၂၀၂၀ မားကတ်တင်းနည်းဗျူဟာများ
“၂၀၂၀ မားကတ်တင်း နည်းဗျူဟာ" 💯
ဒီ ၂၀၂၀ ခုနှစ်ကြီးဟာဆိုရင် အားလုံးသိကြတဲ့အတိုင်း Covid-19 ကပ်ရောဂါကြီးကြောင့် စီးပွားရေးလုပ်ငန်းတွေ အကြပ်အတည်းနဲ့ ရင်ဆိုင်ရတဲ့ခုနှစ်လို့ ဆိုနိုင်ပါတယ်။ 😪
ကုမ္ပဏီရဲ့ Marketing ဌာနမှာ လုပ်ကိုင်နေတဲ့သူတွေဟာဆိုရင်လဲ ဒီအခက်အခဲကာလအတွင်းမှာ Traditional Marketing လို့ခေါ်တဲ့ သတင်းစာ၊ တီဗီ၊ billboard တွေမှာ ကြော်ငြာထည့်တာတွေ၊ flyer ဝေတာတွေ၊ လူကိုယ်တိုင်သွားပြီး marketing ဆင်းတာတွေ လုပ်ဖို့က ဘယ်လိုမှအဆင်မပြေနိုင်ပါဘူး။🙅♂️
စီးပွားရေးလုပ်တဲ့သူတွေ၊ စျေးကွက်ရှာဖွေနေတဲ့သူတွေဟာ အမြဲတမ်း သူတို့ ဝယ်သူတွေရဲ့ လိုအပ်ချက်တွေကို အစဉ်မပြတ်လေ့လာနေပြီးတော့ ဘယ်လိုနည်းလမ်းတွေနဲ့ သူတို့ လုပ်ငန်းတွေကို ဆက်ပြီးတိုးချဲ့ရမလဲဆိုတာ စဉ်းစားနေကြပါတယ်။
Traditional Marketing တွေအစား ဘယ်လို marketing နည်းဗျူဟာတွေက အစားဝင်လာလဲ၊၂၀၂၀ မှာ ခေတ်စားလာတဲ့ Marketing Strategy တွေက ဘာတွေဖြစ်မလဲဆိုတာ ကြည့်လိုက်ကြရအောင်။ 😉
❇️ 1. Digital Marketing💻
Digital Marketing ဆိုတဲ့ စာလုံးက လူတိုင်းနဲ့ ရင်းနှီးကျွမ်းဝင်နေမယ်လို့ ထင်ပါတယ်။ Digital Marketing ဟာဆိုရင် အခုနောက်ပိုင်း trend ဖြစ်လာတဲ့ marketing ဗျူဟာပဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်း တိုးတက်ဖို့အတွက် Digital Marketing က အရေးပါတဲ့နေရာတစ်ခုကနေ ပါဝင်နေပါတယ်။ ၂၁ ရာစုမှာဆိုရင် နည်းပညာထွန်းကားလာတဲ့ အလျောက် ဒီ marketing ဟာဆိုရင် traditional marketing လိုမဟုတ်ဘဲ အီလက်ထရွန်နစ် စက်ပစ္စည်းတွေ၊ အင်တာနက်တွေ အသုံးပြုပြီးတော့ ကိုယ့် လုပ်ငန်းကို အရှိန်အဟုန်မြင့်တင်ပေးတဲ့ နည်းပဲဖြစ်ပါတယ်။ ကိုယ်က digital marketing နယ်ပယ်ထဲဝင်တော့မယ်ဆိုရင် သူနဲ့သက်ဆိုင်တဲ့ tools တွေအကြောင်းကိုလဲ သိဖို့တော့လိုပါတယ်။
❇️2. Content Marketing✍️
အခုစာရေးသူတို့အသုံးပြုနေတာ ဒီ Content Marketing နည်းနဲ့ပဲ စာဖတ်သူတွေကို စွဲဆောင်နေတာပါ။ Content Marketing ဆိုရာမှာ စာတွေချည်းပဲရေးနေရတာမဟုတ်ပါဘူး။ စာဖတ်သူတွေ ကိုယ့်ရဲ့ ကုန်ပစ္စည်းပေါ်စိတ်ဝင်စားလာအောင် သူများနဲ့မတူတဲ့ တမူထူးခြားတဲ့ ဒီဇိုင်း၊ ရုပ်ပုံ၊ ရုပ်သံတို့ကို ပေါင်းစပ်တတ်ဖို့လည်း လိုပါတယ်။
Content Marketing က ဘာလို့အကျိုးရှိတဲ့ စျေးကွက်ရှာဖွေနည်းဖြစ်တာလဲဆိုရင် အချိန်တိုအတွင်းမှာ ကိုယ့်ရဲ့ ကုန်ပစ္စည်းကို ရောင်းအားတက်နိုင်အောင် ကူညီပေးပြီးတော့ ကုန်ကျစရိတ်ကို လျော့ချပေးနိုင်တဲ့ အတွက်ပဲဖြစ်ပါတယ်။ ကိုယ်က ဆန်းသစ်တီထွင်နိုင်သလောက် ကိုယ့် brand ကို လူသိများလာနိုင်ပြီး ခိုင်မာတဲ့ စျေးကွက်တစ်ခုကို ရရှိလာမှာဖြစ်ပါတယ်။
❇️Social Media Marketing📱
ဒီ Social Media Marketing ဟာဆိုရင်လည်း Digital Marketing ရဲ့ အစိတ်အပိုင်းပါပဲ။Social Media လို့ပြောလိုက်ရင် Facebook တစ်ခုထဲကိုပဲ မမြင်စေချင်ပါဘူး။ ဒီထဲမှာဆိုရင် Instagram, Youtube, Twitter,LinkedIn အစရှိသဖြင့်ပါဝင်ကြပါတယ်။ Social Media Marketing နည်းက ကိုယ့်ရဲ့ ကုန်ပစ္စည်းတစ်ခုကို စားသုံးသူတွေစီရောက်ဖို့ အမြန်ဆုံးနည်းပဲဖြစ်ပါတယ်။
Social Media ဟာဆိုရင် ကုန်ပစ္စည်းအသုံးပြုသူတွေ အများဆုံးရှိတဲ့နေရာဖြစ်ပြီးတော့ ကိုယ့်ရဲ့ brand awareness ကိုမြင့်တင်ပေးနိုင်ပါတယ်။ တချို့စီးပွားရေးလုပ်ငန်းတွေဆိုရင် private group လေးတွေဖွဲ့ထားပြီးတော့ အဲ့ group ထဲမှာ ဝယ်ယူသူနဲ့ ကိုယ့်ကုန်ပစ္စည်းကြားက ယုံကြည်မှုကို ပိုမိုခိုင်မာအောင် တည်ဆောက်ကြတယ်။ ဒါကြောင့်မို့ Social Media နဲ့ စျေးကွက်ရှာဖွေတဲ့နည်းဟာဆိုရင် ပေါ်ပြူလာဖြစ်လာတယ်လို့ ဆိုနိုင်ပါတယ်။
❇️ 3. Video Marketing🎥
Video Marketing ဟာဆိုရင် ကိုယ့်ရဲ့ ကုန်ပစ္စည်းပေါ် လူတွေရဲ့ အာရုံစိုက်မှုရအောင်လုပ်နိုင်ပြီးတော့ ကိုယ်ထောက်ပြချင်တာကို ထင်သာမြင်သာရှိအောင် လုပ်ပေးနိုင်ပါတယ်။ စာရေးသူတို့ဆိုရင်လဲ တစ်ခါတစ်လေမှာ လှုပ်ရှားမှုမပါတဲ့အကြောင်းအရာတွေကိုဆို ကျော်ကျော်သွားတတ်ပါတယ်။ Video မှာဆိုရင် လှုပ်ရှားမှုတွေကော၊ အသံတွေကောပါတာမို့လို့ ကိုယ့်ရဲ့ အာရုံကို ပိုပြီး ဆွဲဆောင်နိုင်ပါတယ်။ Campaign တွေလုပ်တာပဲဖြစ်ဖြစ်၊ ပညာပေးချင်တာပဲဖြစ်ဖြစ်၊ ဖျော်ဖြေရေးလုပ်တာပဲဖြစ်ဖြစ် ဒီ Video Marketing နည်းလမ်းကိုပဲ များသောအားဖြင့်အသုံးပြုကြပါတယ်။ ဒါဟာ ကိုယ့်ရဲ့ ဒစ်ဂျစ်တယ်နဲ့ Social channel တွေမှာဆိုရင် အသုံးပြုသူတွေနဲ့ ဆက်ဆံမှုတိုးမြင့်လာနိုင်ပြီးတော့ မိမိရဲ့ brand ကိုလဲ လူစိတ်ဝင်စားမှုများလာနိုင်ပါတယ်။
❇️4. Chatbot Marketing🤖
Chatbot Marketing ဟာဆိုရင် အခုကော အနာဂတ် မှာကော အလားအလာအများကြီးရှိတဲ့ စျေးကွက်ရှာဖွေနည်းပဲဖြစ်ပါတယ်။ နောက်ပိုင်းမှာဆိုရင် လူတွေနေရာမှာ စက်ပစ္စည်းတွေဟာ ကျယ်ကျယ်ပြန့်ပြန့်နေရာယူလာတော့မှာပါ။ စာရေးသူတို့နိုင်ငံမှာသာ စက်ရုပ်တွေ AI တွေ တွင်တွင်ကျယ်ကျယ်အသုံးမပြုသေးတာ၊ နည်းပညာပိုင်းရှေ့ရောက်နေတဲ့နိုင်ငံတွေမှာဆိုရင် များသောအားဖြင့် စက်ရုပ်တွေနဲ့ပဲ သူတို့လုပ်ငန်းတွေကို လည်ပတ်နေကြတာပါ။
ဆိုတော့ ကိုယ့် စီးပွားရေးလုပ်ငန်းမှာ Chatbot ကို ထည့်သွင်းလိုက်ခြင်းကြောင့် ကိုယ့်လုပ်ငန်းရဲ့ အသုံးစရိတ်တွေကို လျော့ချပေးနိုင်ပြီး အကျိုးအမြတ်တွေကတော့ တိုးတက်လာနိုင်မှာ အသေချာပါပဲ။ Chatbot တွေက ကိုယ့်စီးပွားရေးအတွက် ဘယ်လို မျိုး အထောက်အကူပြုတာလဲဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် သိချင်တယ်ဆိုရင်တော့ အောက်က လင့်ခ်လေးမှာ ဝင်ဖတ်လို့ရပါတယ်နော် 👇👇
https://www.facebook.com/108219754207907/posts/178254467204435/?extid=0&d=n
❇️5. Live Streaming Marketing👩💻
အွန်လိုင်းပေါ်မှာ live stream လုပ်ပြီး marketing ဆင်းတာဟာလဲ ဒီ ၂၀၂၀ မှာ ခေတ်စားလာတဲ့နည်းပဲ ဖြစ်ပါတယ်။ live လွှင့်ပြီး စျေးရောင်းတာတွေ၊ E-sports တွေဆို game streaming လုပ်တာတွေဟာဆိုရင် audience နဲ့ တိုက်ရိုက် ဆက်သွယ်မှုပြုလုပ်နိုင်တဲ့အတွက် သူတို့ရဲ့ စိတ်ဝင်စားမှုကို ပိုပြီးရရှိစေပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ၈၀ ရာခိုင်နှုန်းသော ကုန်ပစ္စည်းအသုံးပြုသူတွေဟာဆိုရင် blog တစ်ခုကို ဖတ်တာထက် live stream လုပ်တာကို ပိုနှစ်သက် ကြပါတယ်တဲ့။ စာရေးသူဆိုလဲ တစ်ခါတစ်လေမှာ ဒီိတိုင်း page မှာ ပစ္စည်းဝယ်တာထက် live selling လုပ်တဲ့အခါမှာ ပိုဝယ်ဖြစ်တယ်။discount တွေရတာကိုး 🤭 ဒါကြောင့်မို့ Live Streaming Marketing ဟာဆိုရင်လဲ trend ဖြစ်လာတဲ့ Marketing ဖြစ်ပါတယ်။
အဆုံးသတ်ရမယ်ဆိုရင် ပြောင်းလဲနေတဲ့ ခေတ်ရေစီးကြောင်းနဲ့အညီ ကိုယ်ဟာလဲ အမှီလိုက်နိုင်မယ်ဆိုရင် ကိုယ့်အတွက် အောင်မြင်မှုဟာ လက်တစ်ကမ်းမှာရှိနေမှာပါ။ ဒါကြောင့်မို့ ကိုယ်က Markerting နယ်ပယ်မှာ အလုပ်လုပ်ဖို့ ကြံရွယ်ထားတယ်ဆိုရင် ဒစ်ဂျစ်တယ် trend တွေနောက်တော့ အမှီလိုက်ဖို့လိုတယ်နော် 😉 အဲဒါကြောင့် ကိုယ့်ရဲ့ ရှိနေပြီးအရည်အသွေးတွေကို ပိုပြီးတိုးတက်လာအောင်လုပ်ဖို့ကတော့ ကိုယ်တာဝန်ပါပဲနော် …
Written By,
Grace

Comments
Post a Comment