Active listening (နားထောင်သူကောင်းတစ်ယောက်ဖြစ်ဖို့...)




Active listening ကို တိုက်ရိုက်ဘာသာပြန်လိုက်မယ်ဆိုရင် ထိရောက်သော နားထောင်ခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ တစ်နည်းအားဖြင့် good listener(နားထောင်သူကောင်း) ကို ဆိုလိုတာပဲဖြစ်ပါတယ်။ တစ်ဖက်သားကပြောတာကို သင်ဘယ်လိုနားထောင်တယ်ဆိုတာက သင့်ရဲ့ လုပ်ငန်းခွင်မှာရော ပေါင်းသင်းဆက်ဆံရေးမှာပါ များစွာ သက်ရောက်မှုရှိစေနိုင်ပါတယ်။ 😇

Active listening ဆိုတာက ရှိသင့်ရှိထိုက်တဲ့ soft skill တွေထဲကတစ်ခုပါပဲ။ နားထောင်တယ်ဆိုတာက တကယ်တော့ ဝှက်စာဖော်ရသလိုပါပဲ။ သူငယ်ချင်းတစ်ယောက်ယောက် ကိုယ့်ဆီ မျက်နှာမကောင်းဘဲ ရောက်လာပြီဆို အလိုအ​လျောက်သိလိုက်သလို​ပေါ့။ 😅

နားထောင်သူကောင်းတွေဟာဆိုရင် အမြဲတမ်း တစ်ဖက်က ဘာပြောချင်နေတာလဲဆိုတာကို သူတို့ရဲ့ မျက်နှာအမူအရာတွေ၊ body language တွေကြည့်ပြီး နားလည်အောင် အမြဲကြိုးစားနေကြတယ်။ ဒါပေမယ့် တစ်ခါတလေတော့ "3 Shadows You Don't Know "မဖြစ်ဖို့လို့မယ်နော်။ 🤫

နားထောင်သူကောင်း တစ်ယောက်ဖြစ်အောင် ကိုယ်ကိုယ်တိုင်က ​လေ့ကျင့်ယူဖို့လိုပါတယ်။ ဒါကြောင့် နားထောင်သူကောင်း တစ်ယောက်ဖြစ်ဖို့အတွက် လေ့ကျင့်သင့်တဲ့ နည်းလမ်းလေးတွေကို Beatrix ကနေဖော်ပြသွားပါမယ်နော်။ 😉

🔸1. Pay Attention (တစ်ဖက်သားကို အာရုံစိုက်ပါ)

နှစ်ဦးနှစ်ဖက်စကားပြောတဲ့အခါမှာ ပြောတဲ့သူကို အာရုံအပြည့်အဝပေးဖို့က အလွန်အရေးကြီးပါတယ်။ ကိုယ့်မိသားစု၊ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ပဲဖြစ်ဖြစ် စကားပြောတဲ့အခါမှာ သေချာအာရုံစိုက် နားထောင်ပေးခြင်းဟာ တစ်ဖက်သားက ကိုယ့်အပေါ်မှာ ယုံကြည်မှု တိုးပွားစေပါတယ်။ 🤝

🔸2. နား​ထောင်​နေ​ကြောင်း မြင်သာ​အောင်​နေပြပါ။

စကားပြောတဲ့အခါမှာ ကိုယ်ကတစ်ဖက်သားပြောနေတာကို စိတ်ဝင်စားမှုရှိကြောင်း၊ နားထောင်နေကြောင်းကို ဖော်ပြပါ။ ကိုယ်က နားထောင်နေတယ်ဆိုတာကို တစ်ဖက်သူသိဖို့ စကားတွေအများကြီး ပြောစရာမလိုပါဘူး။ ရံဖန်ရံခါ ခေါင်းငြိမ့်ပြတာတွေ၊ မျက်နှာအမူအရာနဲ့ဖော်ပြတာတွေ၊ ကိုယ့်ရဲ့ခန္ဓာကိုယ်အမူအရာလေးတွေနဲ့ ဖော်ပြတာလေးတွေလုပ်ပေးပါ။ 🤗

🔸3. တုံ့ပြန်ချက်လေးတွေပြန်ပေးပါ။

တစ်ဖက်သားပြောသမျှကို ဘာမှပြန်မပြောဘဲ ပါးစပ်ကြီးပိတ်ပြီး နားထောင်နေတာမျိုးတော့ မလုပ်လိုက်ပါနဲ့နော်။ တစ်ဖက်က သူပြောသွားတဲ့အပေါ်ကိုလိုက်ပြီး မေးခွန်းမေးတာလေးတွေ၊ အာမေဋိတ်သံပြုပေးတာလေးတွေကို အလိုက်အထိုက်လေးပြန်ပြောပေးပါ။ 👏

🔸4. Eye Contact ရှိပါစေ။

နှစ်ဦးတည်းစကားပြောတဲ့အခါမှာ ပြောတဲ့သူရဲ့ မျက်လုံးတည့်တည့်ကို ကြည့်တာက အလွန်အရေးပါတဲ့ အရာပဲဖြစ်ပါတယ်။ ပြောတဲ့သူက အားကြိုးမာန်တက်ပြောနေတဲ့အချိန်မှာ ကိုယ်က အာရုံမစိုက်ဘဲ တောင်ကြည့်မြောက်ကြည့် ကြည့်နေမယ်ဆို တစ်ဖက်သူကို မလေးစားရာရောက်သလို ပြောတဲ့သူအတွက်လည်း အားလျော့စေပါတယ်။ ဒါကြောင့်မလို့ Eye Contact ဟာဆိုရင် Active listener ဖြစ်ဖို့အတွက် အရေးပါတဲ့ အမူအရာပဲဖြစ်ပါတယ်။ 👀

🔸5. ဝေဖန်မစောပါနဲ့။

တစ်ဖက်သားပြောနေတာကို ဆုံးအောင်နားမထောင်ဘဲနဲ့ ဆန္ဒစောပြီး ဖြတ်ပြောတာတွေ၊ ဝေဖန်တာတွေကို မလုပ်မိပါစေနဲ့နော်။ သူများပြောနေတာကို ကြားဖြတ်ပြောတာက အချိန်ကို သက်သက်မဲ့ ဖြုန်းတီးရာ​ရောက်ပြီးတော့ ပြောချင်တဲ့ အဓိပ္ပာယ်ကို နားမလည်ဘဲ သွေဖယ်သွားတတ်ပါတယ်။ ဒါကြောင့် ကိုယ်ကမေးချင်တာရှိရင် တစ်ဖက်ကပြောတာကို အရင်ဆုံးအောင်နားထောင်ပြီးတော့မှ ကိုယ်ပြောချင်တာကိုပြောပါ။ 🙋‍♂️

🔸6. တစ်ဖက်သားကို အားပေးစကားဆိုပေးပါ။

နားထောင်ပေးသူကောင်းတစ်ယောက်ဆိုတာက တစ်ဖက်ကသူပြောတာကို လေးလေးနက်နက် နားထောင်ပေးပြီးတော့ ကိုယ်တိုင် ဝေမျှခံစားပေးတတ်တာပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကိုယ်က အကြံဉာဏ်ပေးတာပဲဖြစ်ဖြစ်၊ အားပေးစကားဆိုတာပဲဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်းနဲ့ အရှိအတိုင်းပြောပေးပါ။ ဒါမှသူနဲ့ကိုယ်ကြားက ဆက်ဆံရေးကို ပိုပြီးကောင်းမွန်လာစေမှာပါ။ 🤝

ဖော်ပြထားတဲ့ အချက်လေးတွေကို ကြည့်ပြီးတော့ သင်ကိုယ်တိုင် နားထောင်သူကောင်းဖြစ်အောင် လေ့ကျင့်ယူလို့ရပါတယ်။ သင်ဟာ နားထောင်သူကောင်း တစ်ယောက်ဖြစ်ပြီလား ဆိုတာကိုလဲ ဒီအချက်လေးတွေကို ကြည့်ပြီး ကိုယ်တိုင် ဆန်းစစ်ကြည့်နော်။ 😉

သင့်သူငယ်ချင်းတွေထဲမှာ ကိုယ်ရင်ဖွင့်တာကို အမြဲနားထောင်ပေးတဲ့သူရှိရင် mention ခေါပြီး​တော့ ကျေးဇူးတင်ကြောင်းပြောဖို့ မ​မေ့ပါနဲ့။ 🤩

Reference
https://www.mindtools.com/CommSkll/ActiveListening.htm

[https://www.thebalancecareers.com/active-listening-skills...](https://www.mindtools.com/CommSkll/ActiveListening.htm)

Written By,
Grace 

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱