“Mobile Payment System”ဆိုတာဘာပါလိမ့်...🤔


 “Mobile Payment System” ဆိုတာဘာပါလိမ့်...🤔


Stellaတို့ ခေတ်ဟာ လက်ထဲမှာ ဖုန်းတစ်လုံးရှိရုံနဲ့ အံ့သြစရာကောင်းလောက်အောင် ဘာမဆိုကို လုပ်နိုင်နေတဲ့ခေတ် ဖြစ်နေပြီဆိုတာ လက်ခံကြတယ်မလား။😱

 

screen ကို တစ်ချက်ပွတ်လိုက်တာနဲ့ ကိုယ်စားချင်တာစား ၊ ဝတ်ချင်တာဝတ်လို့ ရနေပါပြီ။ ဒါဟာ နည်းပညာတွေ တိုးတက်ပြောင်းလဲလာခြင်းရဲ့ အကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။ ဒါပေမဲ့  ကောင်းကျိုးတွေရှိရင် ဆိုးကျိုးတွေဟာလည်း ဒွန်တွဲနေမှာပါပဲ။🙄

 

အဲ့ဒါကြောင့် ဒီနေ့ Stellaက ယနေ့ခေတ်မှာ အထင်ရှားဆုံးဖြစ်တဲ့ အရမ်းလည်း အသုံးဝင်တဲ့mobile payment system ( ဖုန်းဖြင့် ပိုက်ဆံပေးချေခြင်းစနစ်) တိုးတက်လာခြင်းရဲ့  ကောင်းကျိုး၊ ဆိုးကျိုးတွေကို ပြောပြပါမယ်။🙆‍♀️

 

ဖုန်းကနေ ငွေပေးချေခြင်း စနစ်တွေကို ယေဘုယျအားဖြင့် ... 

 

1. Onlineကနေစျေးဝယ်ပြီး  ဖုန်းဖြင့် ပိုက်ဆံချေခြင်း

 

2.  ဖုန်းငွေဖြည့်ခြင်း၊ လွှဲခြင်း( Telenor, Mpt)

➡️ အခုဆိုရင် Ok$, Ongo, Visa စတာတွေနဲ့တောင် ဖုန်းငွေဖြည့်လို့ရနေပြီ။

 

3.  ပိုက်ဆံ သွင်းခြင်း၊ ပို့ခြင်း၊ လွှဲခြင်း၊ ပေးချေခြင်း (KBZ pay, Wave Money)

 

4. ကိုယ့်ဝန်ထမ်းတွေကို ဖုန်းကနေတဆင့် လစာပေးခြင်း စသဖြင့် မြောက်မြားစွာ ရှိပါတယ်။

 

Pros (ကောင်းကျိုးများ)🧐

 

✳️ Fast & Easy

 

Stellaတို့ဟာ စျေးဝယ်စင်တာတွေသွားရင် ဖုန်းရဲ့ မျက်နှာပြင်ကို လက်ချောင်းလေးနဲ့ ထိလိုက်ရုံနှင့် ငွေပေးချေလို့ ပြီးသွားတယ်။

 

အရင်တုန်းကလို ကိုယ့်ပိုက်ဆံအိတ်ကြီးကို လက်တွေ ထိုးနှိုက်နေပြီးတော့ ရှာစရာမလိုတော့ဘူး။ (ပိုက်ဆံအိတ် ရှုပ်ပွနေတဲ့သူဆို ပိုဆိုးပါတယ်😂) အကြာကြီး ရပ်စောင့်နေစရာမလိုတော့ဘူး။ လျင်လျင်မြန်မြန်နဲ့ ပြီးသွားတယ်။

 

နောက်တစ်ချက်က Stellaတို့ onlineကနေမှာတဲ့အခါမှာလည်း ပိုက်ဆံလေးကို လွှဲပေးလိုက်ရုံနှင့် ဝယ်ရတာ အရမ်းလွယ်ကူတယ်။ ကိုယ့်စိတ်ကြိုက်လည်း ရတယ်။

 

✳️ Secure

 

Credit cardနှင့် စျေးဝယ်ရင် ကိုယ့်ရဲ့ informationဟာ မလုံခြုံပါဘူး။ ဘာလို့လဲဆိုတော့ သူတို့က ကိုယ့်ရဲ့ အချက်အလက်တွေ ဥပမာ ကိုယ့်မှာ ငွေဘယ်လောက်ရှိတယ် အကြွေးဘယ်လောက်သုံးထားတယ် စတာတွေကို cardကနေ တဆင့် သိနေတာပါ။ 🤑

 

Mobile payment systemနဲ့ဆိုရင်  ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်က ကိုယ့်ဆီမှာပဲ ရှိနေတဲ့အတွက် ကိုယ်တစ်ယောက်တည်းပဲ သိနိုင်ပါတယ်။ လုံလည်း လုံခြုံပါတယ်။

 

✳️ Physically secure

 

👝အရင်ကဆိုရင် Stellaတို့ဟာ ဘယ်နေရာကိုသွားသွား ပိုက်ဆံအိတ်ကြီး တကိုင်ကိုင်နဲ့ သွားလေ့ရှိပါတယ်။

 

အခုဆိုရင် Mobile payment system ​တိုးတက်လာတဲ့အခါကျတော့ ပိုက်ဆံအိတ် အခိုးခံရမယ့် အန္တရာယ်ကလည်း ကင်းဝေးသွားပါပြီ။ တကယ်လို့ သူခိုးက ကိုယ်ဖုန်းကို ခိုးခဲ့မယ်ဆိုရင်တောင် သူတို့က ဘယ်လိုသုံးရမယ်ဆိုတာ သိမှာ မဟုတ်ပါဘူး။ အကယ်၍သိခဲ့ရင်တောင် ကိုယ့်ပိုက်ဆံက အမြဲလုံခြုံနေမှာပါ။ ဘာလို့လဲဆိုတော့ privacyဆိုတဲ့ Passcode၊ fingerprint တို့က ပိုင်ရှင်ကိုယ်တိုင် ဖွင့်မှသာ ပွင့်တာပါ။😇

 

✳️ Widely accepted

 

Mobile payment systemကို နိုင်ငံတိုင်းလိုလိုမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပါပြီ။ Stellaတို့ နိုင်ငံမှာလည်း သုံးနေကြတဲ့ Supermarket တွေ Convenience store တွေ အချို့ ရှိပါတယ်။

 

နောက်တစ်ခုက ကိုယ်က နိုင်ငံခြားတွေ ဘာတွေသွားတယ်ဆိုရင် ငွေလဲရတဲ့ ပြဿနာတွေဟာ လျော့ပါးသွားမှာပါ။  သူတို့ သတ်မှတ်ထားတဲ့ pay appsလေးကို ကိုယ့်ဖုန်းထဲမှာရှိရုံနှင့် ကိုယ်ဝယ်ချင်တဲ့ ပစ္စည်းလေးတွေကို အလွယ်တကူ ဝယ်ယူလို့ရနေပါပြီ။🤩

 

✳️ Reward Programs

 

တစ်ချို့ payment appတွေဆိုရင် customerတွေကို အကျိုးခံစားခွင့်တွေ ပေးပါတယ်။

 

ဥပမာ - KBZ Payဆို ၃၀၀၀ဖိုး ဖုန်းငွေလွှဲရင်ပဲဖြစ်ဖြစ်၊

ဖြည့်ရင်ပဲဖြစ်ဖြစ် ၉၀၊ ၄၀၀၀ဖြည့်ရင် ၁၂၀စသဖြင့် ပြန်ရပါတယ်။

 

ပြီးတော့ ဘယ်appသုံးရင် ဘယ်လောက် discountစသဖြင့် အချို့စတိုးဆိုင်တွေက ပေးကြပါတယ်။🌟

 

Cons (ဆိုးကျိုးများ)🤨

 

🚫 aren't always accepted

 

Stellaတို့ တိုးတက်နေတဲ့ နိုင်ငံမပြောနဲ့ အရမ်းခေတ်မှီ တိုးတက်နေတဲ့ ​အမေရိကန်နိုင်ငံ( မြောက်ပိုင်း) မှာတောင် သုံးတဲ့ရာခိုင်နှုန်းဟာ ၃၆ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ဒါကြောင့်မို့  စျေးဝယ်ထွက်ရင် ဖုန်းထဲက ပိုက်ဆံနဲ့ ငွေပေးချေဖို့က တစ်ခါတစ်လေ အခက်အခဲ ရှိနိုင်ပါတယ်။☹️

 

🚫 aren't all accepted

 

Stella အပေါ်မှာ ပြောခဲ့သလိုပဲ စတိုးဆိုင်တွေတိုင်းဟာ

application အကုန်လုံးကို လက်ခံမှာ မဟုတ်ပါဘူး။ သူတို့ စီးပွားရေးနဲ့ ချိတ်ဆက်ထားတဲ့ appတွေနဲ့မှသာ ငွေပေးချေလို့ရမှာပါ။☹️

 

ဥပမာ Walmartကို အားလုံးသိကြမှာပါ။ သူဟာ အမေရိကန် အခြစိုက် နိုင်ငံတကာ လက်လီရောင်းချရေး ကော်ပိုရေးရှင်းတစ်ခုဖြစ်ပါတယ်။ သူတောင်မှ Walmart payဆိုတဲ့ appနဲ့သာ လက်ခံတာပါ။ သူ့ဆီမှာ တခြားappနဲ့ ငွေပေးချေလို့ လုံးဝမရပါဘူး။🙅

 

🚫  Payments are tied to your phone

 

တကယ်လို့ ကိုယ်က စတိုးဆိုင်သွားလို့ ပိုက်ဆံပေးချေစရာက ဖုန်းပဲပါလာတယ်၊ ဖုန်းကလည်း ဘက်ထရီမရှိတော့ဘူးဆိုရင် ပလုံပါပြီ။ ဘာမှ ဝယ်လို့မရတော့ပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်မှာ စျေးဝယ်ဖို့ ပိုက်ဆံက အပိုပါမလာဘူးလေ။ 💁

 

🚫 Easier to track

 

အရေးကြီးဆုံး အချက်လည်း ဖြစ်၊ အခုခေတ်မှာ အရမ်းကို ကြောက်စရာကောင်းတဲ့ အချက်လည်း ဖြစ်ပါတယ်။ digital တွေ စက်ပစ္စည်းတွေဟာ တိုးတက်လာတာနဲ့အမျှ hacker တွေရဲ့ အန္တရာယ်ဟာလည်း အရမ်းများလာပါတယ်။ ကိုယ့်ဖုန်းထဲမှာ ပိုက်ဆံအများကြီး ထည့်ထားတဲ့သူတွေဆိုရင် အရမ်းကြောက်ရပါတယ်။ နည်းနည်းလောက်လေး မှားသွားတာနဲ့ Hackerက ကိုယ့်ရဲ့  privacy ကို ချိုးဖောက်ပြီး တစ်စက္ကန့်အတွင်းမှာ ကိုယ့်ပိုက်ဆံတွေကို ယူသွားမှာပါ။

 

ဒါဟာ Stellaတို့ ပတ်ဝန်းကျင်မှာ အရမ်းကို အဖြစ်များနေတဲ့ ဖြစ်ရပ်တစ်ခုပါ။

 

Wave moneyကနေ ငွေကို ဘယ်လိုထုတ်သွားတာ၊ ကိုယ့်ရဲ့ ဘဏ်အကောင့်တွေထဲကနေ ဘယ်လောက်ခိုးသွားတာဆိုပြီး ခဏခဏ ကြားဖူးကြမှာပါ။😢

 

ဒါကြောင့်မလို့ Stellaက Mobile Payment Systemကို သေချာကျွမ်းကျင်စွာ သုံးတတ်ရင် သုံးကြပါ။ အခုလို covidဖြစ်နေတဲ့အချိိန်ဆိုရင် အရမ်း အသုံးဝင်ပါတယ်။🤗


‼️ သို့သော်လည်း မကျွမ်းကျင်သူတွေအဖို့ကတော့ တတ်ကျွမ်းတဲ့သူတွေနဲ့ သေချာမေးမြန်းပြီးမှသာ သုံးသင့်ပါတယ်လို့ အကြုံပြုလိုက်ပါတယ်။

 

Stay at home & Be healthy😘.

 

Written by

# Stella Pyae

 

Reference link:

https://www.techspot.com/news/74462-pros-cons-mobile-payments.html

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱