သင်ဟာ အိပ်ယာ စောစော ထလေ့ရှိတဲ့သူလား ဒါမှမဟုတ် ညဉ့်နက်တဲ့အထိနေတတ်တဲ့သူလား ... ❓

သင်ဟာ အိပ်ယာ စောစော ထလေ့ရှိတဲ့သူလား ဒါမှမဟုတ် ညဉ့်နက်တဲ့အထိနေတတ်တဲ့သူလား ... ❓


အိပ်ယာစောစောထတဲ့သူလေးတွေက ငှက်ကလေးတွေဖြစ်ပြီးတော့ 🦜


ညနောက်ကျတဲ့အထိနေတဲ့သူတွေကတော့ ဇီးကွက်စိန်လေးတွေပေါ့🦉


Early bird လေးတွေကို ဘီလုံးငှက်လေးတွေလို့လဲခေါ်ကြပါတယ်။💁‍♀️


💢Early person နဲ့ Night person လို့ဘာလို့ပြောလဲဆိုရင် လူတွေရဲ့ ပြုမူကျင့်ကြံ နေထိုင်တဲ့ပေါ်ကိုလိုက်ပြီး အမူအကျင့်တွေသာမက ကျန်းမားရေးရှုထောင့်အရရော 

အောင်မြင်မှုကဏ္ဍမှာပါ သက်ရောက်မှုရှိနေလို့ပဲဖြစ်ပါတယ်။


💢များသောအားဖြင့် Early bird နဲ့ Night owl မှာဆိုရင် တော်တော်များများက Early bird ဖြစ်ခြင်းကိုပဲရွေးကြပါတယ်။ စောစောအိပ်ပြီး စောစောထရင် ခေါင်းကြည်တယ်၊ စာလုပ်လို့ပိုကောင်းတယ်၊ အကြံဉာဏ်ကောင်းတွေထွက်တယ်။ ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်တွေ ကောင်းမွန်စွာလည်ပတ်ဖို့အတွက် အချိန်မှန်အိပ် အချိန်မှန်စားဖို့လိုတယ် စတဲ့အချက်တွေကြောင့် နံနက်စောစောထတဲ့ အကျင့်ကို ပြုလုပ်ကြတာများပါတယ်။


💢ဒါပေမယ့် ပြောင်းလဲလာတဲ့ခေတ်နဲ့အညီ  လူတွေရဲ့ လူနေမှုပုံစံ ဟာလဲ ပြောင်းလဲလို့လာပါပြီ။ စာရေးသူတို့လို ၂၁ ရာစု လူငယ်အများစုဟာဆိုရင် Early bird ဖြစ်ခြင်းထက် Night Owl lifestyle ကို ပိုပြီးခုံမင်ကြပါတယ်။


ဒါကြောင့် Early Bird နဲ့ Night Owl ကြားက ကွာခြားချက်တွေ၊ Pros နဲ့ Cons တွေကို ဒီတစ်ပတ်ဖော်ပြသွားမှာဖြစ်ပါတယ်…..😉


🦉လေ့လာတွေ့ရှိချက်အရ Night owl လေးတွေဟာဆိုရင် Early bird လေးတွေထက် ပိုထက်မြက်ပြီးတော့ ကွန့်မြူးနိုင်စွမ်း ပိုရှိပါတယ်တဲ့။ ဒါပေမယ့် Early Bird လေးတွေက ဇွဲပိုကောင်းကြပါတယ်။


🦜Early Bird လေးတွေက ကြိုတင်ပြင်ဆင်တတ်သူတွေဖြစ်ပြီးတော့ Night Owl လေးတွေကတော့ ပါးနပ်တဲ့သူတွေဖြစ်ပါတယ်။


ဥပမာ စာမေးပွဲဖြေတယ်ပဲထားပါစို့...ဘယ်လောက်ပဲ ဉာဏ်ကောင်းတယ်၊ ပါးနပ်တယ်ပဲပြောပြော ကြိုတင်ပြင်ဆင်ထားတဲ့သူက ပိုပြီးတော့ အမှတ်ကောင်းကောင်းရမှာပါပဲ။


🦉ကျန်းမာရေးရှုထောင့်အရ Early bird လေးတွေက Night Owl လေးတွေထက်ပိုကျန်းမာပါတယ်။ Night owl လေးတွေအများစုမှာဆိုရင် ကျန်းမာရေးနဲ့စိတ်ပိုင်းဆိုင်ရာပြဿနာလေးတွေဖြစ်တဲ့ အဝလွန်တာ၊ စိတ်ဓာတ်ကျတာတွေ ဖြစ်တတ်ပါတယ်။


🦜ဒါပေမယ့် Night owl လေးတွေက Early bird လေးတွေထက် အာရုံစိုက်မှုပိုကောင်းပါတယ်။ အများအားဖြင့်က နေ့ဘက်မှာ အလုပ်လုပ်ကြတော့ ပတ်ဝန်းကျင်က ဆူညံမှုတွေနဲ့ အာရုံစိုက်ရခက်ပါတယ်။ ဒါကြောင့် ညဘက် လူတိတ်တဲ့အချိန်မှာဆိုရင် အာရုံစူးစိုက်မှုအပြည့်နဲ့ လုပ်ဆောင်ရတာပိုကောင်းပါတယ်။ 


🦉Night owl လေးတွေရဲ့ အိပ်ချိန်က Early bird လေးတွေထက်ပိုပြီးနည်းပါတယ်။ Early bird လေးတွေက တစ်ညကို ၉ နာရီလောက်အိပ်ရင် Night owl လေးတွေရဲ့အိပ်ချိန်က အများဆုံး ၆ နာရီရှိပါတယ်။ ဒီ့ထက်နည်းချင်လည်း နည်းနိုင်ပါတယ်။ (ဟုတ်ကြလား Night owlလေးတို့ရေ😅)


🦜စောစောထတဲ့ငှက်ကလေးက အစာများများပိုရတယ် ဆိုတဲ့စကားအတိုင်း Night owl တွေနဲ့ယှဉ်ရင် Early bird တွေမှာ အခွင့်အရေးတွေပိုရတတ်ပါတယ်။ ကိုယ်က ကိုယ်ပိုင်အလုပ်လုပ်တယ်ဆိုရင်တော့ Night owl ဖြစ်ရတာ ကိစ္စမရှိပေမယ့် 9 to 5 လုပ်ရတဲ့ အလုပ်မျိုးဆိုရင်တော့ Early bird တွေအတွက် အခွင့်အရေးပိုများပါလိမ့်မယ်။


🦉အသက်အရွယ်အရကြည့်မယ်ဆိုရင် Nightlife ကို ပိုနှစ်သက်ကြတဲ့ GenZ တို့ က Night owl လေးတွေဖြစ်ပြီးတော့ သက်ကြီးပိုင်းတွေကတော့ Early bird တွေပါ။ ဒါကလည်း ပြောင်းလဲလာတဲ့ခေတ်နဲ့ဆိုင်တယ်လို့ ဆိုလို့ရပါတယ်။


🦜 Early bird လေးတွေက စိတ်ရှုပ်စရာတွေ၊ အခက်အခဲတွေ၊ ပင်ပန်းတာတွေတွေ့ကြုံရတာကိုမနှစ်သက်ပါဘူး။ Night Owl လေးတွေရဲ့ အကျင့်ကတော့ အသုံးဖြုန်းကြီးတယ်၊ စိတ်လိုက်မာန်ပါလုပ်တတ်တယ်၊ အသစ်အဆန်းတွေကို ပြုလုပ်ရတာနှစ်သက်ပါတယ်။


အခုပြောပြသွားတဲ့ အချက်တွေနဲ့ ပတ်သက်ပြီး Early bird လေးတွေရော Night owl လေးတွေပါ ကိုယ့်မှာ ဒီလိုအချက်တွေရှိနေလားဆိုတာ ပြန်ဆန်းစစ်ကြည့်ပြီးတော့ ဟုတ်၊ မဟုတ် တိုက်ကြည့်နော်👀


Beatrix စာဖတ်ပရိသတ်ကြီးတို့ကရော Early bird လေးတွေလား ဒါမှမဟုတ် ဇီးကွက်စိန်လေးတွေလားဆိုတာကို comment မှာ ဖြေပေးသွားကြပါဦး👇👇


Reference: https://www.bidsketch.com/blog/everything-else/night-owls-vs-early-birds/


https://www.lifehack.org/articles/productivity/7-differences-between-early-birds-and-night-owls.html


By,

Grace


Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱