အရောင်နဲ့ စိတ်ခံစားချက်တွေ ဘယ်လိုဆက်စပ်နေသလဲ?

ခေါင်းစဉ်လေးကြည့်လိုက်တာနဲ့ စိတ်ဝင်စားသွားပြီမလား?

ဘယ်လိုမျိုး ဆက်စပ်နေတာလဲ။ ဘယ်အရောင်လေးတွေလဲ သိချင်နေပြီမလား။🙄

 

ဒီနေ့မှာ Stellaက ထူးထူးခြားခြားလေးဖြစ်သွားအောင် အရောင်တွေဟာ လူတွေရဲ့ပျော်ရွှင်မှု၊ဝမ်းနည်းမှု၊

တည်ငြိမ်မှု စတဲ့ ခံစားချက်တွေနဲ့ ဘယ်လိုတိုက်ရိုက်အချိုးကျ ဆက်စပ်နေတယ်ဆိုတာကို ပြော​ပြပေးသွားပါမယ်။

 

လူတွေရဲ့ စိတ်ခံစားမှုတွေဟာ အရောင်တွေရဲ့ အရင့်၊ အဖျော့၊ အမှောင်၊ အလင်းပေါ်မူတည်ပြီး ​ကွဲလွဲသွားတယ်။ ဒါကြောင့် အရောင်တစ်ခုချင်းစီရဲ့ လွှမ်းမိုးနိုင်တဲ့ စွမ်းရည်

( dominant traits)ကို မပြောခင် တူရာ တူရာ အုပ်စုခွဲပြီး အရင်ပြောပြပေးပါမယ်။💁🏻‍♀️

 

🍁 Warm colors ( နွေးထွေးစေတဲ့ အရောင်)ထဲမှာဆိုရင် အနီ၊ လိမ္မော်၊ အဝါ ပါဝင်ပြီး

🌿 Cool colors ( စိတ်ကို အေးမြစေတဲ့ အရောင်) ထဲမှာ အစိမ်း၊ အပြာ၊ ခရမ်း တို့ပါဝင်ပါတယ်။

 

🤗 Happy colors ( ပျော်ရွှင်စေတဲ့အရောင်) ထဲမှာအဝါ၊ လိမ္မော်၊ ပန်းရောင် နဲ့ အနီ၊ မက်မွန်သီးရောင်တို့

ပါဝင်ပြီး

😢 Sad colors ( ဝမ်းနည်းမှုကို ဖော်ပြတဲ့ အရောင်)ဆိုရင် တော့ မီးခိုးရောင်၊ အညိုရောင်တို့ပါဝင်ပါတယ်။

 

😇 Calming colors (အေးချမ်းတဲ့အရောင်)တွေက အပြာ၊ အစိမ်း၊ သနပ်ခါးရောင် ဖြစ်ပြီး

💪 Energizing Colors ( ခွန်အားဖြည့်အရောင်)

တွေက အနီတောက်တောက်၊ အဝါတောက်တောက်၊ အစိမ်းတောက်တောက်နဲ့ မြစိမ်းရောင် တို့ဖြစ်ပါတယ်။

 

အရောင်တွေက ဘယ်လိုခံစားမှုတွေကိုပေးနိုင်တာလဲ?💁🏻‍♀️

 

Warm color တွေထဲက


♥️အနီရောင်လေးဟာ စိတ်အားထက်သန်စေပြီး အားအင်အပြည့်ဖြစ်စေတယ်။

 

အနွေးထွေးဆုံးနဲ့ အားအင်အဖြစ်စေဆုံး အရောင်ဖြစ်တဲ့အတွက် negative thinkingကိုလည်း

တားဆီးပေးတယ်။

 

အချစ်တွေ စိတ်အားထက်သန်မှုတွေနှင့် ပြည့်နှက်နေတဲ့ အရောင်ဖြစ်ပေမယ့် ဒေါသလည်းကြီးစေနိုင်တယ်။ တစ်ခါတလေ သတိပေးတဲ့နေရာမျိုးမှာ သုံးကြတယ်။⛔️

 

🧡လိမ္မော်ရောင်ဟာ Call to Actionဆိုတဲ့ customersကို ဝယ်လာအောင် ဆွဲဆောာင်နိုင်တဲ့နေရာမှာအရမ်း အသုံးဝင်ပါတယ်။ 

( marketing သမားတွေလည်း ရင်းနှီးဖူးသား ဖြစ်မှာပါ)

 

Cool colorsတွေထဲက 


💚အစိမ်းရောင် ကတော့အကောင်းမြင်စိတ်ဖြစ်စေပြီးတော့ လန်းဆန်းစေတယ်။

ကျန်းမာရေးကောင်းခြင်း၊၊ ကြွယ်ဝချမ်းသာခြင်း နဲ့ အသစ်တဖန် ပြန်စခြင်းတို့ကို ကိုယ်စားပြုတယ်။

 

တခါတလေကျရင် Stellaတို့ အလုပ်လုပ်ရင်းနဲ့ pressureတွေ အရမ်းများလာတဲ့အခါ ကိုယ့်ပတ်ဝန်းကျင်က သစ်ပင်လေးတွေ အစိမ်းရောင်တွေကို မထင်မှတ်ဘဲ ကြည့်လိုက်မိတယ်။ အဲ့ဒီအခါမှာ စိတ်ကပြန်လည် လန်းဆန်းလာပြီး ideasအသစ်အဆန်းတွေလည်း ပေါ်လာတာကို ကြုံဖူးကြမှာပါ။

 

💙အပြာရောင် ယုံကြည်မှု၊ စိတ်သက်သာစေမှု၊ ရင်းနှီးမှုတို့ကို ဖြစ်စေတယ်။

 ဒါကြောင့်မလို့ တချို့ဆို navy အပြာရောင်ကို Interviewဖြေရင် ဝတ်သင့်တယ်ဆိုပြီး အကြံပေးကြတယ်။

 

နောက်ပြီး Stellaတို့ သုံးနေတဲ့ Facebook၊ Twitterဟာလည်း အပြာရောင်ပဲ ဖြစ်တယ်။

ဒါ့အပြင် ပုံဆွဲတဲ့သူတွေ အပြာရင့်ရင့်ကို သုံးပြီးဆွဲရင်လည်း Professionalဆန်စေတယ်လို့  ဆိုပါတယ်။✨

 

💜ခရမ်းရောင်လေးဟာ  တီထွင်ဆန်းသစ်နိုင်မှုကို ကိုယ်စားပြုတယ်။ သူဟာ တစ်ဖက်သားအပေါ် သစ္စာရှိမှု

(ချစ်သူအချင်းချင်းပဲဖြစ်ဖြစ်၊သူငယ်ချင်းပဲဖြစ်ဖြစ်)  ၊ချမ်းသာမှု၊ဆန်းကြယ်မှုတို့ကို ဖော်ပြတယ်။ ဒါကြောင့်မလို့ များသောအားဖြင့် အလှကုန်ပစ္စည်းတွေမှာသုံးကြတာကို တွေ့ရပါတယ်။

 

Happy colors ထဲက

💗ပန်းရောင်လေးဟာ ရိုမန်တစ်ဆန်တတ်တဲ့သူတွေအတွက် အကြိုက်တွေ့စေမယ့် အရောင်လေးဖြစ်ပါတယ်။ သူဟာ မိန်းကလေးဆန်တယ်၊ အထိမခံ ရွှေပန်းကန် ပုံစံမျိုးကို ဖော်ပြတယ်၊ ကြင်နာသနားတတ်တဲ့ ပုံစံလေးကို ပြတယ်၊ လှပတယ်၊ နှစ်လိုဖွယ်ကောင်းတယ်၊ မိန်းကလေးတို့ရဲ့ အသည်းစွဲလို့ပြောလည်း မမှားပါဘူး။


အဲ့ဒါကြောင့် မိန်းကလေးတစ်ယောက်က

ပန်းရောင်အင်္ကျီဖြစ်ဖြစ်၊ ဂါဝန်ဖြစ်ဖြစ် ဝတ်လိုက်ရင် လှလွန်းလို့ မကြည့်ပဲကို မနေနိုင်တာပါ။👀

 

🤎အညိုရောင်ဟာ စစ်မှန်တဲ့ ပုံစံမျိုးကိုဖော်ပြတယ်။ လက်တွေ့ကျပြီး အမှီအခိုကင်းတဲ့ ခံစားချက်မျိုး

ပေးနိုင်တယ်။ ရှေးရိုးအစဥ်အလာကို နှစ်သက်ပြီး ရှေးဆန်တဲ့ပုံစံမျိုးဖြစ်စေတယ်။

 

🖤အနက်ရောင်လေးကတော့ ပညာရှိခြင်း၊ အထက်တန်းဆန်ခြင်း၊ လေးလေးနက်နက်ရှိခြင်း

စတဲ့ခံစားချက်ကို ဖြစ်စေတယ်။

အင်အားရှိခြင်း၊ ဇိမ်ခံပစ္စည်းများကို နှစ်သက်ခြင်း၊ ဝင့်ဝင့်ထည်ထည်လှပခြင်းတို့ကို ဖော်ပြတယ်။ ရိုးရှင်းတယ်၊ professionalဆန်တယ်၊ ဆန်းကြယ်တယ်။

 

⚪️အဖြူရောင်လေးကတော့ Stellaတို့ ပြောပြောနေတဲ့ aesthetic ဆန်တယ်။ ဖြူစင်ပြီး သန့်သန့်ရှင်းရှင်း လန်းဆန်းစေတဲ့အရာကို ဖော်ပြတယ်။

အဖြူနဲ့ အမည်းတွဲဝတ်တဲ့ Fashionဟာ ဘယ်လောက်ပဲ ခေတ်ပြောင်းပြောင်း ရိုးသွားတယ်ဆိုတာမျိုး မရှိဘူး။

Sad colorဆိုပေမယ့်လည်း တစ်ခါတလေ အကောင်းဘက်ကိုသွားတာမျိုးရှိတတ်ပါတယ်။

 

💁🏻‍နောက်ဆုံးအနေနဲ့ မီးခိုးရောင်လေးက ရင့်ကျက်ခြင်းကို ဖော်ပြတယ်၊ တာဝန်ယူစိတ်ရှိတဲ့ပုံစံလေးဖြစ်စေတယ်၊ ကိုယ့်ကိုယ်ကို အားကိုးတတ်တယ်၊လေးနက်တယ် ဆိုတာကို ဖော်ပြတယ်။

နောက်ပြီး လက်သည်းနီကို မီးခိုးရောင်လေးဆိုးရင်လည်း ဘယ်လို အသားရောင်မျိုးမဆို  လိုက်ဖက်ပြီး လက်ကလေးဟာ လှသွားတယ်။💅

 

ဒါကတော့ Stellaက colorsတွေနဲ့ လူသားတွေကြားထဲက

နက်ရှိုင်းတဲ့ဆက်စပ်မှု ကြောင်းကို တစ်ခုချင်းစီဖော်ပြခဲ့တာ ဖြစ်ပါတယ်။

 

Stellaဆိုရင် red, black, whiteတို့ကိုမြင်ရင် မကြိုက်ဘဲ၊  မဝယ်ဘဲ မနေနိုင်ဘူး ။😂

 

Beatrix ပရိတ်သတ်ကြီးလည်း ကိုယ့်ရဲ့အကြိုက်ဆုံး colorလေးတွေကို  Commentမှာ ရေးခဲ့ကြဦးနော်။

 

Be Care & Healthy😘

 

Written by

# Stella Pyae

 

Ref:https://99designs.com/blog/tips/how-color-impacts-emotions-and-behaviors/


 

 


Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱