အလုပ်သင်(internship)ဆင်းဖို့ဘာလို့လိုအပ်တာလဲ⁉️
ဘယ်ကုမ္ပဏီမဆို အလုပ်ခေါ်ရင် အတွေ့အကြုံ
ဘယ်လောက်မှရမယ်၊ လုပ်သက်ဘယ်လောက်မှ ရမယ် ဆိုတာတွေကို တွေ့ဖူးကြုံဖူးကြမှာပါ။
အထူးသဖြင့် ဒါဟာ ကျောင်းပြီးကာစ ကျောင်းသား၊ ကျောင်းသူ တွေအနေနဲ့ အလုပ်လျှောက်ရမှာ အခက်အခဲဖြစ်တတ်ကြပါတယ်။
ဒါကြောင့်မလို့ ကျောင်းတက်နေတုန်း အတွေ့အကြုံပါ
တစ်ခါတည်းရအောင် အလုပ်သင်ဆင်းကြရတာပဲ ဖြစ်ပါတယ်။👩⚖️👨⚖️
ဟုတ်ပါတယ်။ အဓိကကတော့ လုပ်ငန်းအတွေ့အကြုံကို ကြိုတင်လေ့လာဖြင်းဖြစ်တဲ့ (internship) ဆိုတာဟာ နာမည်ရ ကုမ္ပဏီတွေမှာ ကိုယ်မျှော်မှန်းထားတဲ့ အလုပ်ရဖို့အတွက် အရမ်း လိုအပ်ပါတယ်။
ဒါပေမဲ့ internဆင်းတာဟာ အလုပ်ရဖို့အပြင် အခြား အရမ်းအရေးကြီးတဲ့အချက်တွေလည်း ရှိသေးပါတယ်။
ဒါကြောင့် Stellaက ဒီနေ့မှာ internshipဟာ ဘာတွေကြောင့် အရေးကြီးလဲဆိုတာတွေကို ပြောပြသွားပါမယ်။💁🏻♀️
🔺1.တကယ်တမ်း လက်တွေ့ အလုပ်လုပ်ရတဲ့ အခါ ဘယ်လိုမျိုးလဲဆိုတာ ကြိုတင်သိခွင့်ရတယ်။💼
ကိုယ်က ကျောင်းမှာ သင်ယူခဲ့သမျှ သီအိုရီတွေ၊ skillsတွေကို လက်တွေ့ အသုံးချရတဲ့အခါ သဘောတရားတွေကို ပိုပြီးနားလည် လာတယ်။ အဲ့ဒီတော့ တကယ်အလုပ်လုပ်ရတဲ့အခါမှာ ဘယ်လိုမျိုးလည်းဆိုတာ သိရတယ်။ (တခါတလေကျရင် ကိုယ်မမျှော်လင့်ထားတဲ့ အခက်အခဲဆိုတာပေါ်တတ်တယ်လေ)
internshipကာလ ဖြစ်တဲ့အတွက် အမှားလုပ်မိလည်း ကိစ္စမရှိဘူး။ ( အများတွေအရမ်းများရင်လည်း ကိုယ့်ကို နှင်ထုတ်လိမ့်ဦးမယ် 🤣) တကယ့် အလုပ်ခွင်လောက် တော့ pressureလည်း သိပ်မများဘူးပေါ့။
ဒါအပြင် လူငယ်တွေဟာ သူတို့စိတ်ဝင်စားတဲ့ စက်ရုံတွေ၊ ကုမ္ပဏီအကြောင်းတွေကို အပြည့်အဝ လေ့လာခွင့်ရတယ်။
🔺2.ကိုယ်က ဘာကို တကယ်လိုချင်တာလဲ၊ ဘာဖြစ်ချင်တာလဲ ဆိုတာကို သိခွင့်ရတယ်။🧐
တစ်ခါတစ်လေ အလုပ်သင်ဆင်းလိုက်တဲ့အခါ ကိုယ်စိတ်ဝင်စားတဲ့ အလုပ်လည်း ပြောင်းသွားတတ်တယ်။ ဥပမာ ကိုယ်က human resources manager ဖြစ်ချင်တယ်ပေါ့။ ဒါပေမယ့် အလုပ်သင်ဆင်းကြည့်တဲ့အခါ Financeဘက်ကို ဖြစ်ဖြစ်၊ accountantဘက်ကိုပဲ ဖြစ်ဖြစ် စိတ်ဝင်စားသွားတတ်တယ်။
ဘယ်အလုပ်က ကိုယ့်ရဲ့ ဆန္ဒနဲ့ တစ်ထပ်တည်း မကျတာလဲ၊ ဘယ်အလုပ်ကတော့ ကိုယ်နဲ့ ကိုက်ညီသလဲ ဆိုတာကို သိခွင့်ရတယ်။ အဲ့ဒီတော့ တကယ်တမ်းအလုပ်ဝင်တဲ့အခါ ကိုယ်နဲ့ မကိုက်ညီတဲ့ အလုပ်ကိုရွေးမိပြီး အဆင်မပြေတဲ့
အခြေအနေမျိုးတွေနဲ့ ကြုံရတာမျိုး မဖြစ်တော့ဘူးပေါ့။
🔺3.networkလည်း ကျယ်လာမယ်။🤝
အလုပ်သင်ဆင်းရင် ကိုယ့် အလုပ်လုပ်တဲ့နေရာက သူစိမ်းတစ်ယောက်နဲ့ စကားပြောရတဲ့ အတွေ့အကြုံ နဲ့ လုံးဝမသိတဲ့ သူစိမ်းတစ်ယောက်နဲ့ စကားပြောရင်ရတဲ့
အတွေအကြုံကတော့ သိသိသာသာကို ကွာခြားနေမှာပဲ။
ကိုယ့်ထက် အတွေ့အကြုံရှိပြီးသားသူတွေနဲ့ ဆက်ဆံရတဲ့
အခါ ကိုယ့်ကိုယ်တိုင်ကလည်း ပေါင်းသင်းဆက်ဆံရေး
ကိုကောင်းကောင်း နားလည်လာမယ်။
နောက်ပြီး အရမ်းကို အကျိုးရှိစေမယ့် အရာကတော့ အလုပ်ထဲက professional တွေနဲ့ ဆက်ဆံရတဲ့အခါမှာ ကိုယ့်ရဲ့ future careerမှာ အထောက်အကူ အရမ်း ဖြစ်ပါတယ်။ သူတို့နဲ့ အနီးကပ်အလုပ်လုပ်ရတော့ မသိတာရှိရင် မေးလို့ရမယ်၊ သင်ယူလို့ရမယ်၊ အတုယူလို့ရမယ်။
အဲ့ဒီမှာ သဘောကောင်းပြီး စိတ်ရှည်ရှည်နဲ့ ရှင်းပြပေးတဲ့ အမတို့ အကိုတို့နဲ တွေ့ရင်တော့ အရမ်းကို မိုက်သွားပြီ။🤩
🔺4.အလုပ်ရဖို့ မနှေးတော့ဘူး။😉
ကိုယ်မျှော်မှန်းထားတဲ့နေရာမှာရဖို့လည်း မခက်တော့ပါဘူး။
ကျောင်းပြီးပြီးချင်း အလုပ်လျှောက်တဲ့ လူငယ်တွေထဲမှာ CV အပယ်ခံရလို့ အလုပ်မရသေးတဲ့သူတွေလည်း အများကြီးပါ။ အလုပ်လျှောက်တဲ့အခါ CVနဲ့အတူ Resumeဆိုတာ တောင်းပါတယ်။ အဲ့ဒီအခါ ကိုယ်ဟာ အလုပ်သင်ဆင်းထာ တဲ့အတွက်ကြောင့် အတွေ့အကြုံတွေ ဗဟုသုတတွေ အများကြီးရထားတယ် ဆိုတာ ပြလို့ရပါပြီ။
ဥပမာ ကိုယ်က ဘဏ္ဍာမှုးကြီးဖြစ်ချင်ရင် ကိုယ် အလုပ်သင်ဆင်းတုန်းက ကုမ္ပဏီရဲ့ ဘက်ဂျက်ကို ဘယ်လို
ကိုင်တွယ်ခဲ့ တာဆိုပြီး ရှယ်ရေးလို့ ရပါပြီ။😎
အဲ့ဒီအခါ ကိုယ့်ရဲ့ CVက တစ်ခြားသူတွေနဲ့ယှဉ်ရင်
ထင်းနေမှာပါ။ လုပ်ငန်းအတွေ့အကြုံရှိပြီးသားသူ နဲ့ မရှိသေးတဲ့သူ ကို ယှဉ်ရွေးတဲ့အခါအတွေ့အကြုံ ရှိပြီးသားသူက ပိုပြီးဦးစားပေးခံရမှာပါ။
ဒါဆိုရင် အလုပ်ရဖို့ မခက်တော့ပါဘူး။ ဒါတင်မကသေးပါဘူး။ ကိုယ်ပိုင်စီးပွါးရေးလုပ်
မယ်ဆိုရင်လည်း internship(အလုပ်သင်) က ရထားတဲ့ skillsတွေ ဗဟုသုတတွေကို ပြန်အသုံချပြီး
shine လို့ရပါပြီ။✨
🔺5. ဘွဲ့မရသေးပေမယ့် အလုပ်ရမယ်😳
ဟုတ်ပါတယ်။ အလုပ်သင်ဆင်းရင်းနဲ့ ကိုယ့်အရည်အချင်း
ကိုသဘောကျလို့ဆိုပြီး အလုပ်ခန့်လိုက်တာတွေ အများကြီးပါ။ ကိုယ်ကိုယ်တိုင်ကလည်း ကြိုးစားဖို့ လိုတာပေါ့။ အဲ့ဒီအခါ ဘွဲ့ရပြီးတာနဲ့ အလုပ်တန်းလုပ်လို့
ရပါပြီ။ ကိုယ်တိုင်ကလည်း တက်တက်ကြွကြွသင်ယူနေမယ်
ပေါင်းသင်းဆက်ဆံတတ်မယ်၊ အရည်အချင်းပြည့်ဝမယ်
ဆိုရင် ဒီလိုအခွင့်အရေးတွေက မရှားပါဘူး။
ဒါကြောင့်မလို့ internshipဆို ( အလုပ်သင်) ဆိုတာနဲ့ ကိုယ်လည်း စိတ်ဝင်စားရင်၊ အကျိုးဖြစ်ထွန်းမယ်ဆိုရင် လျှောက်ကြပါ။💪🏽
ကျောင်းသားတစ်ယောက်အတွက် ယူတတ်ရင် ယူတတ်သလို အကျိုးကျေးဇူးဟာ တစ်ခုထက်မက အများကြီးရမှာပါ။
Be Happy & Productive during covid💓
Ref: https://internsinasia.com/blog/5-reasons-internship-important-future-career#:~:text=An%20internship%20enables%20you%20to,practice%20they%20learnt%20in%20university.&text=Internships%20provide%20a%20nice%20learning,experience%20of%20the%20professional%20world.
Written by
# Stella Pyae

Comments
Post a Comment