အလုပ်တွေအများကြီးလုပ်ပြီး မနိုင်ဝန်ထမ်းမိနေပြီလား💁🏻♀️
အလုပ်တွေအများကြီးလုပ်ပြီးမနိုင်ဝန်ထမ်းမိနေပြီလား💁🏻♀️
ကျွန်မတို့ ၂၁ ရာစုလူငယ်တွေဟာ အရမ်းကို စိတ်အားထက်သန်ကြပြီး ကြိုးစားချင်စိတ် အပြည့်အဝရှိကြတဲ့လူငယ်တွေပဲ ဖြစ်ပါတယ်။ ဘယ်အရာကိုမဆို အနာဂတ်အတွက်အစီအစဉ်တွေလည်း ကြိုတင်ချမှတ်ထားတတ်ကြတဲ့လူတွေပဲ ဖြစ်ပါတယ်။ အခုနှစ် ၂၀၂၀ အတွက် ဆိုလည်း ကျွန်မတို့တစ်တွေမှာ ကိုယ်စီကိုယ်စီ အစီအစဉ်တွေရှိခဲ့ကြပေမယ့် အခု covid ကြောင့် အစီအစဉ်တွေပျက်ခဲ့ ကြပြီး စိတ်ဓာတ်တွေ ကျနေတဲ့လူတွေလည်း အများကြီးရှိပါတယ်။ 😔
ဒီလိုမျိုးတွေ ဖြစ်နေချိန်မှာ အလကားမနေချင်ကြတဲ့ အတွက် online ကနေအလုပ်တွေလုပ်ကြ တယ်။ Volunteer တွေလုပ်ကြတယ်။ လေ့လာစရာရှိတာတွေလေ့လာပြီး online courses တွေတက်ကြတယ်။ ✍️
ဒါပေမယ့် အခု နောက်ပိုင်းမှာ ကျွန်မတို့ တော်တော် များများက လောဘတွေကြီးပြီး ဟိုဟာဆိုလည်း လက်လွှတ်မခံချင်၊ ဒီဟာဆိုလည်း လက်လွှတ် မခံချင်နဲ့ ရှိသမျှအကုန်လုံးကို လိုက်လုပ်ပြီး မနိုင်ဝန်ထမ်းမိသွား တာမျိုးတွေဖြစ်နေ ကြတာကို မြင်နေ ရပါတယ်။
အလုပ်တွေအများကြီး လုပ်လို့ ကိုယ့်မှာပညာတွေ အများကြီး တိုးတက် လာတယ်လို့ ထင်ရပေမယ့် တစ်ချိန်တည်း မှာပဲ ကိုယ့်အတွက်ဘေးထွက်ဆိုးကျိုးတွေ အများကြီးဖြစ်ပေါ် လာ တတ်ပါတယ်။❌
မနိုင်ဝန်တွေထမ်းတဲ့အခါ ဘယ်လိုဆိုးကျိုး တွေဖြစ်လာတတ်လဲ?💁🏻♀️
📍စိတ်ဖိစီးမှုတွေဖြစ်ပေါ်လာစေမယ်🤦🏻♂️
တာဝန်တွေအများကြီး ယူထားတဲ့အခါမှာ ကိုယ့်အလုပ်တွေမပြီးမှာကိုစိုးရိမ်နေရတာ၊ deadline တွေနဲ့ပိနေတာ၊ လောင်ရတာတွေနဲ့ စိတ်တွေဖိစီးလာပြီး ကိုယ်လုပ်နေတဲ့ အလုပ်တွေအပေါ် အာရုံစူးစိုက်မှု နည်းလာသွားတာမျိုးတွေ အလုပ်ပြီးဖို့ပဲ အာရုံရောက်နေတတ် တာမျိုးတွေဖြစ်သွားတတ်ပါတယ်။ စိတ်ဖိစီးမှုတွေများပြီးညအိပ်မပျော်တာတွေ၊ အချိန်မှန်မစားသောက်နိုင်တာတွေ ဖြစ်မယ်၊ ရေရှည်ကျန်းမာရေးလည်းထိခိုက်လာနိုင် ပါတယ်။
📍Quantity over quality ❗️
(အရည်အသွေးထက်အရည်အတွက်ကများနေမယ်)
အလုပ်တွေအများကြီးတစ်ပြိုင်နက်လုပ်နိုင်တာ ကောင်းတယ်လို့ထင်ရပေမယ့် ကိုယ်လုပ်နေတဲ့ အရာတစ်ခုချင်းစီအပေါ်ကို အာရုံစူးစိုက်မှု နည်းတဲ့အတွက်၁၀၀ရာခိုင်နှုန်းကောင်းအောင် မလုပ်နိုင်တော့ ပါဘူး။ အချိန်ကာလတစ်ခုမှာ တစ်ခုတည်းသော အလုပ်ကိုအာရုံစိုက် လုပ်ရင် အရည်အသွေးပြည့်ဝတဲ့အရာတွေ ရရှိမှာဖြစ်ပါတယ်။
📍Work/Life Balance ပျက်ပြားခြင်း📑
လူတွေဟာအလုပ်တွေများတဲ့အချိန်မှာ ကိုယ့်ရဲ့အသက်ရှင်ရတဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို အလုပ်လုပ်ရင်းပဲကုန်ဆုံးသွား တတ်ကြတယ်။ အသက်ရှင်ဖို့ အလုပ်လုပ်တာ မဟုတ်ဘဲ အလုပ်လုပ်ဖို့ အသက်ရှင်တဲ့သဘောဘက်ကိုသက်ရောက် သွားတယ်။ အလုပ်တွေများပြီး ကိုယ့်ပျော်ရွှင်မှုအတွက်၊ ကိုယ့်မိသားစု၊ သူငယ်ချင်းတွေ အတွက် အချိန်တွေ ခွဲဝေပေးခွင့်မရရင် အသက်ရှင်ရတာ ဘယ်အဓိပ္ပါယ်ရှိပါတော့ မလဲ?
📍Business over productivity 🤯
စာမေးပွဲနားနီးမှ စာတွေအတင်းခေါင်းထဲ သွတ်သွင်းတဲ့အခါမှာ စာမေးပွဲအတွက်တစ်ပွဲထိုး တော့ဖြေကောင်းဖြေနိုင် မယ်။ ဒါပေမယ့်နှစ်ရက်လောက်နေရင် ခေါင်းထဲ ဘာမှမကျန်တာကို လူတိုင်းလည်း သိမှာပါ။ ဒီနည်းအတိုင်းပဲ deadline အချိန်အထိသာ ကိုယ်လုပ်နေတဲ့အလုပ်က ခေါင်းထဲကျန်နေလိမ့်မယ်၊ ဒါပေမယ့် ဘာအကျိုးမှရလာမှာမဟုတ်ဘဲ အလုပ် များနေတာပဲရှိပါတော့မယ်။
ဒီတော့ အားလုံးကိုပြောချင်တာက multitasking(အလုပ်တွေကိုတစ်ပြိုင်နက်လုပ်ခြင်း) လုပ်တာဟာကောင်းပေမယ့် ကိုယ့်အတွက်မလိုအပ်တဲ့ အလုပ်တွေများလာတဲ့အခါ ဘာမှအကျိုးရှိလာမှာ မဟုတ်ဘဲ ဆိုးကျိုးတွေ ကိုသာရရှိမှာဖြစ်ပါတယ်။🙅🏻♀️
လောဘအရမ်းထားပြီး အလုပ်အများကြီး လုပ်နေတာထက် တစ်ခုတည်းသောအလုပ် ဒါမှမဟုတ်ကိုယ်နိုင်သလောက်အလုပ်အပေါ် မှာပဲ အာရုံစူးစိုက်မှု အပြည့်ထားပြီး အကောင်းဆုံး ဖြစ်အောင်ကြိုးစားကြပါလို့ တိုက်တွန်းလိုပါတယ်။🐝
Reference: https://www.calendar.com/.../how-overworking.../amp/
Written by
အလှလေ

Comments
Post a Comment