“MBTI Personality Test”
“MBTI Personality Test”
သူငယ်ချင်းတို့အားလုံးကို ဒီစာလေးက တစ်ဆင့် ပြောပြချင်တဲ့ အကြောင်းအရာက MBTI Test လို့ခေါ်တဲ့ Myers-Briggs Type Indicator အကြောင်းပဲ ဖြစ်ပါတယ်။ 👱♀️
သူငယ်ချင်းတို့ ကိုယ့်ကိုယ်ကို self-awareness ဘယ်အတိုင်းအတာအထိ ရှိနေကြပြီလဲ ...? 🤔🙄
ကိုယ့်Personalityကဘယ်လိုလဲ၊ ကိုယ့်စိတ်ဓါတ်ကဘယ်လိုလဲ၊ ကိုယ်ဘာတွေကြိုက်လဲ၊ ဘာတွေကိုတော့မကြိုက်ဘူးလဲ၊ ကိုယ်ဘာဝါသနာပါလဲ၊ အစရှိသဖြင့် ကိုယ့်အကြောင်းကို ဘယ်လောက်နားလည်သဘောပေါက်လဲ?
တစ်ခါတစ်လေ ကိုယ်က ကိုယ့်အကြောင်းကို အရမ်းသိနေပြီဘဲလို့ ထင်ရပေမယ့် တကယ်တမ်းကျ ကိုယ့်ကိစ္စနဲ့ ပတ်သက်ပြီး မရှင်းတာတွေတပုံကြီးပါ။ ဥပမာအနေနဲ့ဆို ကိုယ့် passion က ဘာလဲဆိုတာကိုမသိတာမျိုးပေါ့။
🤠 ဒီပြသနာကို ဖြေရှင်းဖို့အတွက် MBTI Personality Test ကသူငယ်ချင်းတို့ကို အများကြီး ကူညီပေးသွားမှာပါ။ ဒီ Test မှာဆိုရင် personalities စုစုပေါင်း (၁၆) မျိုးရှိပါတယ်။ Categories အနေနဲ့ဆိုရင် တော့ -
(1) Introversion or Extraversion 😓
(တစ်ယောက်တည်းအေးအေးဆေးဆေး နေတတ်မှု နဲ့ လူအများနဲ့ပြောဆိုဆက်ဆံရ ကြိုက်သည့်အတိုင်းအတာ)
(2) Sensing or Intuition 👀
(ကိစ္စရပ်တစ်ခုခုမှာ အပြောင်းအလဲရှိနေတာကို သတိထားမိမှုနဲ့ စိတ်ကအလိုလိုသိနေတတ်တာ၊ တစ်နည်းအားဖြင့် ကိုယ့် instincts ကိုယုံကြည်မှု)
(3) Thinking or Feeling ✨
(စဥ်းစားဥာဏ်ကိုဦးစားပေးမှုနဲ့ ခံစားချက်ကို ဦးစားပေးမှု)
(4) Judging or Perceiving 🤨
(ဝေဖန်လိုစိတ်ပြင်းပြမှုနဲ့ တစ်ခုခုကို သိလာတဲ့စိတ်၊ သူများတွေပြောတာကို အတည်ယူတတ်တဲ့အတိုင်းအတာ) ဆိုပြီး ၄ မျိုး ရှိပါတယ်။ ဒီ categories တွေထဲက စကားလုံးတွေကိုယူပြီးတော့ Test အဖြေက စကားလုံး ၄ လုံးပါတဲ့ personality အဖြေမျိုးကို ရရှိပါတယ်။ ဥပမာ - INTJ, ESTP ဆိုတာမျိုးပါ။
ဒီ Test ကိုဖြေခြင်းအားဖြင့် ကိုယ်က တစ်ယောက်တည်းနေတတ်တဲ့သူမျိုး introverted လား၊ လူအများနဲ့ ပြောဆို ဆက်ဆံရကြိုက်တတ်တဲ့ extroverted လား၊ ကိုယ့်တွေးခေါ်ပုံတွေးခေါ်နည်း၊ ကိုယ်ဆုံးဖြတ်ချက်တွေကိုဘယ်လို ချမှတ်တတ်လဲ ... အစရှိသဖြင့် မျိုးစုံသိရမှာ ဖြစ်တဲ့အပြင် test အပြီးမှာ ကိုယ့် personality နဲ့ကိုက်မယ့် career ကိုပါ ပြောပြပေးပါတယ်။ 👩
ဒီ test ကိုဖြေချင်တယ်ဆိုရင်တော့ အောက်က link ကနေတစ်ဆင့် လွယ်လွယ်ကူကူ ဖြေလို့ရပါတယ်။
https://www.16personalities.com/free-personality-test
ကဲ...ဒါဆိုရင် ဒီ personality test လေးကို ဖြေပြီး ကိုယ့်ကိုယ်ကို explore လုပ်ကြရ အောင်နော်။ 🤗
Written by
အလှလေး

Comments
Post a Comment