အရေးကြီးတဲ့ ဆုံးဖြတ်တွေချမှတ်တဲ့အခါ Six Thinking Hats နဲ့အညီ စဉ်းစားပြီးမှ ဆုံးဖြတ်ပါ🎩



အားလုံးပဲ မင်္ဂလာပါ 🎉


Beatrix က သူငယ်ချင်းတို့ ဆုံးဖြတ်ချက်ချတဲ့အခါအရေးကြီးဆုံး Six Thinking Hats ကို ကြားဖူးကြလား ?🎩🎩


Six Thinking Hats ဆိုတာ ဆုံးဖြတ်ချက်ချတဲ့အခါမတူညီတဲ့  ရှုထောင့်ပေါင်းစုံကနေ ဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာပေါင်းစုံကို ထည့်သွင်းစဉ်းစားပြီး ဆုံးဖြတ်ချတာမျိုးဖြစ်တဲ့နည်းစနစ်ကိုဆိုလိုတာဖြစ်ပါတယ်။ 


သင် က အကောင်းမြင်တတ်တဲ့ လူတစ်ယောက် မလို့ ဆုံးဖြတ်ချက်တစ်ခု ကို  ကောင်းတဲ့ဘက် က ပဲ တွေးပြီး ချလိုက်တယ်။ ဒါပေမယ့်လည်း သင်ကြိုမတွေးထားတဲ့ တစ်ဖက်က ပြဿနာတွေရှိလာတဲ့အခါ ခြေမကိုင်မိတွေ၊

လက်မကိုင်မိတွေ ဖြစ်ကုန်ပါလိမ့်မယ်နော်။😾


အဲ့ဒီလိုပဲ သင်က အစိုးရိမ်လွန်တတ်တဲ့ သူမလို့ အမှားတွေ မဖြစ်အောင် သတိထားပြီး ဆုံးဖြတ်ချက်ချလိုက်ပြန်  

တော့လည်း သင်မတွေးလိုက်မိတဲ့ ရှုထောင့်တစ်ဖက် က အခွင့်အရေးတွေ ကိုဆုံးရှူံးရတတ်ပါတယ် ။


Six Thinking Hats က ဒီ ပြဿနာတွေကို ဖြေရှင်းပေးမဲ့                    Technique တစ်ခုပဲ ဖြစ်ပါတယ်။


Six Thinking Hats က ဘာတွေလဲဆိုတော့….

🎩White Thinking Hats

🎩Red Thinking Hats

🎩Black Thinking Hats

🎩.Yellow Thinking Hats

🎩.Green Thinking Hats

🎩.Blue Thinking Hats တို့ပဲဖြစ်ပါတယ်။


ဒီတော့ Six Thinking Hats က ဦးထုပ် ( ၆ ) ရောင်

အကြောင်းကို သူငယ်ချင်းတို့နားလည်လွယ်အောင် ဥပမာလေး နဲ့ တကွ ဖော်ပြပေးပါ့မယ်။


သီတာကမာလာရှမ်းကော ရောင်းဖို့ စဉ်းစားနေတယ်ဆိုပါစို့။


သူမ က 💁🏻‍♀️


⚪️ White Hat Thinking ဆိုရင် မာလာရှမ်းကောရောင်းဖို့အတွက် သိသင့်သိထိုက်တဲ့ အခြေခံအချက်အလက်တွေ ၊ လိုအပ်တဲ့ဒေတာတွေအ ပေါ်အခြေခံပြီးအရင်ဆုံးစဉ်းစားမှာဖြစ်ပါတယ်။

ဥပမာ - ဈေးကွက်မှာ မာလာရှမ်းကောက ဘယ်လောက်ခေတ်စားနေလဲ ။ မာလာရှမ်းကောတစ်ပွဲ မှာ ဘာတွေပါမှ ဈေးတန်တယ်လို့ထင်လဲ  စတဲ့အချက်အလက်တွေကို အရင်ဆုံးစဉ်းစားရမှာပါ။


🔴 Red Hat Thinking ဆိုရင်တော့ စိတ်ခံစားချက်ကို အလေးပေးစဉ်းစားတာမလို့ ကိုယ့်ရဲ့မာလာရှမ်းကောကို လူတွေဝယ်ချင်လာအောင် ဘယ်လိုလုပ်ရမလဲ စဉ်းစားရမှာဖြစ်ပါတယ်။ 

ထုပ်ပိုးပုံပြင်လိုက်ရမလား?အိမ်အရောက်အခမဲ့ပို့ပေးရမလား? လက်ဆောင်လေးတွေထည့်ပေးရမလား? မဟုတ်ဘူး စသဖြင့် အကျိုးအကြောင်းမဆီလျော်ဘဲ လူတွေရဲ့ စိတ်ခံစားချက်ပေါ် အခြေခံပြီးဆုံးဖြတ်မှာ ဖြစ်ပါတယ် ။


⚫️ Black Hat Thinking ဆိုရင်တော့ဖြစ်လာမယ့် အခက်အခဲအတားအဆီးတွေကိုဖြေရှင်းဖို့ အကျိုးအကြောင်းနဲ့ စဉ်းစားရမှာ ဖြစ်ပါတယ် ။ မာလာရှမ်းကော ရောင်းတဲ့လူတွေများလာရင် ဘယ်လိုလုပ်ရမလဲ ။ အားလုံးနှစ်သက်မယ့် မာလာအနှစ်မရရင် ဘယ်လိုလုပ်မလဲ ။ အထုံစိမကြိုက်တဲ့လူတွေ များတော့ အနှစ်ကို ဘယ်တံဆိပ်ရွေးရမလဲ စတဲ့ အခက်အခဲတွေကို အရင် စဉ်းစားအဖြေရှာရမှာဖြစ်ပါတယ် ။


🟡 Yellow Hat Thinking ကတော့ အကောင်းမြင်ဝါဒီမလို့ အကောင်းဘက်ကနေ ကိုက်ညီအောင် စဉ်းစားရမှာဖြစ်ပြီး 

မာလာရှမ်းကောရောင်းတဲ့သူ များပေမယ့် ကိုယ်ကတော့ Portion များများ ၊ အရသာကောင်းကောင်း နဲ့ ဈေးတန်တန်ရောင်းမယ်။ ရောင်းအားတအားကောင်းလာရင် ဘယ်လိုစီမံခန့်ခွဲမလဲ စတဲ့ ကောင်းသောအမြင်တွေနဲ့ပဲ ဆုံးဖြတ်ချက်ချမှာ ဖြစ်ပါတယ် ။


🟢 Green Hat Thinking ကတော့ တီထွင်ဆန်းသစ်တဲ့ ရှုထောင့်ကနေ အသေအချာ အစီအစဉ်ချရမှာမျိုး ဖြစ်ပါတယ်။

မာလာရှမ်းကောချည်းပဲ မရောင်းဘဲ မာလာရှမ်းကော ၊ ထမင်း ၊ ကိုလာ ( ၃ ) မျိုးပါတဲ့ Set လုပ်ရောင်းမယ် ။ ဒါမှမဟုတ် စားသုံးသူတွေ ရွေးချယ်စရာ ပိုများအောင် Menu အသစ်တွေ လုပ်ပြီး ရောင်းမယ် ဆိုပြီး တီထွင်စဉ်းစားတာမျိုးဖြစ်ပါတယ် ။


🔵  Blue Hat Thinking ကတော့ ကိစ္စရပ်တစ်ခုလုံးကိုထိန်းချုပ်နိုင်ဖို့အတွက် အဖက်ဖက်က ပြန်လည်စဉ်းစားသုံးသပ်တာမို့ အထက်ပါစဉ်းစားနည်းတွေအားလုံးကို ရှုထောင့်အမျိုးမျိုးကစဉ်းစားချင့်ချိန်ပြီး အရာအားလုံးကို ထိန်းချုပ်နိုင်မယ့်အဖြေကောင်းတစ်ခုကို ဆုံးဖြတ်ချက်ချမှာ ဖြစ်ပါတယ် ။


ဒီစဉ်းစားနည်းတွေတိုင်းမှာ အားနည်းချက် ၊ အားသာချက် အသီးသီး ရှိကြပါတယ် ။ Six Thinking Hats နည်းစနစ်  တစ်ခုစီတိုင်းကို မျှမျှတတချင့်ချင့်ချိန်ချိန် စဉ်းစားတတ်ရင် ကောင်းမွန်ပြည့်စုံတဲ့ဆုံးဖြတ်ချက်တွေကို ချနိုင်မှာပါ ။💭 ဒီတော့ ...

သူငယ်ချင်းတို့ လည်း အရေးကြီးတဲ့  ဆုံးဖြတ်ချက်တွေ ချရတဲ့အခါ ဒီနည်းလမ်းလေးကို အသုံးချကြည့်ပါ လို့ Beatrix က အကြံပေးလိုက်ပါတယ်။💕🐝


Reference Link :https://www.google.com/search?q=what+six+thinking+hats+used+for&rlz=1C1CHBD_enMM869MM869&oq=what+six+thinking+hats+used+for&aqs=chrome..69i57j0.21701j0j1&sourceid=chrome&ie=UTF-8


Content by Khine T.D




Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱