MARKETINGနဲ့ADVERTISING ဘာကွာသလဲ🤔

 

MARKETING နဲ့ ADVERTISING ဘာကွာသလဲ🤔

Beatrix ရဲ့ followers တွေအတွက်အခု post မှာတော့ ယ​နေ့ခေတ်မှာ နာမည်ကြီးနေတဲ့ Marketing ဆိုတဲ့ စကားလုံးနဲ့ ကြော်ငြာခြင်းဆိုတဲ့ Advertising တို့နှစ်ခုကြားက ကွာခြားချက် တွေကိုဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။ 🙋🏻‍♂️

ခေတ်ကာလတိုးတက်ပြောင်းလဲလာတာနဲ့ အမျှ စီးပွားရေးသမားတွေ၊ လုပ်ငန်းရှင် တွေဟာ လုပ်ငန်းတိုးချဲ့တဲ့နေရာမှာ Marketing နည်းဗျူဟာတွေ၊ Advertising နည်းဗျူဟာတွေကို သုံးလေ့ရှိ ကြပါတယ်။ 

ဒီတော့ သူတို့နှစ်ခုရဲ့ ကွာခြားချက်တွေကို မပြောခင်မှာ တစ်ခုချင်းစီရဲ့ အဓိပ္ပါယ် ဖွင့်ပြရမယ်ဆိုရင် ....

🗣Advertising - သင့်ဆီမှာဒီပစ္စည်းတွေ ရှိတယ်ဆိုတဲ့ အကြောင်း လူအများ သိအောင်ကြော်ငြာခြင်း။

🗣Marketing - Customer တွေရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီအောင်ပစ္စည်းကို ထုတ်ခြင်း၊ ရောင်းခြင်း။

ဒီတော့ Marketing နဲ့ Advertising ကြားက ကွာခြားချက် တွေကိုမပြောခင်မှာ Media (3) ခုအကြောင်း ပြောချင်ပါတယ်။

✅Paid Media

ဒီ media ကို ကုမ္ပဏီတွေကပိုက်ဆံပေးပြီး သူတို့ ပစ္စည်းတွေကို နည်းမျိုးစုံနဲ့ market လုပ်ခိုင်းမယ်။ ကြော်ငြာတွေ၊ ဆိုင်းဘုတ်တွေ အစရှိသဖြင့် အကုန် စီစဥ်ပေးတာမျိုးကို ဆိုလိုပါတယ်။

✅ Owned Media

ဒါကတော့ ကုမ္ပဏီတွေကိုယ်တိုင်ပိုင်တဲ့ channel တွေကိုသုံးပြီးလုပ်တဲ့ marketing media ဖြစ်ပါတယ်။ ဥပမာ ကုမ္ပဏီရဲ့ website တွေ၊ blog တွေအစရှိတာတွေနဲ့ ကြော်ငြာတဲ့ပုံစံဖြစ်ပါတယ်။

✅Earned Media

ဒီ Media မှာဆိုရင် အပြင်ပတ်ဝန်းကျင်က အထောက်အကူနဲ့  ကိုယ့်ပစ္စည်း promote တာပဲ ဖြစ်ပါတယ်။ ဥပမာ မင်းသား၊ မင်းသမီး တွေ ငှားတာမျိုးကိုဆိုလိုပါတယ်။

💁🏻‍♂️အဲ့ဒီတော့ Advertising ဆိုတာ

ဒီ media သုံးခုနဲ့ယှဥ်ပြောရမယ်ဆိုရင် Paid Media တစ်ခုနဲ့ပဲအလုပ်လုပ်ပါတယ်။ Marketing Strategy တစ်ခုအောင်မြင်ဖို့ဆိုတာကတော့ ဒီ media သုံးခုလုံးကိုဖြတ်ကျော် ရပါတယ်။🎥

တကယ်တော့ Advertising ဟာ Marketing လုပ်ခြင်း တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ပါတယ်။ 🧐

အရှင်းဆုံး ပြောရမယ်ဆိုရင် စျေးကွက်တစ်ခုအတွက် ဒီပစ္စည်းကို စားသုံးသူတွေရဲ့လိုအပ်ချက်အရ ဖန်တီးပေးတာက Marketing ဖြစ်ပြီး အဲ့ ပစ္စည်းကို လူအများသိအောင်လုပ်တာက Advertising ဖြစ်ပါတယ်။ 

💁🏻‍♂️Marketing ဆိုတာကတော့

အရင်လေ့လာမှုတွေ ပြုလုပ်တယ်။ Customer တွေလိုအပ်နေတဲ့ အရာက A လိုပစ္စည်းမျိုးဆိုရင် A အပြင် A+ ဆိုတဲ့ + တစ်လုံးပါရင် ပိုလိုချင်ကြမယ်။ ပိုအသုံးဝင်ကြောင်းပြသနိုင်ရမယ်။ 📦

Advertising ကဒီ A+ ဆိုတဲ့ ပစ္စည်းမှာ ပါတဲ့ အရည်အသွေးတွေဘယ်လောက် ပြည့်ဝကြောင်း၊ ဘယ်လောက်တန်ကြောင်း လူသိရှင်ကြား သိအောင်လုပ်မယ်ဆိုတာပဲ ရှိတာပါ။👥

Marketing မှာအဆင့်တွေအများကြီး ရှိပါတယ်။ စနစ်တကျ plan ဆွဲမယ်၊ အဲ့ဒီ့အတိုင်းလိုက်လုပ်မယ်၊ plan အောင်မြင်ဖို့ အတွက် လုပ်သင့်လုပ်ထိုက်တဲ့ activity တွေ၊ campaign တွေကို လုပ်ဆောင်ကြမယ်။ 

ဒါမှဝယ်သူနဲ့ရောင်းသူကိုချိတ်ဆက်ပေးနိုင်ပြီး အဖက်ဖက်က အကျိုးရလဒ်တွေ ရရှိအောင်လုပ်ဆောင်  ပေးနိုင်မှာ ဖြစ်ပါတယ်။ 🤝

Marketing process ကို Pie Chart တစ်ခုလို့ သတ်မှတ်မယ်ဆိုရင် 

စျေးကွက်အခြေအနေလေ့လာမှု (Market Research), ရောင်းချမှုနည်းဗျူဟာ (Sales Strategy), စားသုံးသူအားပေးသည့် ဝန်ဆောင်မှု (Customer Relations or Service) စတဲ့ အပိုင်းလေးတွေနဲ့ အတူ Advertising ဆိုတဲ့ ကြော်ငြာခြင်းကပါ ပါဝင်လာမှာဖြစ်ပါ တယ်။📊

ဒီလောက်ဆိုရင် Marketing နဲ့ Advertising နှစ်ခုတို့ရဲ့ ကွာခြားချက်ကို ကွက်ကွက်ကွင်းကွင်း သိမြင်နားလည် လိမ့်မယ်လို့မျှော်လင့်ပါတယ်။ 🤩

နောက်လည်းဒီလိုဗဟုသုတရစေမယ့် post တွေတင်ပေးသွားမှာမို့ ဖတ်ရှုပေးကြပါဦးနော်။🐝

Reference: https://www.thebalancesmb.com/marketing-vs-advertising...

Written by

အလှလေး

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱