“Search Engine Optimization(SEO)” ဆိုတာ ဘာလဲ .... ⁉️
“Search Engine Optimization(SEO)” ဆိုတာ ဘာလဲ .... ⁉️
SEO ဆိုတဲ့ စကားလုံးကို နေရာတိုင်းမှာ ကြားလာကြပါပြီ။ အထူးသဖြင့် Digital Marketing လောကမှာ SEO ကဆိုရင် အရေးပါတဲ့ နေရာအဖြစ်ကနေပါဝင်နေပါတယ်။ ⚙️
သူများက SEO ပြောပြောနေလို့သာ ကြားဖူးနားဝရှိနေတာ။ SEO ရဲ့ တကယ့်အဓိပ္ပာယ်ကဘာလဲ ... ။🤷♀️
➡️SEO ဆိုတာ Search Engine Optimization ရဲ့ အတိုကောက်ဖြစ်ပြီး Search Engine တွေဖြစ်တဲ့ Google၊ Yahoo၊ Bing တို့မှာ ကိုယ့် website ကိုရှာလိုက်ရင် ကြော်ငြာတွေကြောင့်မဟုတ်ဘဲ search list ရဲ့ထိပ်မှာပေါ်နေပြီး ကိုယ့်ရဲ့ website ကို လူကြည့်များအောင် တနည်းအားဖြင့် Organic Traffic ရအောင် Search Engine မှာ ကိုယ့် website ကို အဆင့်သတ်မှတ်ပေးတဲ့နည်းပဲဖြစ်ပါတယ်။
SEO က ဘယ်လို အလုပ်လုပ်လဲ ... ။🛠️
➡️SEO ကဆိုရင် သင် ရှာဖွေလိုက်တဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီး အနီးစပ်ဆုံး၊ အသင့်လျော်ဆုံး အဖြေကို Search Engine တွေမှာကျလာအောင် လုပ်ဆောင်ပေးတာပဲ ဖြစ်ပါတယ်။
Search Engine တွေက သင်ရှာလိုက်တဲ့အကြောင်းအရာကို ကြုံသလိုချပေးလိုက်တာမဟုတ်ပါဘူး။ သိန်းနဲ့ သန်းနဲ့ ချီတဲ့ website တွေထဲကမှ ဒေတာတွေကို ပြန်စစ်ထုတ်၊ ကိုယ်ရှာလိုက်တဲ့ အဓိကစာလုံးတွေကို Google ရဲ့ algorithm နည်းနဲ့ အစဉ်လိုက်ပြန်စီပြီးတော့မှ top rank ဖြစ်တဲ့ အကြောင်းအရာကို ဖော်ပြပေးလိုက်တာဖြစ်ပါတယ်။
ဥပမာအနေနဲ့ သင်က "How to make cheese cake" ဆိုတဲ့အကြောင်းကိုရေးထားတယ်ဆိုပါစို့။ သင်က Google မှာ “Cheese Cake” ဆိုတဲ့ စကားလုံးရှာတိုင်း သင့်ရဲ့ ဆောင်းပါးကို ထိပ်ဆုံးနေရာတွေမှာပဲဖြစ်ဖို့အတွက်ဆိုရင် သင့်ရဲ့ဆောင်းပါးကို Google ကထိပ်ပိုင်းမှာထားဖို့အတွက် လက်ခံနိုင်လောက်တဲ့ အတိုင်းအတာဖြစ်အောင် ရေးဖို့တော့လိုတာပေါ့။ အဲ့လိုဖြစ်ဖို့အတွက်ဆိုရင် SEO နည်းလမ်းနဲ့ ရေးတတ်ဖို့တော့လိုပါလိမ့်မယ်။
SEO နည်းလမ်းက ဘာတွေလဲ ... 📝
1️⃣ Keywords တွေကို အစဉ်လိုက်စီပြီး ဖန်တီးပါ။
2️⃣Google ရဲ့ ပထမဆုံးစာမျက်နှာကို လေ့လာ ပိုင်းခြားကြည့်ပါ။
3️⃣သူများတွေနဲ့ မတူညီတဲ့အရာ ဒါမှမဟုတ် ရှိနေပြီးသားဟာတွေထက် ပိုမိုကောင်းမွန်တာကို ဖန်တီးပါ။
4️⃣ကိုယ့် content မှာ ချိတ်ဆက်တဲ့ link တွေထည့်ပါ။
5️⃣On-page SEO ကို ပိုကောင်းအောင်လုပ်ပါ။
6️⃣Search Intent လို့ခေါ်တဲ့ ရှာဖွေသူတွေလိုချင်တဲ့အဓိကအချက်တွေပါအောင် ရေးသားပါ။
7️⃣သင့်ရဲ့ content design ကို အမြင်ဆန်းအောင်လုပ်ပါ။
8️⃣Content ကနေတဆင့် သင့်ရဲ့ Page ဆီကို links တွေနဲ့ ချိတ်ဆက်ပါ။
9️⃣သင့်ရဲ့ Content ကိုအမြဲ update ဖြစ်နေအောင် မွမ်းမံပေးပါ။
အပေါ်မှာဖော်ပြထားတဲ့ အဆင့် (၉) ဆင့်ဟာဆိုရင် SEO နည်းလမ်းတွေဖြစ်ပြီးတော့ သင့်ရဲ့ Content တွေကိုလည်း ဒီနည်းလမ်းတွေ အသုံးပြုပြီး ဖန်တီးကြည့်ပါ။
ဒါဆို SEO က Marketing ကဏ္ဍမှာ ဘယ်လို အသုံးဝင်တာလဲ ... 🤔
➡️SEO ဟာဆိုရင် သင့်ရဲ့ website ဒါမှမဟုတ် page မှာ ဝင်ရောက်ကြည့်ရှုသူ၊ ရှာဖွေသူများအောင် ကူညီပေးနိုင်ပါတယ်။ ကိုယ့်ရဲ့ website ဟာဆိုရင် အသုံးပြုသူတွေနဲ့ ရင်းနှီးကျွမ်းဝင်လာပြီး အဲ့ကနေတဆင့်မှ Customer ပိုရရှိလာစေတဲ့အတွက်ကြောင့် သင့် ကုန်ပစ္စည်းရောင်းအားတက်အောင် လုပ်ဆောင်နိုင်ပါတယ်။ နောက်ပြီးတော့ ကိုယ့်ရဲ့ brand၊ website ဟာ Search Engine ရဲ့ ထိပ်ပိုင်းနေရာမှာ ရှိလာပြီဆိုရင် လူတွေက ထိပ်ပိုင်းမှာ ရှိနေတဲ့ အရာကိုပဲ အကြည့်များတဲ့အတွက် လူသိများလာစေမှာအမှန်ပါပဲ။ ဆိုတော့ SEO ဟာဆိုရင် အမှန်တကယ်ကို အသုံးဝင်တဲ့ Marketing နည်းလမ်းတစ်ခု ဖြစ်ပါတယ်။
အခု Beatrix က ဖော်ပြပေးလိုက်တဲ့အကြောင်းလေးက စာဖတ်သူတွေအတွက် အကျိုးရှိမယ် ထင်ပါတယ်။ နောက်ရက်တွေမှာလဲ ဗဟုသုတရစရာ အကြောင်းတွေ တင်ပေးသွားဦးမှာမို့ Beatrix ကို see first ထား ထားကြနော်။
အားလုံးပဲ Stay Safe ပါ။ 🤗
Reference;
https://backlinko.com/seo-strategy
Written By,
Grace

Comments
Post a Comment