သင့်ရဲ့ စိတ်ကူးအိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ စီမံခန့်ခွဲတဲ့အခါမှာ သင်က Proactive လား ... ? Reactive လား ... ?
မင်္ဂလာပါ
ဒီတစ်ခေါက်မှာတော့ Covid19 လို မမျှော်လင့်ထားတဲ့ကိစ္စတွေကို အကောင်းဆုံးရင်ဆိုင်သွားနိုင်စေပြီး အိပ်မက်တွေကိုလည်း အကောင်အထည်ဖော်နိုင်ဖို့အတွက် Management Style (၂) မျိုးဖြစ်တဲ့ Proactive နဲ့ Reactive အကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။
သင်ဟာ လူနေမှုနေ့စဥ်ဘဝမှာ အောင်မြင်နိုင်ဖို့၊ အဆင်ပြေစေဖို့ ဒီစွမ်းရည် (၂) မျိုးလုံးရှိသင့်တယ်ဆိုပေမယ့်လည်း Proactive ဟာ Reactive ထက်တော့ Risk နည်းပြီး အောင်မြင်ဖို့ အလားအလာပိုကောင်းတဲ့ စီမံခန့်ခွဲမှုမျိုး ဖြစ်ပါတယ်။ 
ဥပမာ - မာရသွန်ပြိုင်ပွဲ ဝင်ပြေးတော့မယ်ဆိုရင် လေ့ကျင့်ခန်းပုံမှန်လုပ်တာ၊ ချော်လဲနိုင်တဲ့ Risk ကို တွက်ချက်ပြီး တံတောင်ဆစ်အစွပ်၊ ဒူးစွပ်တွေဝတ်သွားတာမျိုးဟာ နိုင်နိုင်ချေပိုများပြီး ချော်လဲရင်လည်း ပြန်ထနိုင်မယ့် Proactive စီမံခန့်ခွဲမှုမျိုးဖြစ်ပါတယ်။ 
အဲ့တာဆို Reactive စီမံခန့်ခွဲမှုစွမ်းရည်ကရော မလိုတော့ဘူးလား?
အဲ့လိုမဟုတ်ပါဘူးနော်။
Reactive စီမံခန့်ခွဲမှုစွမ်းရည်ဟာလည်း လူတစ်ယောက်ရဲ့ မရှိမဖြစ်ရှိရမယ့်စွမ်းရည်တစ်ခုဖြစ်ပါတယ်။
သင်ဟာ ဘယ်လောက်ပဲ အနာဂတ်ကိုတွက်ချက်ခန့်မှန်းနိုင်ပါစေ၊ မမျှော်လင့်ထားတဲ့အရာဆိုတာ တစ်ခါတလေဖြစ်လာတတ်ပါတယ်။
ဥပမာ - သင့်မှာ ၅ နှစ်အတွက် ပြီးပြည့်စုံနေတဲ့ Business plan တစ်ခုဆွဲပြီးထားပေမယ့် မမျှော်လင့်ပဲ Covid19 လို ကပ်ဘေးတစ်ခုဖြစ်လာတဲ့အခါ လုပ်ငန်းရပ်တန့်ပစ်ရမလိုမျိုးလောက်ထိ ဖြစ်တတ်ပါတယ်။ 
ဒီအချိန်မှာ သင့်ရဲ့ Reactive စီမံခန့်ခွဲမှုဟာ အရေးပါဆုံးဖြစ်ပါတယ်။
Logistic ပိုင်းဖြစ်တဲ့ (Delivery Service) ကိုပြောင်းပြီး ဝင်ငွေဖန်တီးမလား? E-commerce အွန်လိုင်းစီးပွားရေးလုပ်မလား? ကိုယ့်အတွက် လဲမကျသွားစေမယ့် လွတ်လမ်းတစ်ခုကို ချက်ချင်းရှာနိုင်ရပါမယ်။ 
Proactive ဟာ Reactive ထက်ကောင်းချင်ကောင်းပေမယ့် Reactive ကိုတော့ လုံးဝလက်လွှတ်ခံလိုက်လို့မရဘူးနော်။ 
ဒါပေမယ့်လည်း သင့်မှာအနာဂတ်အိပ်မက် အကြီးကြီးရှိတယ်ဆို အခုချိန် ဂိမ်းနဲ့ဖေ့စ်ဘွတ်နဲ့ အချိန်ကုန်နေတာဟာ Proactive မဆန်တဲ့နေထိုင်မှုမျိုး ဖြစ်ပါတယ်။ 
သင်ရဲ့နေ့စဥ်ဘဝ အလေ့အကျင့်တွေဟာ သင့်ရဲ့ စိတ်ကူးအိပ်မက်ဆီ တစ်လှမ်းချင်းဦးတည်နေဖို့အတွက် Proactive ကို အလေ့အကျင့်တစ်ခုလိုမွေးပြီး ရရှိလာတဲ့အခွင့်အရေးတွေကိုလည်း Reactive စွမ်းရည်နဲ့ အမိအရဖမ်းဆုပ်ကြစေဖို့ Beatrix က အကြံပေးလိုက်ပါတယ်နော်။ 
Written by
ခိုင်

Comments
Post a Comment