လုပ်ငန်းခွင်မှာ လိုက်လျောညီထွေနေတတ်ဖို့လူတိုင်းသတိထားသင့်တဲ့ Business Etiquette
လုပ်ငန်းခွင်မှာ လိုက်လျောညီထွေနေတတ်စေဖို့ လူတိုင်းသတိထားသင့်တဲ့ Business Etiquette
မင်္ဂလာပါ 🎉
Business Etiquette ဆိုတဲ့ ဝေါဟာရလေးကို Beatrix စာဖတ်ပရိသတ်ကြီးလည်း ရင်းနှီးပြီးသား ဖြစ်မယ်
ထင်ပါတယ်။🐝
Business Etiquette “ စီးပွားရေးလုပ်ငန်းဆိုင်ရာ ကျင့်ဝတ် ” ဆိုတာ သင့်ရဲ့ လုပ်ငန်းခွင်မှာ ပတ်သက်နေရတဲ့ ပုဂ္ဂိုလ်တွေ ( ဝန်ထမ်း ၊ ဝယ်သူ ၊ ထုတ်ဝေသူ ၊ပင်ရင်း ) စသည်ဖြင့် လူအချင်းချင်းပေါင်းသင်းဆက်ဆံတဲ့နေရာမှာ သတိထားသင့်ထားထိုက်တဲ့ ကျင့်ဝတ်တွေ ပဲ ဖြစ်ပါတယ် ။
🔹Business Etiquette က လုပ်ငန်းခွင်မှာ ဘာလို့အရေးကြီးတာလဲ? 💁🏻♀️
အဖြေက ရှင်းပါတယ် ။ လုပ်ငန်းခွင်တစ်ခု က လူတစ်ယောက်စီတိုင်း ကျင့်ဝတ်ကောင်း တွေ ရှိကြတာက အဲ့ လုပ်ငန််း တစ်ခုလုံး အတွက် ကောင်းမွန်တဲ့အဖွဲ့အစည်း၊ ကောင်းမွန်တဲ့အနာဂတ်ကို ဖန်တီးပေးတာနိုင်တာမလို့ပါ📈
တစ်ဦးကို တစ်ဦး လေးစားခြင်း ( mutual respect ) ရှိခြင်းက ဆက်ဆံရေးကောင်းတွေကို ဖြစ်ပေါ်လာစေပြီး လုပ်ငန်းတွင်းဖိအားတွေကိုလျော့ကျစေတဲ့အပြင် လုပ်ငန်းလည်ပတ်မှုကိုအရှိန်ကောင်းမွန်စေတာကြောင့် Business Etiquette က လုပ်ငန်းတစ်ခု အတွက် အရေးကြီးဆုံး ဖြစ်နေပါတယ် ။
ဒါဆို ပထမဆုံး လုပ်ငန်းခွင်မှာ လူတိုင်းသတိထားသင့် တဲ့လုပ်သင့်တဲ့အပြုအမူ (၅) ချက်ကို အရင်ပြောပြ ပေးချင်ပါတယ်။
(၁)နာမည်တွေကို မှတ်မထားမိခြင်း🙅🏻♂️
လူတစ်ယောက်ချင်းစီရဲ့ နာမည်ကိုမှတ်မိဖို့ က လွယ်တဲ့ကိစ္စတော့ မဟုတ်ပေမယ့် သင့်လုပ်ဖော်ကိုင်ဖက်တွေရဲ့ အမည်တွေကို သင်မှတ်မိအောင် ကြိုးစားထားသင့်ပါတယ် ။
“ အမ မင်္ဂလာပါ ” လို့ နှုတ်ဆက်တာနဲ့ “ အမနှင်း မင်္ဂလာပါ ‘’’ လို့ နှုတ်ဆက်တာ က မတူပါဘူး ။
ပုဂ္ဂိုလ်ရေးအရနာမည်တပ်နှုတ်ဆက်ခြင်းကလေးစားမှုပြရာရောက်သလို ရင်းနှီးမှုတစ်ခုကိုလည်း တည်ဆောက်ပေးတာမလို့ သင့်လုပ်ဖော်ကိုင်ဖက်တွေရဲ့ နာမည်တွေကို သင်မေ့လို့မရပါဘူး ။
( ၂ ) ခွင့်မတောင်းဘဲ စကားဝိုင်းမှ ရုတ်တရက် ထွက်သွားခြင်း⚠️
ဒါကတော့ အားလုံးလည်းသိပြီးသားဖြစ်ပါတယ် ။ အစည်းအဝေးလုပ်နေတုန်းပဲ ဖြစ်ဖြစ် ၊ စကားပြောနေကြတုန်းပဲ ဖြစ် ဖြစ် ရုတ်တရက် ထထွက်သွားခြင်း က ရိုင်းစိုင်းတဲ့ အပြုအမူတစ်ခုပါ ။
“ ခဏလေးစောင့်ပေးပါ ‘’’ “ ၅ မိနစ်လောက် အချိန်ပေးပါ ‘’’ “ သွားခွင့်ပြုပါဦး ’ စသဖြင့် ခွင့်တောင်းစကား (ဒါမှမဟုတ်) နှုတ်ဆက်စကား ပြော ပြီးမှ ထွက်ခွာတာ က သင့် ရဲ့ ယဉ်ကျေးပျူငှာမှု ကို ဖော်ဆောင်ပါတယ် ။
( ၃ ) စကားဖြတ်ပြောခြင်း 😤
လုပ်ငန်းခွင်မှာ သဘောထားမတိုက်ဆိုင်မှုတွေရှိလာလို့ အချေအတင်ဖြစ်ကြတဲ့အခါမှာတောင် တစ်ယောက်ပြောစကားကို ဖြတ်ပြောခြင်း က အင်မတန် ရိုင်းစိုင်းတဲ့ အပြုအမူတစ်ခုပါ ။ သင့် ရဲ့ Professional မဆန်ခြင်းကိုလည်းပြတာမလို့ အတတ်နိုင်ဆုံး ရှောင်ရှားရမယ့်အရာဖြစ်ပါတယ် ။
( ၄ ) ယဉ်ကျေးပျူငှာစွာမဆက်ဆံခြင်း😇
ဝယ်သူတစ်ယောက် က မိမိလုပ်ငန်းနဲ့ သွေဖယ်တဲ့ဝန်ဆောင်မှုတစ်ခုကို တောင်းဆိုလာတယ်ဆိုပါစို့
သူတို့ အနေနဲ့ ဒီလို တောင်းဆိုခွင့် တွေ မရှိရင်တောင် သင် က ဝယ်သူတွေကို လေးလေးစားစားဆက်ဆံရမှာ ဖြစ်ပါတယ် ။ ဒါက သင့်ရဲ့ Interpersonal Skill ကို မြှ့င်တင်ရာလည်း ရောက်သလို သင့်လုပ်ငန်းအတွက်လည်း ကောင်းတဲ့ အလေ့အကျင့်ကောင်းတစ်ခု ဖြစ်လာမှာပါ ။
( ၅ ) လျှို့ ဝှက်ချက် ကို မထိန်းသိမ်းခြင်း🗣
တစ်စုံတစ်ယောက် က အကြောင်းအရာတစ်ခုကို သင့်နဲ့တိုင်ပင်လာတဲ့အခါ အဲ့ဒီအကြောင်းအရာ ကို တခြားလူ ကို မပြောသင့်ပါဘူး ။ ဒီအပြုအမူ က သင့်လုပ်ငန်းခွင်မှာ သင့်ကိုအထင်အမြင်သေးတာတွေ ဖြစ်ပေါ်လာစေနိုင်တာမလို့ လုံးဝရှောင်ရှားရမယ့် အပြုအမူတစ်ခု ဖြစ်ပါတယ် ။🙅🏻♂️
အောင်မြင်နေတဲ့အဖွဲ့အစည်းတွေဟာ သူတို့အလုပ်လုပ်တဲ့ စနစ်တွေကို ထိန်းသိမ်းထားကြပါတယ် ။ ဒါဟာ အထူးကောင်းမွန်တဲ့ အပြုအမူတစ်ခုပဲ ဖြစ်ပါတယ် ။
ဒီအချက် (၅) ချက်ကို လုပ်ငန်းခွင်မှာ လုံးဝမလုပ်မိစေဖို့သတိထားကြည့်လိုက်မယ်ဆို အလုပ်ခွင်မှာပိုပြီးအဆင်ပြေလာစေမှာပါ။🤝
ဒါဆို လုပ်ငန်းခွင်မှာ ကျင့်ကြံသင့်တဲ့ အပြုအမူကောင်းတွေကရော ဘာတွေဖြစ်မလဲ?🤔
( ၁ ) လုပ်ဖော်ကိုင်ဖက်အချင်းချင်း နာမည်အသုံးပြုခြင်း🙋🏻♀️
အထက်ကပြောခဲ့သလိုပဲ တစ်ဦးရဲ့ နာမည်ကို တစ်ဦးသိခြင်းက ကောင်းမွန််တဲ့ ဆက်ဆံရေးတစ်ခု ကို တည်ဆောက်ပေးတာမလို့ သင့်အနေနဲ့ လုပ်ငန်းခွင်မှာ ဆက်ဆံတဲ့အခါ တစ်ဦးချင်းစီနာမည် ကို အသုံးပြုသင့်ပါတယ် ။
( ၂ ) 3R ကို လက်ကိုင်ထားခြင်း🔎
3R ဆိုတာက
✍️Recognition ( အသိအမှတ်ပြုခြင်း ) - တစ်ဦးကိုတစ်ဦး နှုတ်ဆက်ခြင်း ၊ နာမည်အသုံးပြုခြင်းတွေက အသိအမှတ်ပြုတယ် ဆိုတဲ့ ခံစားချက် ကို ဖြစ်စေတာကြောင့် ဒီအချက်ကို သတိထားလုပ်ဆောင်သင့်ပါတယ် ။
✍️Respect ( လေးစားခြင်း ) - တစ်ဦးကို တစ်ဦး လေးလေးစားစား ဆက်ဆံပြီး တောင်းပန်သင့်တဲ့ အခြေအနေ မှာ တောင်းပန် ၊ ကျေးဇူးတင်သင့်တဲ့ အခါ ကျေးဇူးတင်တာမျိုးကလည်း လုပ်ငန်းခွင်မှာ ရှိသင့်ရှိထိုက်တဲ့ အပြုအမူကောင်းတစ်ခု ဖြစ်ပါတယ် ။
✍️Response ( တုံ့ပြန်ခြင်း ) - လူတွေက စောင့်နေရတာကို မကြိုက်ကြပါဘူး ။ ဒါကြောင့် သင့် အနေနဲ့ ဘယ်အရာကိုမဆို တတ်နိုင်သမျှ မြန််မြန် Response လုပ်ပေးဖို့ လိုပါတယ် ။
( ၃ ) တစ်ကိုယ်ရည်သန့်ရှင်းခြင်း နှင့် အဝတ်အစား👕
လုပ်ငန်းခွင်မှာ တစ်ကိုယ်ရည်သန့်ရှင်းခြင်း ကလည်း အရေးကြီးပါတယ် ။ လူရှေ့သူရှေ့ လက်သည်းကိုက်ခြင်း ၊ အနံ့အသက်ဆိုးထွက်ခြင်း ဒါမျိုးတွေကလည်း တစ်ခြားသူများကို အနှောင့်အယှက်ဖြစ်စေတဲ့ အပြုအမူတွေမို့ မလုပ်မိအောင် သတိထားဖို့ လိုပါတယ်။
သင့်တော်တဲ့ အဝတ်အစား ရွေးချယ်တတ်ခြင်းကလည်း လုပ်ငန်းခွင်မှာသင့်အတွက် ကောင်းမွန်တဲ့ အမြင်ကိုရှိစေတာမလို့ နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်နော်။✔️
အလုပ်ခွင်မှာ ဒီအချက်လေးတွေကို သတိထားလိုက်မယ်ဆို အလုပ်မှာနေတတ်လာမှာဖြစ်ပြီး လူအမျိုးမျိုးနဲ့လည်း ဆက်ဆံတတ်လာမှာဖြစ်ပါတယ်။အလုပ်ကြောင့်ရတဲ့ဖိအားတွေထက် အလုပ်ခွင်မှာမနေတတ်လို့ အဆင်မပြေဖြစ်တဲ့
ဖိအားတွေဟာ ပိုပြီး စိတ်ပင်ပန်း ရပါတယ်။😔
အလုပ်ခွင်မှာ လိုက်လျောညီထွေစွာနေတတ်ပြီး အဆင်ပြေဆုံးဖြစ်စေဖို့ အရေးကြီးဆုံးဖြစ်တဲ့ Business Etiquette ကို လူငယ်လေးတွေရော လူကြီးတွေပါ သတိထားမိကြစေဖို့ Beatrix မှ စုစည်းတင်ဆက်ပေးလိုက်ပါတယ်နော်။🐝
Reference Link :
https://www.smartcompany.com.au/people-human-resources/business-etiquette/
Content by Khine T.

Comments
Post a Comment