“Ways To Improve Your Mental Health”
“သင့်ရဲ့ စိတ်ကျန်းမာရေး ကိုပိုမိုကောင်းမွန်လာစေမယ့် နည်းလမ်းများ”
စိတ်ကျန်းမာရေး လို့ဆိုလိုက်လို့ စိတ်မနှံ့ဘဲရူးနေတာတို့ကို ဆိုလိုတာမဟုတ်ပါဘူး။ လူတိုင်းဟာ လူတစ်ကိုယ်စိတ်တစ်မျိုး စီရှိကြတာဖြစ်တဲ့အတွက် ကိုယ့်ကိုယ်ကို
ခံယူထားတဲ့အမြင်တွေ၊ စိတ်ခံစားမှုတွေ၊ နေ့စဉ် ကြုံတွေ့ရတဲ့ ပြသာနာတွေကို ဖြေရှင်းပုံတွေ ကလည်းမတူညီကြပါဘူး။ ဒီလိုမတူတာကလည်း မိမိတို့ရဲ့ စိတ်နေစိတ်ထား တွေပေါ်မှာ မူတည်လို့ပဲဖြစ်ပါတယ်
စိတ်ကျန်းမာရေးကောင်းခြင်း ဆိုတာက ကောင်းမွန်စွာအသက်ရှင်နေထိုင်ခြင်းပဲ ဖြစ်ပြီးတော့ လူတစ်ယောက်က ကိုယ့်ကိုယ်ကို လက်ခံနိုင်ခြင်း၊ ဘဝမှာ ကြုံတွေ့ရမယ့် အခက်အခဲတွေ၊ စိတ်ဖိစီးမှုတွေကို ကိုင်တွယ်နိုင်ခြင်း၊
အများအတွက်ကောင်းကျိူးတွေပြုခြင်း၊ မိမိကိုယ်တိုင်လည်း အလုပ်မှာအဆင်ပြေစွာ လုပ်ကိုင်နိုင်ခြင်း တွေပေါ်မှာလည်း များစွာသက်ရောက်ပါတယ်
(ဒါမှမဟုတ်)
အဲ့လိုတွေ ဖြစ်တတ်တဲ့သူတစ်ယောက်ဆိုရင်တော့ သင့်ရဲ့ Mental Health ကိုဂရုစိုက်ပေးဖို့ လိုအပ်ပါတယ်
အဲ့လိုတွေ မဖြစ်တတ်တဲ့ သူတစ်ယောက်ဆိုရင်လည်း သင့်ရဲ့ကိုယ်ခန္ဓာကို ကျန်းမာအောင်လုပ်နေတဲ့အပြင် သင့်ရဲ့ စိတ်ကိုပါ ပိုမိုကျန်းမာအောင် လုပ်သင့်တယ်လို့ထင်မြင်မိပါတယ်
ဒါဆိုရင် သင့်ရဲ့ စိတ်ကို ဘယ်လို နည်းလမ်းတွေနဲ့ ကျန်းမာအောင်၊ စိတ်ညစ်စရာတွေ မတွေးဖြစ်အောင်လုပ်ကြမလဲ
နည်းလမ်းလေးတွေကတော့ …
သင့်ကိုယ်သင် သဘောမကျတဲ့အချက်တွေပဲ ပြောနေမယ့်အစား သင့်မှာရှိတဲ့ ကောင်းတဲ့အချက်လေးတွေ ပြောပြီး ကိုယ့်ဘာကိုယ် အားပေးကြည့်ပါ။
သင့်အပေါ်မှာ သူများတွေလုပ်ခဲ့တဲ့ မကောင်းတာတွေကို ပြန်မတွေးဖို့ ကြိုးစားရင်းနဲ့ သူတို့ ကိုယ့်အပေါ်လုပ်ပေးခဲ့တဲ့ ကျေးဇူးတင်စရာကောင်းတာတွေ၊ သင့်ကို ပျော်ရွှင်
စေခဲ့တာတွေကို ရေးမှတ်ပါ၊ ဒါမှမဟုတ်လည်း ပြန်တွေးကြည့်ပါ၊ ဒီလိုနည်းနဲ့ သင့်ရဲ့စိတ်ကို ချစ်ခင်မှုတွေ ပျော်ရွှင်မှုတွေနဲ့ပဲ ဖြည့်ထားကြည့်ပါ။
ကိုယ်လုပ်နေတဲ့ အရာတစ်ခုကိုပဲ အာရုံစိုက်ပါ၊ ဗျာမများပါနဲ့၊ ဟိုဟာလည်းလုပ်ချင်၊ ဒီဟာလည်း လုပ်ချင်တဲ့စိတ်က တော်ရုံပဲကောင်းပါတယ်၊ မဟုတ်ရင် နောက်ပိုင်းကျ
သင့်စိတ်ရှုပ်ထွေးစေနိုင်ပါတယ်။
လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်တတ်တဲ့ အကျင့်ထားပါ၊ ဒါက သင့်ခန္ဓာကိုယ်ကို ကျန်းမာစေတဲ့အပြင် သင့်ရဲ့စိတ်ကိုပါလန်းဆန်းစေမှာပါ။
အစာကို သင့်တင့်မျှတစွာ စားသုံးတတ်ပါစေ၊ သင့်စားသမျှက သင့်ရဲ့ကိုယ်ခန္ဓာကို သာမက ဦးနှောက်ကိုပါ အာဟာရပြုစေမှာဖြစ်လို့ ကျန်းမာစေမယ့် အစားအစာတွေကိုသာ ရွေးချယ်စားသုံးသင့်ပါတယ်။
သင့်မှာ စိတ်ညစ်စရာတွေ ကြုံလာခဲ့ရင်လည်း သင်ယုံကြည်တဲ့ တစ်ယောက်ယောက်ကို ရင်ဖွင့်ပါ၊ တိုင်ပင်ဆွေးနွေးကြည့်ပါ၊ ဒါက သင့်ကို “အော်ငါ့မှာ ယုံကြည်ရတဲ့သူတစ်ယောက်ယောက်ရှိပါလား” ဆိုပြီး သင့်ကို စိတ်သက်သာရာ ရစေမယ့်အပြင် တစ်ယောက်ယောက်ကို ရင်ဖွင့်လိုက်ခြင်းကြောင့်
သင်ခံစားရတာတွေလည်း ပေါ့သွားနိုင်ပါတယ်။
တစ်စုံတစ်ယောက်အတွက် ကောင်းတာတစ်ခုခု ပြုလုပ်ပေးကြည့်ပါ၊ ဒါကိုပြန်တွေးကြည့်ရင် သင့်စိတ်ထဲမှာပီတိ ဖြာနေစေတာမျိုးပေါ့။
အလုပ်တွေ ကိုစိတ်ညစ်ခံပြီးတစ်ထိုင်တည်း လုပ်နေမယ့်အစား အားလပ်ချိန်ယူလိုက်တာက သင့်စိတ်ကိုပြန်လည်ကြည်လင်စေတာမို့ အလုပ်လည်းပိုကောင်းကောင်း လုပ်နိုင်လာမှာပါ။
အိပ်ချိန် ကိုပုံမှန်သတ််မှတ် ထားကြည့်ပါ။ အိပ်ရေးမဝဖြစ်တာမျိုး၊ အအိပ်များတာမျိုးဆို သင့်စိတ်မှာ အနှောင့်အယှက်ဖြစ်စေဖို့ သေချာသလောက်ရှိလို့ပဲ ဖြစ်ပါတယ်။
ဒါဆိုရင်တော့ ဒီနည်းလမ်း(၉)ချက်က သင့်ရဲ့စိတ်ကျန်းမာရေး (mental health)ကို ပိုမိုကျန်းမာလာအောင်ပြုလုပ်တဲ့အခါမှာ အကျိုးပြုစေဖို့ မျှော်လင့်ပါတယ်
Written by
TTZ

Comments
Post a Comment