ဒီနေ့အတွက် Beatrix ကယူဆောင်လာပေးတဲ့ topic ကတော့ Project Management ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ Resource Management အကြောင်းဘဲဖြစ်ပါတယ်။ 🙋♀️
Resource Manage လုပ်တဲ့ဖြစ်စဥ်ကို နယ်ပယ်အသီးသီးဖြစ်တဲ့ finance၊ Staffing၊ Technology တို့လည်း အသုံးပြုရတယ်ဆိုပေမယ့် Project Management မှာတော့သူက အရေးကြီးတဲ့ အခန်းကဏ္ဍကနေပါဝင် ပါတယ်။ ❗
Resource Management လို့ ပြောလိုက်ရင် လူအများစုက Human Resource Management နဲ့ မှားလေ့ရှိပါတယ်။ Human Resource Management ကအလုပ်ခွင်ထဲက လူတွေကို manage လုပ်တာနဲ့သက်ဆိုင်ပါတယ်။ 👥
ဒါပေမယ့် Resource ကတော့သူ့ထက် နည်းနည်းပိုကျယ်ပြန့်ပါတယ်။ 🌐
ဒီတော့ Resource Management အကြောင်းမပြောခင် Resource ဆိုတာ ဘာတွေကိုဆိုလိုချင်တာလဲ? 🤔
မြန်မာလိုတိုက်ရိုက်အဓိပ္ပါယ်သတ်မှတ်မယ် ဆိုရင်တော့ resources ဆိုတာ အရင်းအမြစ်လို့ခေါ်ပါတယ်။ အရင်းအမြစ် လို့ပြောလိုက်ရင် project တစ်ခုကို အကောင်အထည်ဖော်ဖို့လိုအပ်တဲ့ လူတွေ၊ ပစ္စည်းတွေဖြစ်တဲ့ equipment တွေ၊ ငွေကြေး အစရှိသဖြင့်ကိုဆိုလိုပါတယ်။ 💁♀️
ဒါဆို Resource Management ကရောဘာလဲ? 🧐
လိုအပ်တဲ့ resource တွေကို လိုအပ်တဲ့အချိန်မှာ သင့်တော်တဲ့နေရာကို ရောက်အောင်၊ တစ်နည်းအားဖြင့် Right Resources, Right Time, Right Place ဖြစ်အောင် စီစဥ်တာကို Resource Management လုပ်တယ်လို့ဆိုလိုပါတယ်။ ✅
Project တွေစီစဥ်လုပ်ဆောင်တဲ့အခါမှာ အချိန်အကန့်အသတ်နဲ့ လုပ်ကြရတာဖြစ်တဲ့ အတွက် resources တွေကို စီမံခန့်ခွဲမှုလျင်မြန်လွယ်ကူအောင် လုပ်ထားတဲ့ resource management software တွေကိုလည်းအသုံးပြုလို့ ရပါတယ်။ 👩💻
ဒါဆိုရင် Resource တွေကိုဘယ်လိုစီမံခန့်ခွဲကြတာလဲ? 📊
Resource Management Process မှာဆိုရင် အဆင့်အနေနဲ့ 4 ဆင့် ပါဝင်တယ်လို့ပြောလို့ရပါတယ်။
ဒါကို တစ်နည်းအားဖြင့် Resource Management Life Cycle လို့လည်း ခေါ်လို့ရပါတယ်။ Project မစခင်မှာတော့ ဘယ် resources တွေလိုမလဲဆိုတာကို အရင်ဆုံးဖြတ်ပြီးတော့ ဒီ project မှာပါဝင်မယ့်လူတွေကို လိုက်လံ စုစည်းရပါမယ်။ 👥
ဆက်လက်ပြီး life cycle အတိုင်းလုပ်ဆောင်သွားရုံပါပဲ။
📌(1) Ascertain Resources
Project ကဘာကြောင့်လုပ်လဲဆိုတဲ့ ရည်ရွယ်ချက်၊ ဒီ project အတွက် ချမှတ်ထားတဲ့ goals တွေကို ချမှတ်ထားရမယ်။ ဒါတွေ ဖြစ်မြောက်ဖို့အတွက်လိုအပ်မယ့် နည်းဗျူဟာတွေနဲ့ resources ကို ရွေးချယ်ရမယ့် အဆင့်ဖြစ်ပါတယ်။ ရွေးချယ်ဆုံးဖြတ်တဲ့အခါမှာ ထည့်သွင်းစဥ်းစားရမှာတစ်ခုက တတ်နိုင်သမျှ ကုန်ကျစရိတ်နည်းပြီး efficient အကောင်းဆုံးနဲ့ အကျိုးအရှိဆုံးဖြစ်ရမယ်ဆိုတဲ့အချက်ပါပဲ။ 🔍
📌(2) Procure Resources
ဒုတိယအဆင့်ကိုတော့ လိုအပ်တာတွေကို ရယူတဲ့အဆင့်လို့ပြောလို့ရပါတယ်။ ဒီ project လုပ်ဖို့အတွက်ကိုက်ညီတဲ့ team တစ်ခုကိုစခေါ်ရပါတယ်။ ဒီလူတွေဟာ ဒီ project အတွက် ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေ၊ အတွေ့အကြုံတွေနဲ့ ကိုက်ညီတဲ့သူတွေဖြစ်ရပါတယ်။ ပြီးရင် စာချုပ်ပိုင်းဆိုင်ရာတွေ စီစဥ်တာ၊ လိုအပ်မယ့်ငွေပမာဏချိန်ဆတာ၊ ရှိသင့်တဲ့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်တာ စတာတွေက ဒီအဆင့်မှာ လုပ်ရတာဖြစ်ပါတယ်။ 📦
📌(3) Manage Resources
ဒီအဆင့်မှာတော့ team ထဲက ဘယ်သူက ဘာလုပ်မယ်ဆိုတာခွဲခြမ်းစိတ်ဖြာတာ၊ သုံးနေတဲ့ စားပွဲ၊ ထိုင်ခုံ၊ နေရာ၊ ပစ္စည်းတွေ ငှားရမ်းစုဆောင်းတာတွေ၊ သင့်တော်လား
မသင့်တော်လား စဥ်းစားတာတွေ စပြီးလုပ်ရပါပြီ။ 📚
📌(4) Control Resources
ဒီနောက်ဆုံးအဆင့်မှာတော့ ကိုယ်အသုံးပြု ထားတဲ့ resources တွေက ကိုယ်လိုချင်တဲ့ ရလဒ်တွေပေးနေလား၊ ဥပမာ - ကိုယ့် project အတွက်ရွေးထားတဲ့ အချိန် timeline ကအဆင်ပြေနေလား၊ ကိုယ့် team ကလူတွေရဲ့အလုပ်က ကိုယ်လိုချင်တာမျိုးဟုတ်ရဲ့လား၊ ကိုယ် သုံးလိုက်တဲ့ငွေပမာဏက ကိုက်ရဲ့လား၊ ကိုယ် ရွေးချယ်ထားတဲ့နေရာတွေ၊ သုံးလိုက်တဲ့ ပစ္စည်းတွေကအဆင်ပြေလား အစရှိသဖြင့် ဆန်းစစ်ပြီး အဆင်မပြေတာ ပြန်ချိန်ညှိပြီး evaluate and control လုပ်ရတဲ့အဆင့်ဖြစ်ပါတယ်။🧐
တကယ်တော့ Resource Management ဆိုတာ တကယ့်ကိုကျယ်ပြန့်လှတဲ့နယ်ပယ် တစ်ခုဖြစ်ပါတယ်။ Project Managers တွေအသီးသီးက ဒီဖြစ်စဥ်ကို နည်းမျိုးစုံနဲ ကိုင်တွယ်ဖော်ဆာင်ကြတာဖြစ်ပါတယ်။ Project Manager တစ်ယောက်ဖြစ်ဖို့ရာ စိတ်ဝင်စားတဲ့လူတွေကတော့ ဒါကို ကျယ်ကျယ်ပြန့်ပြန့်လေ့လာသင့်ပါတယ်။ 🤓
ဒီ post ကနေတစ်ဆင့်လည်း resource management အကြောင်းကို ယေဘုယျ အားဖြင်တော့နားလည်သွားလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 🤗
Reference Link: https://www.projectmanager.com/resource-management
Written by
အလှလေး

Comments
Post a Comment