ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐



ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ🧐

 

Stellaဆိုရင်တော့ ကမ္ဘာကျော်ဖြစ်တဲ့ Google toolsတွေလို့ ဖြေမိမှာပါ💁‍♀️

 

Google toolsတွေဟာ ကျောင်းသားတွေရဲ့ နေ့စဉ်ဘဝမှာသာမက စီးပွားရေးပညာရှင်တွေ အနုပညာရှင်တွေရဲ့ နေ့စဉ်အလုပ်တွေမှာပါအဓိကနေရာကို ယူထားကြပါတယ်။📲

 

ဒီနေ့မှာ Google tools တစ်ခုချင်းစီက ဘယ်လိုအကျိုးကျေးဇူးတွေပေးနေလဲဆိုတာ Stellaနဲ့ အတူတူ လေ့လာကြည့်ရအောင်။💪

 

✔️1️⃣Google Meet

 

သူလေးကတော့ ပရိသတ်ကြီးတို့လည်း သိမှာပါ။ Video conference app အမျိုးအစားပဲဖြစ်ပါတယ်။ Zoom appလိုမျိုးပဲ  လူအများကြီးနဲ့ စကားပြောတာတွေ၊ meetingထိုင်တာတွေ workshop၊ project၊  presentation စသဖြင့် အများကြီးပဲ လုပ်လို့ရပါတယ်။

 

💼အခုက Covidကြောင့် Work from Homeလုပ်ရတဲ့အတွက် စီးပွားရေးသမားတွေ ဝန်ထမ်းတွေအတွက် အရမ်းအရေးကြီးတဲ့ appတစ်ခုဖြစ်ပါတယ်။

 

👩‍🎓 ကျောင်းသားတွေဆိုလည်း ကျောင်းပိတ်နေတဲ့အတွက်ကြောင့် program joinတာတွေ workshop တက်တာတွေဟာ သူနဲ့ပဲလုပ်ရတာပါ။😉


 

✔️2️⃣Google Docs

 

သူ့ကို အထူးသဖြင့် Content Writer/ Creatorသမားတွေ ကောင်းကောင်းသိပါတယ်။ အခုလိုအချိန်မျိုးမှာ သူမရှိရင် Contentကောင်းကောင်းတစ်ပုဒ်ကို မဖန်တီးနိုင်သလို Content Writerတစ်ယောက်လည်း ဖြစ်လာမှာ မဟုတ်ပါဘူး။

 

Stellaဆို အရင်က စာရိုက်ရင် Microsoft Wordပဲ သုံးတယ်။ ဒါပေမဲ့ Google Docsသုံးကြည့်တဲ့အခါမှာ ပိုပြီး အဆင်ပြေတာကို သတိထားမိတယ်။

 

🔉Google Docsကျတော့ fileကို ပို့တဲ့အခါမှာ formatမျိုးစုံပြောင်းလို့ရတယ်။ Pdf လား Wordလားopen document format လား👀

 

Wordကျတော့ Pdf or wordနှစ်မျိုးပဲ ပို့လို့ရတယ်။😒 နောက်ပြီး သူက ဖုန်းတွေမှာသုံးရင် နည်းနည်း လေးချင်တယ်။

 

✔️Toolတွေ တစ်ခုချင်းစီတိုင်းမှာ သူ့အားသာချက် အားနည်းချက်လေးတွေ ကိုယ်စီရှိနေပေမဲ့ Stellaကတော့ လောလောဆယ် Docsလေးကို ပိုသဘောကျမိတယ်။

 

စာဖတ်ပရိသတ်တို့ကိုလည်း သုံးကြည့်ပါလို့​recommendပေးချင်ပါတယ်။👍


 

✔️3️⃣Google Translate

 

နည်းနည်းတော့ကြာနေပြီဆိုပေမဲ့လည်း  Unicode fontကို သုံးကို သုံးတတ်ရမယ် ပြောင်းရမယ်ဆိုပြီး ပွတ်လောရိုက်ခဲ့ကြတဲ့အချိန်ကို မှတ်မိကြသေးတယ်မလား။😆

 

Unicode ပြောင်းရခြင်းရဲ့ ဇစ်မြစ်ကတော့ သူလေးကြောင့်ပါပဲ။ သူက 108ဘာသာစကားကို ပြောနိုင် ဘာသာပြန်နိုင်တဲ့ Googleကထုတ်လိုက်တဲ့ Tool တစ်ခုဖြစ်ပါတယ်။😲

 

အခုဆိုရင် Stellaတို့ဟာ တစ်ခါတစ်လေ နားမလည်တဲ့ ဘာသာစကားရှိတဲ့အခါ အဲ့ဒီtoolလေးမှာ စာရေးတာ (သို့) အသံထွက်တာ (သို့) screenshotရိုက်ပြီး ဘာသာပြန်ခိုင်းရင် မှန်မှန်ကန်ကန်နဲ့ automatic ပြန်ပြီးသား ဖြစ်သွားပါတယ်။ 😉


 

✔️4️⃣Google Map

 

ခရီးသွားရင် မသုံးလို့ မဖြစ်တဲ့ Toolတစ်ခုလို့ ပြောရင် မမှားပါဘူးနော်။😊

 

✔️သူက ဂြိုဟ်တုကနေ ဖမ်းထားတဲ့ အလန်းစားဓာတ်ပုံတွေနှင့် ကမ္ဘာပတ်လို့ရတယ်။ 🇬🇧🇦🇺🇮🇸🇩🇪🇰🇷🇯🇵🇲🇦

 

✔️လမ်းကြောင်းတွေ တခြားနိုင်ငံရဲ့ အထင်ကရနေရာတွေ သူများနိုင်ငံကိုလည်း ကြည်ကြည်လင်လင်နဲ့ ရှင်းရှင်းလင်းလင်း လှပစွာ ကြည့်လို့ရသေးတယ်။​

 

✔️ကားတွေဘာတွေ မကျပ်တဲ့ လမ်းကြောင်းကသွားချင်တာပဲ ဖြစ်ဖြစ်၊ ကိုယ်သွားချင်တဲ့ လမ်းကြောင်းကို မြန်မြန်သွားချင်တာပဲ ဖြစ်ဖြစ် သူက စီစဥ်ပေးတယ်။💃

 

စိတ်ဝင်စားစရာနောက်တစ်ချက်ကတော့…👀

 

နိုင်ငံခြားသားတွေဆိုရင် ခရီးသွားရင်၊တောင်တက်ရင် များသောအားဖြင့် Google Mapကနေ ရှာပြီးပဲ သွားကြပါတယ်။ 🏃‍♀️

 

ဒါကြောင့် Stellaက မနက်ခင်း လမ်းလျှောက်တာပဲဖြစ်ဖြစ် တချို့နေရာလေးတွေကို သွားရင် Mapလေးကို တခါတလေသုံးသင့်တယ်လို့ အကြံပြုချင်တယ်။🙆


 

✔️5️⃣Google Sheet

 

Microsoft Excelနဲ့ Google Sheetက အထဲမှာ ပါတဲ့ functionတွေ ဥပမာ-Data Collect ၊ Rows and Columnsတွေနဲ့ Data analysisလုပ်တာတွေက အားလုံးနီးပါးက အတူတူပါပဲ။

 

အဓိက ခြားနားသွားတာက Google Sheetမှာဆိုရင် ကိုယ်shareပေးလိုက်တဲ့ usersတွေက အချက်အလက်မှားနေရင်၊လိုနေရင်  ပြင်ဆင်လို့ရတာပါပဲ။

Excelကတော့ fileကို ဖန်တီးတဲ့သူကိုယ်တိုင် ပြင်မှ dataတွေဟာ ပြောင်းတာပါ။📈


 

✔️6️⃣Youtube

 

ဒါကတော့ Google toolsတွေထဲမှာ အအောင်မြင်ဆုံးလို့ ပြောလို့ရပါတယ်။🥳

 

သူက dataတော့ နည်းနည်းပိုကုန်ပေမဲ့ Stellaတို့ သုံးနေတဲ့ Facebookမှာ မတွေ့နိုင်တဲ့ဟာတွေ၊

ရှာလို့မရတဲ့ဟာတွေတောင် ဒီထဲမှာ လွယ်လွယ်ကူကူ ကြည့်လို့ လေ့လာလို့ရပါတယ်။🤩

 

အခုဆိုရင် Stay homeကာလဖြစ်တဲ့အတွက်ကြောင့် လူတွေက vlogsတွေ videosတွေ adsတွေ လုပ်ပြီးတော့တောင် ပိုက်ဆံရှာနေကြပါပြီ။💸

 


✔️7️⃣Gmail

 

ဒီ toolလေးကို Stellaက မသိမယ့်သူ မရှိဘူးလို့ ထင်ပါတယ်။💁‍♀️

 

➡️Securityပိုင်းမှာ လုံခြုံမှုရှိတယ်။ Scamဆိုတဲ့ feature ထည့်ထားတဲ့အတွက်ကြောင့် အရင်ကလို gmailတွေ လွယ်လွယ်ကူကူ hackလို့ မရတော့ဘူး။🙅🏻‍♀️

 

➡️အလိုအလျောက်လည်း syncလုပ်ပေးတယ်။ ကိုယ်က ခဏခဏ ဝင်ပြီး အသစ်တွေ ဘာရောက်တယ်ဆိုတာ ကြည့်ဖို့ မလိုဘူး။

 

➡️ Online learning လုပ်ချင်ရင်လည်း Gmailနဲ့ Sign inဝင်ထားရင် အမြဲတမ်းသူက course အသစ်တွေ သင်ဖို့ ကျန်နေသေးတဲ့ courseတွေကို အမြဲ notiပေးတယ်။ linkလည်း ရှိတဲ့အတွက် တန်းဝင်ပြီး သင်လို့ရတယ်။🤓

 

💥 အဓိက က fbကို gmailနဲ့ ချိတ်ထားရင် ကိုယ့် acc အဟက်ခံရပြီဆိုရင် ချက်ချင်းတန်းသိရတယ်။ဒါကြောင့် အလျင်အမြန် ကိုယ့်accကို securityတိုးမြင့်တာတွေ လုပ်လိုက်လို့ရတယ်။🤨


 

ဒါဆို Google toolsတွေရဲ့ အကျိုးကျေးဇူးတွေကို သိသွားပြီဆိုတော့ အကျိုးရှိအောင် အသုံးချတတ်ဖို့လည်း လိုပါတယ်နော် ပရိသတ်ကြီးတို့ရေ🙌

 

Stay Healthy & Happy.💝

Wear Masks.😷

 

Written by

# Stella Pyae

Comments

Popular posts from this blog

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱