သင်က Generalist လား ...? Specialist လား ...⁉️ 🔍

 


ကိုယ့်ပတ်ဝန်းကျင်မှာ တစ်ခုခုမေးလိုက်တာနဲ့ ချက်ချင်းဖြေနိုင်တဲ့လူမျိုးတို့၊ ဗဟုသုတတွေ အရမ်းကိုပြည့်စုံပါလားဆိုပြီး အံ့အားသင့်ရတဲ့လူမျိုးတွေနဲ့ ကြုံဖူးလား ... ?🧐

💢ဒါဆိုရင်သူတို့က Generalists ဆိုတဲ့ လူအမျိုးအစားထဲပါဝင်​နေပါလိမ့်မယ်။

အပြင်ကိစ္စတွေကို​တော့ သိပ်ပြီးမသိပေမယ့် သူတို့ တစိုက်မက်မက်လုပ်နေတဲ့ အရာတစ်ခုမှာ ကျွမ်းကျွမ်းကျင်ကျင်နဲ့ ထူးထူးချွန်ချွန်ဖြစ်နေတတ်တဲ့ လူမျိုးတွေနဲ့ရောကြုံဖူးလား ... ?🤔

💢သူတို့တွေကတော့ specialists အမျိုးအစားထဲပါဝင်နေပါတယ်။

ကဲ Generalists တွေနဲ့ Specialists တွေကဘယ်လိုလူအမျိုးအစားတွေလဲဆိုတာ သိပြီဆိုတော့ သူတို့တွေရဲ့ နေ့စဥ်ဘဝမှာ ဘယ်လိုကွဲပြားခြားနားချက်တွေ ရှိနေလဲဆိုတာကို ဆက်ဖတ်ကြည့်ရအောင်။🤗

Generalist တွေက ဘယ်လိုလာလာ အဆင်ပြေတယ်ဆိုတဲ့ စိတ်ဓာတ်မျိုးကို ပိုင်ဆိုင်ထားတဲ့သူတွေဖြစ်ပါတယ်။ Specialist တွေကတော့ ဒါမှဒါဆိုတဲ့ ပုံစံမျိုးရှိတတ်ကြပါတယ်။ 💁‍♀️

တစ်နည်းအားဖြင့် ပြောရရင် Generalist တွေက ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် နေတတ်ကြပါတယ်။ Specialist တွေကတော့ သူတို့လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ပတ်ဝန်းကျင်မျိုးမှာရှိနေရင် သူတို့လုပ်နေတဲ့ အရာကို Generalist ​တွေထက်ပိုသာအောင် လုပ်နိုင်တယ်လို့လည်း လေ့လာတွေ့ရှိ ရပါတယ်။ 😮

ဥပမာ - Generalist တွေက ရာသီဥတု ပူပူ၊ အေးအေး၊ မိုးရွာရွာ ဘယ်အ​ခြေ​အေနမျိုးပဲ ရှိရှိ အဆင်ပြေပါတယ်။ အရမ်းအေးနေလည်း "အနွေးထည်တွေ ထပ်ဝတ်ရင်ရတာပဲ ကိစ္စမရှိပါဘူး" ဆိုတဲ့ လူမျိုးတွေပါ။

ဒါပေမယ့် Specialist တွေကျတော့ "နွေရာသီအရမ်း မုန်းတာပဲ။ နွေရာသီကဘာမှလုပ်ရကိုင်ရ အဆင်မပြေဘူး" ဆိုပြီးကိစ္စရပ်တစ်ခုခုအပေါ်ကို စွဲစွဲမြဲမြဲ ထားရှိတတ်ကြပါတယ်။ 😬

သူငယ်ချင်းတို့ပတ်ဝန်းကျင်မှာ ကွန်ပျူတာသင်တန်းလည်းတက်ထားတယ်၊ အင်္ဂလိပ်စာသင်တန်းလည်းတက်ထားတယ်၊ ဂျပန်စာလည်းတက်တယ်၊ ထိုင်းစာလည်း သင်နေတယ်၊ တက္ကသိုလ်မှာလည်း ဘာသာရပ်တစ်ခုတက်နေတယ်၊ ဒါ့အပြင် volunteering တွေလည်း မျိုးစုံလုပ်နေ တတ်တဲ့လူမျိုးတွေနဲ့ ကြုံဖူးကောင်းကြုံဖူးကြမှာပါ။ အဲ့လို ဟိုစပ်စပ် ဒီစပ်စပ် အကုန်လုံးကို သိချင်တတ်ချင်နေခြင်းဟာ generalist တွေရဲ့ ပညာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်ချက်တွေပါ။ 😇

Specialist တွေကတော့ ဥပမာ တက္ကသိုလ်တက်နေတယ်ဆိုရင် အဲ့ဒီမှာ သင်ကြားတဲ့ဘာသာရပ်တွေကိုဘဲ အာရုံစူးစိုက်မှု အပြည့်ထားပြီး အဲ့ဒီဘာသာရပ်တွေနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဟိုးအစကအဆုံးထိ အသေးစိတ် သိအောင်တတ်အောင် ကြိုးစားသင်ယူကြတဲ့ လူမျိုးတွေဖြစ်ပါတယ်။ 😎

လုပ်ငန်းခွင်မှာလည်း အဲ့ဒီအတိုင်းပါဘဲ။
Generalist တွေက double role တွေ triple role တွေယူနိုင်ပြီး လုပ်ရည်ကိုင်ရည် အများကြီးရှိတတ်တယ်။ Specialist တွေက သူတို့လုပ်နေတဲ့အလုပ်တစ်ခု တည်းကို အကောင်းဆုံး၊အတော်ဆုံး နံပါတ်တစ်ဖြစ်အောင် ရည်ရွယ်လုပ်တတ် ကြပါတယ်။ 💯

ဒီတော့လူ​တွေရဲ့ စိတ်ထဲမှာပေါ်လာမယ့်မေးခွန်းက Generalist နဲ့ Specialist ဘယ်လိုလူမျိုးဖြစ်ရတာပိုကောင်းလဲ ... ? 🙎‍♀️

အမျိုးမျိုး ပြောကြပါတယ်။ နှစ်ခုစလုံးကတော့ သူ့ကောင်းကျိုးဆိုးကျိုးတွေနဲ့ အသီးသီးတည်ရှိ​နေကြပါတယ်။

Generalists တွေက ဘာလာလာ ထမင်းမငတ်၊ အကုန်သိ အကုန်တတ်၊ တစ်ခုမဟုတ်ရင်​နောက်တစ်ခု၊ သူများ ကိုအားကိုးစရာ မလိုပါဘူးဆိုတဲ့ လူမျိုး​တွေပါ။ အခု 21 ရာစုခေတ်မှာဆိုရင်လည်း လုပ်ငန်းခွင်မှာ ရှိသင့်ရှိထိုက်တဲ့ skills တွေအနေနဲ့ပြောရရင် အရင်လို ဒါမှဒါသိနေတတ်နေရင် ရပြီဆိုတာမျိုးမဟုတ်ဘဲ ပတ်ပတ်လည်သိနေတတ်တဲ့ လူမျိုးတွေကို လိုလားလာကြတယ်။ 🙋‍♀️

ဒါပေမယ့် Quote လေးတစ်ခု အရပြောရရင်
"You know everything but you are a master of none" အကုန်သိပေမယ့် ဘာမှသေချာမသိဘူးဆိုတာမျိုးလည်း ဖြစ်နေတတ်ပါတယ်။ 🤷‍♀️

Specialist တွေကတော့ ကိုယ်လုပ်နေတဲ့ အလုပ်တစ်ခုတည်းမှာ အာရုံစူးစိုက်မှု အပြည့်ရှိတော့ အရာတစ်ခုအပေါ်ကို generalist တွေထက် လုပ်ရည်ကိုင်ရည်အများကြီးပိုသာတယ်လို့ပြောလို့ရပါတယ်။ ဒါပေမယ့် ကိုယ်အာရုံစူးစိုက်မှုအပြည့်ထားနေတဲ့ အရာတစ်ခုပျက်သုဥ်းသွားရင် ဘာလုပ်ရကိုင်ရမှန်းမသိ ဖြစ်သွားတတ်ပါတယ်။ 🤦‍♀️

တကယ်တမ်းကတော့ Generalist ဘက်လည်းမရောက် Specialist ဘက်လည်းမရောက် ကြားထဲမှာရှိနေခြင်းမျိုးက အကောင်းဆုံးပါဘဲ။ ဒါမှ ကိုယ်ဟာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်မယ်၊ မသိတာ မတတ်တာခပ်ရှားရှားဖြစ်မယ်၊ ကိုယ်အဓိက လုပ်နေတဲ့အရာကိုလည်းအကောင်းဆုံး လုပ်နိုင်တယ်ဆိုတာကသာ ဘဝမှာ တကယ့်အောင်မြင်မှုကို ပေးနိုင်မှာ ဖြစ်ပါတယ်။ 🌟

ဒီတော့သူငယ်ချင်းတို့ရော ကိုယ့်ကိုယ်ကို Generalist လား Specialist လားဆိုတာ သုံးသပ်ကြည့်ပြီးပြီလား? ကိုယ်က generalist လား specialist လား၊ ဘာလို့လဲ ဆိုတာကို comment မှာဖြေသွားပေးကြဦးနော်။ 🙆‍♀️

Reference: https://www.cleverism.com/ultimate-career-choice.../
Written by
အလှလေး

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱