သင်က ဘယ်လို​လေ့လာသူအမျိုးအစားလဲ?✍




သူငယ်ချင်းတို့ပတ်ဝန်းကျင်မှာ စာသင်ခန်းထဲမှာပဲဖြစ်ဖြစ် အပြင်မှာပဲဖြစ်ဖြစ် စာတွေလုပ်တဲ့အခါ ဒါမှမဟုတ် အတတ်ပညာအသစ်တစ်ခုခု အတူလေ့လာကြတဲ့အခါမျိုးတွေမှာဆိုရင် တစ်ယောက်နဲ့တစ်ယောက် လ့လာမှုစွမ်းရည်ဟာ မတူညီကွဲပြားတာမျိုးတွေ တွေ့ရတတ်ပါတယ်။ 👀


သူငယ်ချင်းတွေနဲ့ စာအတူတူလုပ်ရင် စာမပြီးဘူးဆိုတာမျိုးတွေ၊ တစ်ချို့​တွေက​လည်း ဆရာ၊ဆရာမတွေ စာရှင်းရင် သိပ်သဘောမပေါက်ချင်ပေမယ့် သူငယ်ချင်းက ရှင်းပြလိုက်လို့ နားလည်သွားတာမျိုးတွေ ခဏခဏကြုံရပါတယ်။ 👩‍🏫

ဒါဟာ လူတွေတစ်ယောက်နဲ့တစ်ယောက် လေ့လာသင်ယူတဲ့ပုံစံ learning style တွေ ကွဲပြားလို့ပဲဖြစ်ပါတယ်။
Learning Style ကွဲပြားမှုပုံစံ​တွေဟာ ယေဘုယျအားဖြင့် (၄) မျိုးရှိပါတယ်။ 💁‍♀️

ဒီတော့ learning style (4) မျိုးက ဘာတွေလဲ?

🔸️(1) Visual Learning Style

ဒီ learning style ရှိတဲ့လူတွေဟာ စာ​​တွေ၊ အချက်အလက်တွေကို မျက်လုံးနဲ့ ကြည့်ပြီးမြင်ပြီးမှ သူတို့မြင်နေရတဲ့ အချက်အလက်တွေရဲ့ ဆက်စပ်မှုတွေ၊ အကြံဥာဏ်တွေကို လေ့လာကြပါတယ်။ 💭

ဒီလိုလူတွေဟာ ဇယားတွေ၊ ပုံတွေ၊ မြေပုံတွေ အစရှိသဖြင့် ပါရှိတတ်တဲ့ ပညာတစ်ခုကို ပိုမိုလျင်မြန်လွယ်ကူစွာ တတ်မြောက်ကြပြီး ခေါင်းထဲစွဲနေ၊ မှတ်မိနေတတ်ပါတယ်။ ဒါ့ကြောင့် စာတွေ​​လေ့လာတဲ့အခါမှာလည်း အရောင်စုံအောင်သုံးတာတို့၊ ပုံ​တွေအသုံးပြုတာတို့ဆိုရင် အများကြီးအထောက်အကူဖြစ်ပါလိမ့်မယ်။ 📝

🔸️(2) Auditory Learning Style

ဒါကတော့ ကိုယ့်ရဲ့အကြားအာရုံကို အသုံးပြုပြီး လေ့လာတဲ့ နည်းလမ်းတစ်မျိုးဖြစ်ပါတယ်။ သူတို့တွေဟာဆိုရင် စာကိုဖတ်ရတာထက် ကြားရတာကိုပိုပြီး အားသာပါတယ်။ 👂

ဒီလို learning style ရှိသူတွေဟာ သူတို့ကြားရတဲ့အချက်အလက်တွေ၊ လူတွေသူတို့ကိုပြောထားတဲ့ စကားတွေကို အသေးစိတ်ကအစ မှတ်မိနေတတ်ပါတယ်။ ဒါ့ကြောင့်လည်း တစ်ချို့ပုံပြင် စာအုပ်တွေဆိုရင် စာအုပ်အနောက်မှာ audio ပါနေတတ်တာမျိုး၊ English အဘိဓာန်စာအုပ်တွေဆိုလည်း CD ပါ​လေ့ရှိတာ ဖြစ်ပါတယ်။ 🎧

ဒီလိုလူမျိုးတွေအတွက်ဆိုရင် study group အဖွဲ့တွေနဲ့ ဆွေးနွေးတာမျိုး၊ podcast တွေ နားထောင်တာမျိုးက စာလုပ်တဲ့အခါမှာ တကယ်အကျိုးသက်ရောက်မှုဖြစ်စေတဲ့ အချက်တွေပဲဖြစ်ပါတယ်။ ✅

🔸️(3) Kinesthetic Learning Style

စာသင်ခန်းထဲမှာထိုင်ပြီး ဆရာက ၂ နာရီလောက်စာရှင်းပြတာထက် တစ်ခုခုကိုလက်တွေ့လုပ်လိုက်ရတာက ပိုပြီးစိတ်ဝင်စားဖို့ ကောင်းနေလား? ဒါဆိုသင်က Kinesthetic Learner တစ်ယောက်ဖြစ်ပါတယ်။ ဒီလို learning style ရှိသူတွေကတော့ activities လေးတွေလုပ်ခြင်းကတစ်ဆင့် လေ့လာတတ်သူတွေဖြစ်ပါတယ်။ 🧏‍♀️

Presentation တွေလုပ်မလား၊ roleplay လို ပြဇာတ်သဘောမျိုးတွေလုပ်မလား၊ ဒါတွေကသူတို့အတွက် အင်မတန်မှ အကျိုးရှိပါတယ်။ ဒါ့ကြောင့် ပတ်ဝန်းကျင်မှာ ကျောင်းတွေ၊ တက္ကသိုလ်တွေရဲ့ club တွေ၊ ဘယ် activity မှာမဆို ပါဝင်ကြတဲ့ လူမျိုးတွေဟာ Kinesthetic Learner တွေပဲ​​ဖြစ်ပါတယ်။ 🏆

🔸️(4) Reading and Writing Learning Style

​နောက်ဆုံး ၄ ခု​မြောက် learning style မှာ ကတော့ နာမည်အတိုင်းဘဲ စာဖတ်ခြင်း၊ ရေးခြင်းဖြင့် လေ့လာတတ်သူတွေဖြစ် ပြီးတော့ သူတို့အတွက် အတန်းထဲမှာ lecture လိုက်ရင်း notes ထုတ်တာက အကျိုးအရမ်းရှိစေပါတယ်။ 🗒

တစ်ခါတလေမှာ သူတို့ရဲ့မှတ်စုတွေငှားဖတ်တဲ့အခါကျရင် သူတို့ကိုယ်တိုင်ကနားလည်နေပေမယ့် ငှားတဲ့လူက နားမလည်တာမျိုးတွေရှိတတ်ပါတယ်။ ဒါက သူတို့နည်း သူတို့ဟန်နဲ့ မှတ်သားတတ်ကြ လို့ဘဲ ဖြစ်ပါတယ်။ ငယ်ငယ်တုန်းကဆိုရင် စာကို သုံးခါအလွတ်ရေးကျက်မှရတာတို့ဆိုလည်း ကိုယ့်မှာ ဒီလိုမျိုး learning style ရှိလို့ဖြစ်ပါတယ်။ 🙋‍♀️

ဒီလောက်ဆိုရင် learning style လေးခုကို ကောင်းကောင်းမွန်မွန် သိရှိ နားလည်သွားပြီလို့ မျှော်လင့်ပါတယ်။ ဒီ post ကတစ်ဆင့် ကိုယ့်မှာဘယ်လို learning style ရှိလဲဆိုတာ လေ့လာပြီး ထိရောက်တဲ့ နည်းလမ်းတွေနဲ့ စာတွေ၊ အသိပညာ ဗဟုသုတတွေကို လေ့လာသွားကြပါလို့ ပြောချင်ပါတယ်။ 🤗

သီတင်းကျွတ်အခါသမယမှာ Beatrix ရဲ့စာဖတ်သူ​တွေအားလုံးလည်း ​ပျော်ရွှင်ကြပါ​စေလို့ ဆုမွန်​ကောင်း​တောင်း​ပေးလိုက်ပါတယ်​နော်။ 🥳

Reference Link: https://www.youtube.com/watch?v=qcCtPgzlGTs&t=374s
Written by
အလှလေး

Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱