သူငယ်ချင်းအစစ်အမှန် ရဖို့ဆိုတာ တစ်ယောက်နဲ့ တစ်ယောက် Typeတူမှ ဖြစ်တာလား ဒါမှမဟုတ် မတူရင်ရော မဖြစ်နိုင်ဘူးလား ?
❗️Spoiler Alert 🚨
အဖြေကိုသိချင်ရင်တော့ "Like A Boss" ဆိုတဲ့ ဇာတ်ကားလေးကို ကြည့်လိုက်တော့နော်။ ဒီဇာတ်ကားလေးထဲမှာ မိန်းကလေးနှစ်ယောက်က သူတိုရဲ့ ၂၂နှစ်တာ သူငယ်ချင်းသံယောဇဉ်ကို အနှောင့်အယှက်မခံ ထိန်းသိမ်းပြီးတော့ စီးပွားရေးမှာလည်း အောင်မြင်အောင် ဘယ်လိုနည်းတွေနဲ့ တူတူကြိုးပမ်းကြလဲဆိုတာကို ရင်ထဲထိရောက်အောင် တစ်ကွက်ချင်းစီ ပြသပေးပါလိမ့်မယ်။
Mia(Tiffany Haddish) နှင့် Mel( Rose Byrne) တို့က အလယ်ကျောင်းထဲက ပေါင်းသင်းလာခဲ့တဲ့ ၂၂နှစ်တာ သံယောဇဉ် ရှိတဲ့ အတွင်းသိ အဆင်းသိ သူငယ်ချင်းနှစ်ယောက်ဖြစ်ပါတယ်။ ကောလိပ် ပြီးသွားတဲ့အခါမှာလည်း cosmetics တွေကို စတင်ရောင်းချပြီး Mel & Mia Cosmetics ကုမ္ပဏီထောင်နိုင်တဲ့အထိ အတူတူ ဒုက္ခခံကြိုးပမ်းခဲ့သူတွေလည်း ဖြစ်ပါတယ်။
Mia ကတော့ လက်တွေ့ဆန်ပြီး တီထွင်ကြံဆတဲ့ နေရာမှာ အရမ်းတော်တဲ့သူ ဖြစ်ပါတယ်။ Melကတော့ ဘဏ္ဍာရေးနေရာတွေမှာ အကွက်ကျကျ ကိုင်တွယ်တတ်ပြီး ပိုက်ဆံကို ရေလိုသုံးချင်တဲ့သူပါ။
တစ်နည်းအားဖြင့် Mia ကတော့ မဟုတ်ရင်မခံ ဟန်မဆောင်တတ် စွာတေးလန်သမားလေး ဖြစ်ပြီး Melကတော့ အနေအေးပြီး လူတွေနဲ့ လိုက်လျောညီထွေအောင် ပေါင်းသင်းတတ်သူလေး ဖြစ်ပါတယ်။ 
တစ်နေ့မှာတော့ သူတို့လုပ်ငန်းဟာ ဒေါ်လာ လေးသိန်းနီးပါး အကြွေးတင်နေတာကြောင့် ခြောက်လသာ ဆက်ဖွင့်လို့ ရတော့မယ့် အခြေအနေကို Melတစ်ယောက်က Miaကို ဖွင့်မပြောပါဘူး။
Mel & Mia တို့ရဲ့ One Night Stand ဆိုတဲ့ ပစ္စည်းလေးဟာ onlineပေါ်မှာ အရောင်းရဆုံး Cosmetics Brand ဖြစ်နေပါပြီ။
သူတို့ ကုန်ပစ္စည်းတွေက အနာဂတ်မှာ အောင်မြင်နိုင်တဲ့ အလားအလာရှိတာကြောင့် အလှအပရေးရာမှာ ဒိတ်ဒိတ်ကြဲအောင်မြင်နေတဲ့ Claire Lunaက သူတိုရဲ့ အကြွေးကို ဆပ်ပေးမယ်ဆိုပြီး ကမ်းလှမ်းလာခဲ့ပါတယ်။ နောက်ပြီး Claireရဲ့ နောက်လာမယ့် ပြပွဲအသစ်မှာ သူတို့ ကုန်ပစ္စည်းချပြလို့ အောင်မြင်မယ်ဆိုရင် ထပ်ပြီး ရင်းနှီးမြှုပ်နှံမှာ ဖြစ်ပါတယ်။
ပြပွဲမှာ တင်ဆက်မယ့် ပစ္စည်းကို Mel & Mia ပြင်ဆင်နေချိန်မှာ ပြိုင်ဘက် နှစ်ယောက်ကလည်း ပေါ်လာပါပြီ။ Claireကလည်း အဲ့ဒီပြိုင်ဘက်နှစ်ယောက်ရဲ့ လုပ်ငန်းကိုပဲ မြှုပ်နှံတော့မယ်ဆိုပြီး ကြေငြာလိုက်ပါတယ်။
နောက်ဆုံးမှာ သူတို့ နှစ်ယောက်စလုံးက Claireဟာ သူတို့ အလှကုန်ပစ္စည်းတွေကို လက်ဝါးကြီးအုပ်ချင်ရုံသာမက သူတို့ ကုမ္ပဏီကို အကြွေးတွေ တင်အောင်လုပ်ရင်း ကုမ္ပဏီကိုပါ သိမ်းမယ့်အကြံကို သိသွားပါတော့တယ်။
အဲ့အချိန်မှာ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ Claireကို ဘယ်လိုမျိုး လှလှပပ လက်စားပြန်ချေပြီး သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကလည်း ဘယ်လိုဆက်ဖြစ်မလဲဆိုတာ ကြည့်လိုက်တော့နော်။
( ဇာတ်ကားဆိုတာ ကိုယ်ကိုယ်တိုင် ကြည့်ရမှ အရသာပိုရှိတာမလား)
Websiteက Channel Myanmar ဆိုတဲ့ pageမှာ Like A Boss ဆိုပြီး ရှာလိုက်ရင် တန်းကြည့်လို့ရပါပြီနော်။
ဒီကားလေးက မိန်းကလေးတွေကို အဓိကထားပြီး ဟာသအနှောလေးနဲ့ Inspire ပေးတဲ့ပုံစံဖြစ်ပေမဲ့ ယောကျာ်းလေးတွေ ကြည့်လည်း မမှားပါဘူးနော်။
အဆုံးထိ ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ 
ကိုယ့်မှာ ကောင်းတူဆိုးဖက် Bff တွေ သူငယ်ချင်းအစစ်အမှန်တွေ ရှိနေပြီဆိုရင်လည်း ကံကောင်းတဲ့သူတွေပါလို့ မှတ်လိုက်ပါနော်။
Written by

Comments
Post a Comment