Types of motivation
အားလုံးပဲမင်္ဂလာပါ...Beatrix ကနေ ပြန်လည်ကြိုဆိုပါတယ်🥳
ဒီနေ့မှာတော့ Motivation (လှုံ့ဆော်မှု၊ တွန်းအား)ဆိုတာ ဘာလဲ၊ အမျိုးအစားဘယ်နှစ်မျိုးရှိလဲ၊ ဘာတွေလဲဆိုတာကို shareပေးသွားပါမယ်။ 🌟
Stella တို့ဟာ တစ်ခုခုကို အပြင်းအထန် ကြိုးစားရခြင်းရဲ့ အကြောင်းအရင်းဆိုတာ အမြဲရှိပါတယ်။ ကိုယ်ကသတိမထားမိလိုက်ဘဲ ကိုယ်ရချင်တဲ့အရာကို ရဖို့အတွက် ကြိုးစားလိုစိတ်ရှိအောင် လှုံ့ဆော်ပေးနေတဲ့ အရာကို တွန်းအားလို့ ခေါ်ပါတယ်။ 💪
ဥပမာ ကိုယ်က လေ့ကျင့်ခန်းတွေ အရမ်းလုပ်တယ် dietလုပ်တယ် အဆီအစိမ့်တွေကို ရှောင်တယ်။ ဒါဆို ဘာလို့ အဲ့ဒါတွေကို လုပ်တာလဲ???🤔
ခန္ဓာကိုယ်လှချင်လို့ အချိုးအစားကျချင်လို့ ပိန်ပိန်သွယ်သွယ်ဖြစ်ချင်လို့..... ဒါတွေက motivationတွေ ဖြစ်တယ်။ အဲ့ဒီတွန်းအားကြောင့်ပဲ ကိုယ်က လေ့ကျင့်ခန်းတွေလုပ်နေရတာပေါ့။ 🤨
Motivation (လှုံ့ဆော်မှု၊ တွန်းအား) မှာ အဓိကအားဖြင့် intrinsic motivation( အတွင်းကနေလာတဲ့ လှုံ့ဆော်မှု၊ တွန်းအား) နဲ့
extrinsic motivation( အပြင်ကနေသက်ရောက်တဲ့လှုံ့ဆော်မှု၊ တွန်းအား) ဆိုပြီး ရှိပါတယ်။
1️⃣Intrinsic motivationဆိုတာက အရာတစ်ခုကို ကိုယ်နှစ်သက်သဘောကျလို့၊ ကိုယ်စိတ်ဝင်စားလို့၊ ကိုယ်လိုချင်လို့ လုပ်တာဖြစ်ပြီးတော့ ဆုတွေ၊ ချီးကျူးစကားတွေ မလိုဘဲနဲ့ အမြဲနောက်ကနေ တွန်းအားအဖြစ်ရှိနေတာပါ။
ဒါဆိုရင် intrinsic motivation မှာ ဘယ်လိုအမျိုးအစားတွေပါဝင်လဲ?
📍Competence & Learning motivation
ဥပမာ ကိုယ်က ရာထူးတိုးချင်တယ်ဆိုပါစို့။ ဒါဟာ
skillsတွေ၊ ဗဟုသုတတွေ၊ အသစ်သစ်သော အကြောင်းအရာတွေကို သင်ယူချင်လို့ ရာထူးတိုးချင်တာ၊ ပိုက်ဆံပိုရချင်လို့၊ အာဏာပိုပြချင်လို့ ရာထူးတိုးချင်တာ မဟုတ်ဘူးဆိုရင် Competence & Learning Motivationဆိုတဲ့ အတွင်းကနေ လာတဲ့ လှုံဆော်မှု၊ တွန်းအားအမျိုးအစား ဖြစ်တယ်။🧏♂️
ဒါကိုတော့ အကောင်းဆုံး motivator ၊ အရမ်းကို တန်ဖိုးရှိတဲ့ motivator လို့တောင် ပညာရှင်တွေက ဆိုကြပါတယ်။ 😉
📍Attitude Motivation
သူကတော့ သူများပျော်ရွှင်ရင် သူပျော်ရွှင်တယ်။ အပြင်ဘက်ကနေလာတဲ့ လှုံ့ဆော်မှု တွန်းအား Extrinsic motivationနဲ့တူတယ်ထင်ရပေမယ့်လည်း တကယ်တမ်းက မတူပါဘူး။ သူများကို ကူညီနေရရင် သူကိုယ်တိုင်လည်းပျော်တဲ့ လှုံ့ဆော်မှုအမျိုးအစား ဖြစ်ပါတယ်။ 🥰
ဥပမာ ကိုယ်က ဟင်းချက်ရတာပျော်လို့ ချက်တယ်။ ကိုယ့်ဟင်းကို သူများမြည်းလိုက်လို့ သဘောကျနှစ်သက်တယ်ဆိုရင်လည်း ပျော်တယ်။ နောက်ကျတော့ ကိုယ့်ရဲ့ ဟင်းက အရသာရှိတယ်ဆိုတယ်ဆိုပြီး ထပ်ချက်ဖြစ်တယ်။👩🍳
📍Achievement Motivation
ဖြစ်ချင်တဲ့ အိပ်မက်တွေ ရည်မှန်းချက်တွေ ဖြစ်မြောက်အောင် တွန်းအားပေးနေတဲ့ လှုံ့ဆော်မှုအမျိုးအစားဖြစ်တယ်။
သူက ဆုတွေဘာတွေရဖို့ကို အဓိကမထားပဲ ကိုယ်လုပ်နေတဲ့အလုပ်၊ ကိုယ့်ကိုပေးအပ်လာတဲ့ တာဝန်ကို အောင်အောင်မြင်မြင်နဲ့ပြီးမြောက်ဖို့ စိတ်အားထက်သန်တဲ့ သူတွေဖြစ်ပါတယ်။ 🤓
📍Creative Motivation
ဒါကတော့ သူများတဲ့မတူဘဲ ထူးခြားချင်တဲ့ လှုံ့ဆော်မှုမျိုး တွန်းအားမျိုးဖြစ်ပါတယ်။ သူက ကိုယ့်ကိုယ်ကို ထူးခြားတဲ့ပုံစံမျိုးအဖြစ် ဖော်ပြခြင်းနဲ့ တူပါတယ်။ သူများနဲ့ မတူအောင် ပုံဆွဲချင်တာတို့ ၊ စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းရှင်တို့ ဖြစ်ပါတယ်။ 🧐
📍Psychological Motivation
ဥပမာ ကိုယ်က တစ်ယောက်ယောက်ကို ဖြစ်စေ၊ အဖြစ်အပျက် တစ်ခုခုကို ဖြစ်စေ မေ့အောင် အပြင်းအထန် ကြိုးစားတယ်။ ဒါပေမဲ့ ကိုယ်မသိတဲ့ လှုံ့ဆော်မှု၊ တွန်းအားက ပြန်မှတ်မိအောင် တိုးတိုးလေး သတိပေးနေတယ်။
2️⃣ Extrinsic Motivation ဆိုတာကတော့ အပြင်က လာတာဖြစ်တဲ့အတွက် တစ်ယောက်ယောက်က ချီးကျူးတာကို ခံချင်တာ၊ အသိအမှတ်ပြုတာ ခံချင်တဲ့ လှုံ့ဆော်မှု တွန်းအား ဖြစ်ပါတယ်။ Extrinsic မှာရော ဘယ်လို mativation မျိုးတွေပါလဲဆိုတာ ကြည့်လိုက်ရအောင်။
📍Incentive Motivation
ဆုတွေ၊ ဘောနပ်စ်ကြေးတွေ ပေးခြင်းဖြင့် လူတွေကို တွန်းအားပေးတယ်။ လုပ်ငန်းခွင်တွေမှာဆို ဒီလို တွန်းအားမျိုးက employee တွေအတွက် အရေးကြီးပါတယ်။ 🤑
📍Fear Motivation
သူက ကြောက်စိတ်ဖြစ်အောင် လုပ်ပေးတဲ့ လှုံဆော်မှုမျိုး ဖြစ်တယ်။ နည်းနည်း အဆိုးဘက်ရောက်သွားပေမယ့်လည်း စီးပွားရေးလုပ်ငန်းတွေမှာဆို အရမ်းအသုံးဝင်တယ်။
ဥပမာ ပေးထားတဲ့တာဝန်ကို သတ်မှတ်ထားတဲ့အချိန်မှာ မပြီးရင် လစာလျှော့တာတို့ ရာထူးမတိုးတာတို့ ဆုမပေးတာတို့ လုပ်တဲ့ လှုံ့ဆော်မှုဖြစ်တယ်။ 😒
📍Power Motivation
`တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး´ ဆိုတဲ့အတိုင်း ဒီလို လှုံဆော်မှုတွန်းအားရှိတဲ့ လူတွေဟာ သူတို့အနီးနားမှာ နေတဲ့သူတွေအပေါ် မူတည်ပြီး သူတို့ဘဝဟာ ပြောင်းလဲသွားကြတယ်။ 👥
ကိုယ်နဲ့ အတူနေတဲ့သူဟာ စိတ်ထားကောင်းတဲ့သူဆိုရင် ကိုယ့်ကို ကောင်းတဲ့သူ ဖြစ်လာအောင် အဲ့လူက တွန်းအားပေးနေတယ်။ ဆိုးတဲ့သူနဲ့နေရင် ကိုယ့်ရဲ့ စရိုက်တွေက ဆိုးရွားလာတယ်။
လူတိုင်းမှာ ကိုယ့်အပေါ်ကို အင်အားတွေပေးနေတဲ့သူ၊ ကိုယ်လေးစားရတဲ့သူဆိုတာ ရှိမှာပါပဲ။ သူပြောနေကျစကားတွေက ကိုယ့်ကို သူ့လိုဖြစ်လာအောင် တွန်းအားပေးတာမျိုးပဲ ဖြစ်ပါတယ်။🙀
📍Affiliation & Social Motivation
ကိုယ်ပေါင်းသင်းနေတဲ့သူဟာ ဒါမှမဟုတ် ကိုယ်နဲ့ထိတွေ့နေတဲ့ အုပ်စုတစ်ခုဟာ ကိုယ့်ကိုအမြဲတမ်း အားပေးနေတာ၊ ကိုယ်ဘာလုပ်လုပ် အမြဲတမ်း အနားမှာရှိပေးတာဟာ ကိုယ့်ရဲ့ စစ်မှန်တဲ့ပျော်ရွှင်မှုကို ရှာဖွေဖို့အတွက် လှုံဆော်မှု တွန်းအား ဖြစ်ပါတယ်။ 🥰
ဒါဆိုရင် ကိုယ့်မှာ စိတ်ခံစားမှုအတွင်းကလာတဲ့လှုံ့ဆော်မှု ရှိတာလား? အပြင်ကလာတဲ့ လှုံ့ဆော်မှု ရှိတာလားဆိုတာ သိသွားလောက်ပြီလို့ မျှော်လင့်ပါတယ်။
Stay Safe Everyone.😘
Written by
#StellaPyae
Ref: https://www.evantarver.com/types-of-motivation/#:~:text=Intrinsic%20and%20extrinsic%20motivation%20are,types%20driven%20by%20external%20rewards.

Comments
Post a Comment