စနစ်ကျတဲ့ Letter တစ်စောင်ဘယ်လိုရေးမလဲ?

 



အားလုံးပဲ မင်္ဂလာပါ။🙋‍♂️🙋‍♀️


ဗဟုသုတရဖွယ်၊ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေ အမြဲတင်ဆက်ပေးနေတဲ့ Beatrix က ဒီတစ်ခေါက်မှာဆိုရင် အားလုံးအတွက် အကျိုးရှိမယ့် Letter ကောင်း တစ်စောင်ဖြစ်ဖို့အတွက် ဘယ်လိုရေးရမလဲဆိုတာကို ပြောပြပေးသွားမှာပါ။🧐


စာရေးတာဆိုတာက တကယ်တော့ ခက်ခဲတဲ့ အလုပ် မဟုတ်ပါဘူး။ စာတစ်စောင်ရေးတော့မယ်ဆိုရင် များသောအားဖြင့် စာရေးသူတို့က

ဘယ်ကစရေးရမှန်းလဲမသိဘူး၊ ဘာပြောရမှန်းမသိဘူး၊ ဘယ်လိုရေးရမှန်းမသိဘူး ဆိုပြီးဖြစ်တတ်ကြပါတယ်။ 


တစ်ကယ်တော့ စာရေးတယ်ဆိုတာဟာ နေ့စဉ်ဘဝမှာ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ပြောဆိုတာတွေကို စာရွက်ထဲမှာပဲဖြစ်ဖြစ်၊ Email ထဲမှာပဲဖြစ်ဖြစ် ချရေးလိုက်တာပါပဲ။✍️


စာတစ်စောင်ကိုမရေးခင် အရင်ဆုံးစဉ်းစားရမှာက ကိုယ်ရေးမယ့်စာဟာ Writer-based ဖြစ်ဖို့ထက် 

Recipient-based ဖြစ်ဖို့လိုပါတယ်။ 


💠Writer-based ဆိုတာက စာရေးတဲ့သူရဲ့ ခံစားချက်တွေ၊ ပုဂ္ဂိုလ်ရေးရာအကြောင်းတွေကို အဓိကထားရေးတာဖြစ်ပြီး 


💠Recipient-based ဆိုတာက ကိုယ့်စာကို ဖတ်မယ့်သူဘက်က စဉ်းစားပြီး ရေးတာပဲဖြစ်ပါတယ်။ 

"I" to "You"  လို့ သုံးမယ့်အစား "You" to "I" သုံးခြင်းက စာရဲ့အဓိပ္ပာယ်ကို ပိုလေးနက်ပြီး ထိရောက်မှုပိုရှိစေပါတယ်။👍


ဥပမာအနေနဲ့

"I lent my favourite books to you three weeks ago. Does it take you that long to read something?" ဆိုပြီး တစ်ဖက်သားကို အထက်စီးကနေပြောမယ့်အစား

"I hope you enjoy the books you borrowed from me three weeks ago.Could you return them to me by this week?" လို့ ရေးတာက တစ်ဖက်လူရဲ့ အာရုံစိုက်မှုကို ပိုရရှိစေနိုင်ပါတယ်။



🔹ဘယ်လိုစာမျိုးကိုမဆို (both formal and informal) ရေးတော့မယ်ဆိုရင် အရင်ဆုံး -


▶️ ဒီစာကိုရေးရတဲ့ ရည်ရွယ်ချက်ကဘာလဲ

▶️ ဘယ်သူ့ဆီကိုရေးနေတာလဲ

▶️ စာထဲမှာဘာတွေထည့်ရေးမှာလဲ

▶️ ကိုယ်ရေးတဲ့စာထဲက ဘယ်အချက်ကို စာလက်ခံမယ့်သူကို အဓိကထား သိစေချင်တာလဲ ဆိုတာ ကိုယ့်ကိုယ်ကို မေးပါ။


ဒီမေးခွန်းလေးခုကဆိုရင် ဘယ်စာကိုမဆိုရေးတဲ့အခါမှာ စဉ်းစားရမယ့် အခြေခံအချက်တွေပဲဖြစ်ပါတယ်။ ဒီအချက်တွေကို ကိုယ်ကဖြေနိုင်ပြီဆိုရင်ကို ကိုယ့်ရဲ့စာက တဝက်လောက်ရေးပြီးနေပြီပဲဖြစ်တယ်။ ✔️✔️


🔹Recipient-based စာတစ်တစ်စောင် ရေးတဲ့အခါမှာဆိုရင်


▶️Prewriting

▶️Writing

▶️Revising အဆင့် သုံး ဆင့်ဟာ သင်ရေးမယ့်စာကို ပိုပြီး effective ဖြစ်အောင်ကူညီပေးပါလိမ့်မယ်။



🔹Prewriting မှာဆိုရင် ကိုယ်ရေးမယ့်စာနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို စုဆောင်းပြီး အပေါ်မှာဖော်ပြထားတဲ့ မေးခွန်းလေးခုကို စဉ်းစားပြီး အချက်လေးတွေနဲ့ ချရေးထားပါ။


🔹Writing အဆင့်မှာဆိုရင် prewriting အဆင့်မှာ စဉ်းစားထားတဲ့ အချက်လေးတွေကို Letter ပုံစံ ရေးချပါ။ 

စာအစီစဉ်တကျမဖြစ်မှာ၊ စာလုံးပေါင်းသတ်ပုံတွေ၊ သဒ္ဒါမမှန်မှာတွေကို စိတ်မပူပါနဲ့။ ကိုယ့်ခေါင်းထဲမှာ ထွက်လာတဲ့ အတိုင်းသာ ရေးချထားလိုက်ပါ။


🔹Revising အဆင့်ကတော့ စာတစ်စောင်လုံးကို အချောသတ်ရမယ့်အဆင့်ပါ။  


ဒီအဆင့်မှာဆိုရင် ကိုယ်ရေးထားတဲ့ စာတစ်စောင်လုံးကို ပြန်ဖတ်ပါ။ စစ်ပါ။ စာကြောင်းတွေ တစ်ခုနဲ့တစ်ခု အချိတ်အဆက်မိ၊ မမိ သေချာအောင်လုပ်ပါ။ 

သဒ္ဒါတွေ၊ စာလုံးပေါင်းသတ်ပုံတွေကို စစ်ပါ။  မလိုအပ်ဘူးထင်တဲ့ စာတွေကို ပြန်ဖြုတ်ပါ။ တစ်ခုချင်းစီကို အသေးစိတ် စစ်ဆေးပါ။


ဒီနည်းလမ်းဟာဆိုရင် ဘယ်စာကို ရေးရေး အကြံမရဖြစ်မှာတွေ၊ ကိုယ်ရေးမယ့်အကြောင်းကို ဘယ်နေရာမှာ ထည့်ရမှန်းမသိတာတွေ ဖြစ်တာကို စိုးရိမ်စရာမလိုတော့ဘဲနဲ့ Letter ကောင်း တစ်စောင်ဖြစ်ပေါ်လာစေမှာပါ။🤗


🔹နောက်တစ်ခုကတော့ စာရေးတဲ့အခါ

စကားလုံးရွေးချယ်ရာမှာ ရှုပ်ထွေးခက်ခဲပြီး

လုပ်ငန်းသုံးစကားလုံးတွေသုံးမယ့်အစား နားလည်ရလွယ်

ပြီး ကိုယ်ပြောချင်တဲ့ အဓိကအချက်ကိုရောက်စေမယ့် လွယ်ကူတဲ့စကားလုံးလေးတွေကိုရွေးချယ်အသုံးပြုသင့်ပါတယ်။ နောက်ပြီး စာတွေအရှည်ကြီးဖြစ်အောင်လို့ ဖွဲ့နွဲ့ပြီးရေးသားတာကိုလည်း ရှောင်ရှားသင့်ပါတယ်။ 🙅‍♀️


ဥပမာအနေနဲ့ "blue in colour" အစား "blue" ၊ "in the month of March" အစား "March" ၊ " due to the fact that" အစား " because" ဆိုပြီးတော့ တိုတိုနဲ့ လိုရင်းရောက်အောင် ကျစ်ကျစ်လျစ်လျစ် ရေးသင့်ပါတယ်။


🔹နောက်တစ်ချက်အနေ ဆိုးသတင်းကိုပြောရတော့မယ့်

အခါမှာဆိုရင် အပြုသဘောဆောင်တဲ့ စာလုံးတွေ ရွေးပြီးတော့ပြောပါ။  ဥပမာ အလုပ်လျှောက်တာမှာ အရွေးမခံရတာတွေ၊ ပယ်ချခံရတာတွေ၊  ကိုယ်က offer တစ်ခုကိုငြင်းပယ်တာတွေကို ပြောတော့မယ်ဆိုရင် စစချင်း ဘယ်တော့မှ သတင်းဆိုးကိုမပြောပါနဲ့။ 😞

စကားချီးအနေနဲ့ ဘာကြောင့် ဒီလိုဖြစ်ရလဲဆိုတာကို စကားခံပြီးတော့မှ စိတ်မကောင်းကြောင်းကို ဖော်ပြပါ။ 💁‍♀️


🔹နောက်ဆုံးအနေနဲ့  စာတစ်စောင်ပေးပို့ရာမှာဆိုရင် -


▪️Personalized Letterhead(Full name,Address)

▪️Dateline(month,day,year)

▪️Heading and Inside Address(for more formal letters)

▪️Salutation( Dear Mr,Mrs)

▪️Body( opening, middle, closing)

▪️Complimentary Close( Truely Yours, Sincerely, Best Wishes,etc.)

▪️Signature  တွေကိုပြည့်ပြည့်စုံစုံထည့်ပေးဖို့မမေ့ပါနဲ့နော်။ 

 

စာရေးတဲ့အခါမှာ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်း တွေကို သိသွားပြီဆိုရင် နောက်ထပ် စာမရေးတတ်ဘူး ဆိုတဲ့ ပြဿနာတွေ ရှိလာမှာ မဟုတ်တော့ပါဘူး။ ဖော်ပြပေးထားတဲ့ အချက်အလက်တွေကို ကိုယ်တိုင်လေ့ကျင့်ပြီးတော့ Letter တွေရေးကြည့်ပါ။ "Practice makes Perfect" ဆိုတဲ့အတိုင်း များများလေ့ကျင့်လေ သင့်အတွက် တိုးတက်လေပါပဲ။💪

 

ဒီတစ်ခေါက် Beatrix ကနေ ဖော်ပြပေးတဲ့ Letter ကောင်းတစ်စောင်ဖြစ်အောင် ဘယ်လိုရေးမလဲ ဆိုတဲ့ အကြောင်းအရာလေးက စာဖတ်နေတဲ့သူတစ်ဦးစီတိုင်း

အတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်ရှင်။ ဖတ်ရှုပေးသူတစ်ဦးစီတိုင်းကို ကျေးဇူးတင်ပါတယ်။ 💕



Reference: from the book " How to Write First-Class Letters" by L.Sue Baugh


Written by,

Grace


Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱