“Content Writing နှင့် Copy Writingကအတူတူပဲလား❓❓”
“Content Writing နှင့် Copy Writingကအတူတူပဲလား❓❓”
တကယ်တမ်းကတော့ လုံးဝ မတူပါဘူးနော်...🙅🏻♀️
Stellaလည်း အစက အဲ့ဒီနှစ်ခုကို ရောနေတာပါ။ အဲ့ဒါကြောင့်မလို့ဘာတွေက မတူဘူးလဲဆိုတာကို ကွဲကွဲပြားပြားသိချင်ရင် ဆက်သာဖတ်လိုက်တော့နော်။😉
✏️Content Writingဆိုတာက စာတစ်ပုဒ်ကို ကောင်းကောင်းဖန်တီးတတ်တဲ့ အနုပညာကို ခေါ်ပါတယ်။
➡️စာရေးခြင်းဖြင့် စာဖတ်တဲ့ ပရိသတ်တွေကို အချက်အလက်တွေ၊ အတွေ့အကြုံတွေ မျှဝေပေးမယ်။
➡️Content Writerတစ်ယောက်ရဲ့ Contentကို
ဖတ်လိုက်တဲ့သူတိုင်းကို ပျော်ရွှင်စေချင်တယ်။ ရင်ထဲ ပေါ့ပါးသွားစေမယ်။
➡️ကိုယ့်ရဲ့ အသက်မွေးဝမ်းကြောင်း အတွက်ပဲဖြစ်ဖြစ်၊ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာအတွက်ပဲဖြစ်ဖြစ် တိုးတက်စေအောင် ရည်ရွယ်ချက်နဲ့ ရေးသားခြင်းဖြစ်တယ်။
ဥပမာ...
✔️လူငယ်တွေ အဖြစ်များနေတဲ့
စိတ်ဓာတ်ကျတတ်တဲ့ရောဂါကို ဘယ်လိုဖြေရှင်းရမလဲ🧐
✔️သူငယ်ချင်းအစစ်အမှန်ဆိုတာ ဘယ်လိုမျိုးလဲ 👩❤️👩
✔️မိန်းကလေးတိုင်း မိန်းကလေးတိုင်းမှာ သူမရဲ့ ပင်ကိုယ်အလှဆိုတာ ရှိတာကို အသိပေးတာတွေ (ယောကျာ်းလေးတွေလည်း အဲ့ဒီအတိုင်းပါပဲ🙄)
✔️interview ဖြေရင်ဆောင်ရန်၊ ရှောင်ရန် အချက်တွေကို sharing လုပ်ပေးတာတွေ စသဖြင့်တွေကို စာဖတ်ပရိသတ်ကြီးတို့ရဲ့ ရင်ထဲမှာ တစ်ခုခု ကျန်သွားအောင် ရေးသားနိုင်တဲ့ အရေးအသားကို ပြောတာဖြစ်တယ်။ အချိန်ပေးပြီး ဖတ်လိုက်ရတဲ့ စာဖတ်ပရိသတ်တို့အတွက် အကျိုးရှိစေတဲ့ အရေးအသားမျိုးဖြစ်တယ်။🤗
သိသိသာသာ ပြောရရင် Stella တို့ရဲ့ Beatrix လို အဖွဲ့အစည်းတွေ၊ Blog postsတွေ( Chan Mya Mya Thaw ဆရာမလို ပို့စ်တွေ)၊ podcast တွေ ၊ Movie review စတဲ့ဟာတွေဟာ content writing တွေဖြစ်ကြပါတယ်။💁♀️
↪️ Copy Writing ဆိုတာက လူတွေကို ပစ္စည်းဝယ်ချင်လာအောင် ရေးသားတတ်ခြင်း၊ ပစ္စည်းတစ်ခုခုရဲ့ အရည်သွေးကို သဘောကျနှစ်သက်လာအောင် ရေးသားတတ်ခြင်း( စျေးရောင်းတတ်ခြင်း) အနုပညာကို ခေါ်တာ ဖြစ်တယ်။
ဥပမာ...
✔️ဒီ makeupလေးကို သုံးလိုက်ရင် မျက်နှာလေးက ညက်ညက်လေးနဲ့ ကြည့်လို့ကောင်းနေမှာနော်။👀
✔️သဘာဝအလျောက် ရှက်သွေးဖြာနေတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ချင်ရင် ဒီ Blushလေးကို ဝယ်လိုက်တော့နော်။ ကိုယ်ချစ်ရတဲ့ သူငယ်ချင်းနဲ့ ဆင်တူလေး ဝယ်ချင်ရင်လည်း တစ်စျေးလုပ်ပေးထားတယ်နော်။☺️
✔️အစပ်တွေစားလို့ ဝက်ခြံတွေ အဖုတွေ ထွက်နေပြီလား ဒါဆို ဒီ Brand….လေး သုံးလိုက်ရင် တစ်ပတ်အတွင်း ပျောက်သွားလိမ့်မယ်နော်😉
✔️ဒီနှုတ်ခမ်းနီလေးက Matte typeဆိုပေမယ့်လည်း ရေဓာတ်ကို ပြန်ဖြည့်ပေးတဲ့ အစွမ်းလေးလည်း ပါတယ်နော်။ ဒါဆို နှုတ်ခမ်းခြောက်မှာကို စိုးရိမ်စရာမလိုတော့ဘူး💄 ... စသဖြင့် customerတို့ကို ဝယ်ချင်လာအောင် ဆွဲဆောင်တတ်တဲ့ အရေးအသားမျိုး ဖြစ်တယ်။
ကြော်ငြာတွေရဲ့ နောက်ဆုံးမှာဆိုရင် ဖုန်းနံပါတ်လေးတွေ ထည့်တာ သတိထားမိကြမှာပါ။ အဲ့ဒါကို Call to Action( CTA) လို့ ခေါ်တယ်။
‼️အဲ့ဒါက Copy Writing မှာ အရေးကြီးဆုံးပဲ။
Customerတွေလည်း ဒီပစ္စည်းကို သုံးလိုက်ရင် အကျိုးရှိစေသလို brandတွေရဲ့ ပိုင်ရှင်တွေရော နှစ်ဦးနှစ်ဖက် အကျိုးရှိစေတဲ့ အရေးအသားမျိုးဖြစ်တယ်။🔄
နောက်ပြီး Stellaတို့ရဲ့ Accထဲက Friတချို့ရဲ့ စျေးဗန်းခင်းတာကိုလည်း မြင်ဖူးမှာပါ။ ဒါမှမဟုတ် ပရိသတ်ကြီးတို့ ကိုယ်တိုင်လည်း ခင်းဖူးကြမှာပါ။😝
ဥပမာ I am single, FA ဘဝကိုပဲ နှစ်သက်တာတို့...
မိုးတွေရွာတိုင်း မင်းကို သတိရတယ်တို့...
Do u love me ဆိုပြီး ပုံချောချောလေးတွေ တင်ပြီး စျေးဗန်းခင်းတာမျိုး စတာတွေကို copy writingလို့ ခေါ်တယ်။
တချို့ကျတော့လည်း Copy Writing အရေးအသားတွေ ကောင်းလွန်းလို့လားမသိ ရောင်းထွက်သွားတာမျိုးတွေ ရှိတယ်( လူကိုယ်တိုင်)🤣
▶️Ads၊ Slogans၊ SEO content၊ Email Campaigns၊ Billboards၊ Social Media စတာတွေက Copy Writing အမျိုးအစားတွေ ဖြစ်ပါတယ်။
ဒါဆို စာဖတ်ပရိသတ်တို့လည်း Stellaရဲ့ အပေါ်မှာပြောပြထားတာတွေကို
သေချာဖတ်ပြီးပြီဆိုရင် Content writingနဲ့ Copy writing ဘာတွေကွာလဲဆိုတာ ရှင်းရှင်းလင်းလင်း သိသွားလောက်ပြီ လို့ထင်ပါတယ်။
Bonus Tip⚡ အနေနဲ့ companyတွေက အလုပ်ခေါ်တဲ့အခါမှာလည်း Content နဲ့ Copy Writer ဆိုပြီး နှစ်မျိုးခွဲခေါ်တာတွေ ရှိတယ်။ အဲ့ဒီအခါမှာ ကိုယ်က သေသေချာချာ သိအောင်လုပ်ထားပြီးတော့ ဘာကို လုပ်ချင်တာလဲ ကိုယ်က ဘာကို ဝါသနာပါလဲဆိုတာကို ဆုံးဖြတ်ပြီးတော့ လျှောက်သင့်တယ်လို့ အကြံပေးလိုက်ပါတယ်။💞
Written by
# Stella Pyae
Ref: https://blog.quiet.ly/community/copywriting-vs-content-writing/

Comments
Post a Comment