2021 မှာပိုမိုတွင်ကျယ်လာတော့မယ့်Personal Branding
Branding ဆိုတာကုန်ပစ္စည်း အတွက်ချည်းမဟုတ်ဘဲ လူတစ်ယောက်ရဲ့ အမှတ်တံဆိပ်တစ်ခုဆိုလည်း ဟုတ်ပါတယ်။
"သင်ဘယ်သူလဲ သင် ကဘာအတွက်ရပ်တည်သလဲ၊
သင့်ရဲ့ values(တန်ဖိုးထားမှု) တွေက ဘာတွေလဲ
အဲ့ values တွေကိုဘယ်လိုဖော်ပြနိုင်မလဲ" ဆိုတာတွေက personal branding ကိုဆိုလိုခြင်းပဲဖြစ်ပါတယ်။ နယ်ပယ်တိုင်းမှာ သူတို့ရဲ့ Personal Brand ကို အကောင်းဆုံးတည်ဆောက်သွားတဲ့သူတွေ အများကြီးရှိပါတယ်💁🏻♀️
ခုလက်ရှိ trends ဖြစ်နေတာနဲ့ ဥပမာပေးရရင် ထက်ထက်မိုးဦး ကိုပဲ ဥပမာပေးချင်ပါတယ်။
တစ်ချိန်က နိုင်ငံကျော်မင်းသမီးတစ်ယောက် ဆိုတဲ့ Brand အပြင် အခု ခေတ်နဲ့အညီ လိုက်လျောညီထွေ ပြောင်းလဲနိုင်တဲ့ အရောင်းအဝယ်ပါးနပ်တဲ့ အမျိုးသမီးတစ်ယောက် ဆိုတဲ့ Brand ကို အချိန်တိုအတွင်းမှာ တည်ဆောက်လာနိုင်တာ အားလုံးအမြင်ပဲ ဖြစ်ပါတယ်။😉
ဒီတော့ Personal branding တည်ဆောက်ဖို့က အရင်ကလည်း အရေးကြီးသလို အခုလို ဒစ်ဂျစ်တယ်ခေတ်မှာ သာလို့ အရေးကြီးပါတယ်။
☑ လူဆိုတာကိုယ့်ရဲ့ Brand ( အမှတ်တံဆိပ် ) ကိုကောင်းကောင်းတည်ဆောက်နိုင်လေအခွင့်အရေးတွေ ပိုရလေပါပဲ။လုပ်ငန်းခွင်မှာလည်း ကိုယ့်ရဲ့ personal brand ကအရေးကြီးပါတယ် ဘာကြောင့်လဲဆိုတော့ ကိုယ်က personal brand ကိုကောင်းကောင်း တည်ဆောက်ထားမယ်ဆိုရင် လုပ်ငန်းခွင်က ပိုယုံကြည်အားထားလာပြီး ကိုယ့်ရဲ့ career အောင်မြင်မှုအတွက်လည်း အထောက်အကူဖြစ်လာမှာပါ။
ဥပမာ ရာထူးတိုးပေးတာ၊ တာ၀န်တွေပေးအပ်တဲ့အခါ ဦးစားပေးစဉ်းစားခံရတာ စသဖြင့် အခွင့်အရေးတွေ ပိုင်ဆိုင်လာနိုင်မှာပါ🙆🏼♀️
☑️Personal branding က 2021 မှာ ဘာလို့ပိုတွင်ကျယ်လာမှာလဲ?🤔
▪️ဘာလို့လဲဆိုတော့ Personal Branding က ရမယ့် အကျိုးအမြတ်တွေကို ပိုသိလာကြလို့ပါ။
အားလုံးသိကြတဲ့အတိုင်းပဲ ခု 2019 နောက်ပိုင်း 2020 အတွင်းမှာ Freelance အလုပ်တွေ ပေါများလာပါတယ်။
▪️ဒီ Freelance အလုပ်တော်တော်များများကလည်း နည်းပညာပိုင်း နဲ့ အနုပညာပိုင်း မှာ ပိုတွင်ကျယ်လာတာ သတိထားမိကြမယ် ထင်ပါတယ်။
ဥပမာ Freelance Translator, Freelance model, Freelance Graphic Designer, Freelance Photographer စတာတွေပေါ့။
▪️ဒီလို Freelancer ပေါများလာတာက Personal Branding အပြိုင်အဆိုင် တည်ဆောက်တာ ကို ဖြစ်စေပါတယ်။
▪️ဥပမာ မေသီ နဲ့ နွယ်နီ က Freelance model တွေ
ဒါပေမဲ့ နွယ်နီ က Branding လုပ်တာပိုကောင်းလို့ Follower ပိုများတယ်။ဒါဆို Product တော်တော်များများ က နွယ်နီ့ ရဲ့ Followers ကို သိမ်းတဲ့အနေနဲ့ နွယ်နီ့ ကို Product Ambassador ခန့်မယ်။ ဒါဆို မေသီ က ဒီတိုင်းနေမှာလား၊
မနေပါဘူး သူလည်း သူ့ Brandကို
သူအစွမ်းရှိသမျှ တည်ဆောက်မှာပါ။
ဒီနည်း နဲ့ Personal Branding ပြိုင်တာတွေ ဖြစ်လာကြမှ ာပါ။
▪️သင့်ရဲ့ personal branding ကကောင်းလေ သင့်ကို လူတွေ ပိုသတိထားမိလေ ဖြစ်ပါတယ်။
လူတွေပိုသတိထားမိလေ သင့်အတွက် အခွင့်အရေးတွေ အခွင့်အလမ်းတွေ ပိုများလေပါပဲ။👍🏻
" Personal Branding က သင့်ရဲ့ Career တစ်ခုလုံး ကို ပုံသွင်းနိုင်ပါတယ် "
ဒါဆို 2021 မှာ သူများ တွေနောက်မကျ
အောင် Personal Branding ကို ဘယ်လို တည်ဆောက်ရမလဲ?
1️⃣ကိုယ့်ရဲ့ တန်ဖိုး ကိုယ်သိအောင်အရင်လုပ်ပါ။
ကိုယ့်ရဲ့ တန်ဖိုး ကိုတခြားသူတွေသိအောင် မပြခင်ကိုယ့်ရဲ့ အားသာချက် ကိုယ့်ရဲ့ passion ကိုယ့်ရဲ့အားနည်းချက် တွေကိုသေချာသိအောင်လုပ်ထားဖို့လိုပါတယ်။ငါ
တကယ်လုပ်ချင်တာဘာလဲ၊ ငါကဘယ်နေရာတွေမှာ ကျွမ်းကျင်လဲ၊ တခြားသူတွေ ချီးကျူး လေးစားတဲ့ ငါ့ရဲ့ အပြုအမူ တွေကဘာတွေလဲ။ 🧐
ဒီလိုမျိုးမေးခွန်းတွေကို ကိုယ့်ကိုယ်ကိုပြန်မေးပါ။ မိသားစု သူငယ်ချင်း လုပ်ဖော်ကိုင်ဖက်တွေကိုလည်း မေးကြည့်ပါ။ ကွဲပြားတဲ့ အမြင်တွေ ယူဆချက်တွေကနေကိုယ့်ရဲ့ personality ကိုကောင်းကောင်းသိပြီး branding လုပ်တဲ့နေရာမှာ အ
ထောက်အကူပြုလာပါလိမ့်မယ်။
2️⃣ ကိုယ်အလုပ်လုပ်မယ့် နယ်ပယ်မှာ Expert ဖြစ်နေပါစေ။
ကိုယ်ကဒီနယ်ပယ် ဒီ position မှာလုပ်မယ်လို့
ဆုံးဖြတ်လိုက်တာနဲ့ လိုအပ်တဲ့အရည်အချင်းတွေအားလုံးကို နားလည်ထားဖို့လိုအပ်ပါမယ်။ ဒီအတွက် အလုပ်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ up to date trend ဖြစ်နေတဲ့အရာတွေ ကိုယ့်ထက် ပိုတော်တဲ့ seniors တွေ Competitors တွေနဲ့ ရင်းနှီးအောင် ချဉ်းကပ်ထားရပါမယ်။✔️
ကိုယ်လုပ်ကိုင်မယ့် နယ်ပယ်မှာ Expert တစ်ယောက်ဖြစ်ဖို့ အတွက် လိုအပ်တဲ့ skills တွေ knowledge တွေကို အဆက်မပြတ်သွားအောင် လေ့လာသင်ယူနေရပါမယ်။ အတွေ့အကြုံရှိအောင်လည်း ကိုယ့်သင်ယူထားတဲ့အရာတွေကို လ က်တွေ့မှာအသုံးချဖို့ ကြိုးစားရပါမယ်။
3️⃣ တခြားသူတွေဆီကသင်ယူပါ။
Career ပိုင်းရော Branding ပိုင်းရောပါ တိုးတက်အောင်မြင်သွားတဲ့ သူတွေကို ရှာဖွေပါ။ သူတို့ တိုးတက်အောင်ဘယ်လိုလုပ်ဆောင်ခဲ့လဲ၊ ဘယ်နေရာကနေဘယ်လိုစတင်ခဲ့လဲဆိုတာတွေကို လေ့လာပါ။ 📚
Career နဲ့ဆိုင်တဲ့ gp တွေကို join ထားတာ၊ အတွေ့အကြုံရှိတဲ့ speaker တွေပို့ချပေးတဲ့ Seminars တွေ၊ Workshops တွေ၊ events ကိုလိုက်တက်တာ၊ အပြန်အလှန် မေးခွန်းမေးမြန်းတာ၊ အသင်းအဖွဲ့တွေမှာ ပါ၀င်တာတွေလုပ်ဆောင်ပါ။ Personal branding နဲ့ပတ်သက်တဲ့ online courses တွေလိုက်တက်ပါ။
4️⃣ ကိုယ်ရဲ့ value position ကိုတည်ဆောက်ပါ။
ကုမ္ပဏီတိုင်းမှာသူတို့ရဲ့ brand or service ကိုဘာကြောင့်၀ယ်သုံးသင့်လဲဆိုတာရှိလို လူတစ်ယောက်ရဲ့ personal brand မှာလည်း ကိုယ်ကတခြားသူတွေနဲ့ ဘယ်လိုကွဲပြားခြားနားလဲ၊ ကိုယ့်ရဲ့ထူးခြားတဲ့ အရာတွေကဘာတွေလဲဆိုတာကို သိသာမြင်သာအောင်လုပ်ပါ။ လူအများကြားမှာ သိသာထင်ရှားနေအောင် ကိုယ့်ရဲ့ထင်ပေါ်တဲ့ brand တစ်ခုကို စဉ်းစားသုံးသပ်ပြီး တည်ဆောက
ဖို့လိုအပ်ပါတယ်။
5️⃣ Social platforms တွေကိုအသုံးပြုပါ။
2020မှာတောင် personal brand ကောင်းကောင်းတည်ဆောက် ဖို့အတွက် Social media က သိပ်ကိုအရေးပါလာပါတယ်📲
ဒါဆို 2021 မှာ Branding လုပ်ဖို့အတွက်ဆို Social Platform တွေရဲ့ rules တွေ ကို ပိုသိထားသင့်ပြီး ပိုကောင်းကောင် းအသုံးချနိုင်ဖို့ လိုအပ်ပါတယ်။
ဘယ် platform ကိုပဲသုံးသုံးကိုယ့်ရဲ့ personal brand ပုံရိပ်က တစ်သမတ်တည်း ဖြစ်နေဖို့ အရေးကြီးပါတယ်။
အဲ့အတွက် Linkedin လိုနေရာမျိုးမှာ ကိုယ်စိတ်၀င်စားတဲ့ နယ်ပယ်က အလုပ်နဲ့သက်ဆိုင်တဲ့ gp တွေ join ထားရပါမယ် ကိုယ့်ရဲ့ profile ကို professional ကျကျတည်ဆောက်ပါ။ ကိုယ့်မှာရှိတဲ့ skills, experience နဲ့ strengths တွေ ရရှိခဲ့တဲ့ အောင်မြင်မှု မှတ်တမ်းတွေ ကိုယ်စိတ်၀င်စားတဲ့နယ်ပယ်တွေကို profile မှာထည့်ပြီးတော့ Digital CV တစ်ခုကို ပြင်ဆင်ထားပါ။ သက်ဆိုင်ရာ fields တွေက professional တွေနဲ့လည်း linkedin ကတစ်ဆင့်မိတ်ဆွေဖွဲ့ထားပါ။🤝
☑ Personal branding က ထင်သလောက်တော့ မလွယ်ကူပါဘူး။ ဒါပေမဲ့ စနစ်တကျ တစ်ဆင့်ချင်း တည်ဆောက်ရင်တော့ အချိန်အတိုင်းအတာတစ်ခုမှာ သင့်ရဲ့ Personal Brand ကို သင် ကောင်းကောင်းကြီး တည်ဆောက်နိုင်မှာပါ။
" We are CEOs of our own companies "
Written by
Khine T.d


Comments
Post a Comment