်လို့ အမှားပါသွားရင် နားလည်ပေးစေလိုပါတယ်
ဒါဆိုရင်တော့ ဒီလောက်နဲ့ပဲနှုတ်ဆက်လိုက်ပါတယ်❤️
Written by
TTZ
 No photo description available.

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱