တိုးတက်အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱
အလုပ်တွေသင်က ဘယ်လိုလေ့လာသူအမျိုးအစားလဲ?✍
လုပ်တဲ့အခါမှာ အချိန်ဆွဲတတ်တဲ့ အကျင့်ကိုဘယ်လိုမှဖျောက်မရဖြစ်နေလား? 😵
အလုပ်တစ်ခုတည်းအပေါ်မှာ ၁၀၀ ရာခိုင်နှုန်း အပြည့် အာရုံစူးစိုက်ဖို့ ခက်ခဲနေလား? 🧐
အကျင့်ကောင်းတစ်ခုလုပ်မယ်ကြံလိုက်တိုင်း အဆုံးထိမလုပ်နိုင်ဘဲ ကြားထဲမှာ ရပ်တန့်သွားတာမျိုးတွေ ခဏခဏ ဖြစ်လို့ ကိုယ့်ကိုယ်ကို အလိုမကျဖြစ်နေ ပြီလား? 🥱
ဒါဆိုရင် ဒီ paper clip strategy ဟာ သူငယ်ချင်းတို့အတွက်အများကြီး အထောက်အကူ ဖြစ်စေပါလိမ့်မယ်။ 👋
🔶️ဒါဆိုရင် paper clip strategy ဆိုတာဘာလဲ?
ပုံပြင်လေးတစ်ပုဒ်လောက်ပြောပြပါရစေ။ 🧏♀️
၁၉၉၃ ခုနှစ်တုန်းက ကနေဒါနိုင်ငံရဲ့ ဘဏ်လေးတစ်ခုမှာ Trent Dyrsmid ဆိုတဲ့ လူဟာမနက်မိုးလင်းတာနဲ့ သူ့အလုပ်လုပ်တဲ့ စားပွဲပေါ်မှာ ခွက်နှစ်ခုကိုတင်ထားပါတယ်။ တစ်ခွက်ထဲမှာ paper clip အရေအတွက်ပေါင်း ၁၂၀ကို ထည့်ထားပြီး နောက်တစ်ခွက်ကို အလွတ်ထားထားပါတယ်။ သူဟာ တစ်ရက်ကို sales call အခု ၁၂၀ လုပ်မယ်လို့သတ်မှတ် ထားပြီးတော့ call တစ်ခုခေါ်ပြီးတိုင်း paper clip ပြည့်နေတဲ့ခွက်တွေထဲက တစ်ခုကို လွတ်နေတဲ့ခွက်ထဲကိုထည့်ပါတယ်။ 🖇
ဒီနည်းနဲ့သူဟာ ၁၈ လအတွင်းမှာဘဲ သူ့စီးပွားရေးဟာ ၅ မီလီယမ်ဒေါ်လာ တန်ဖိုးအထိ တိုးပွားလာပါတယ်။ သူဟာ paper clip strategy ကိုအသုံးပြုပြီး သူလုပ်နေတဲ့အလုပ်ကို အာရုံစူးစိုက်မှုတွေလျော့မသွားအောင်၊ အလုပ် ဘယ်လောက်ပြီးပြီလဲဆိုတာ တိုင်းတာပြီး အောင်မြင်အောင်ပြုလုပ်သွားတာပါ။ ဒီလိုအောင်မြင်လာဖို့လည်း ဘာမှကြီးကြီးကျယ်ကျယ် လုပ်တာမဟုတ်ဘဲ ကိုယ်လုပ်နေတဲ့ အလုပ်ကိုဘဲ တစ်သမတ်တည်းလုပ်သွားတာပဲဖြစ်ပါတယ်။ 👏
လူတွေက အလုပ်တစ်ခုခုကိုလုပ်လို့ consistency ရှိမယ်ဆိုရင် အောင်မြင်မယ် ဆိုတာသိကြပေမယ့် တကယ်တမ်းမှာ consistency ရှိသူက ၁၀၀ မှာ ၁ ယောက်မရှိပါဘူး။ 🤷♀️
🔶️ဒီ paper clip strategy ကဘာကြာင့် အသုံးဝင်သလဲ?
Paper Clip တွေကိုကြည့်ပြီး ကိုယ့်အလုပ် ဘယ်လောက်တော့ပြီးနေပြီ၊ ဘယ်လောက်တော့ပြီးဖို့ ကျန်သေးတယ်၊ ပြီးတော့မယ်ဆိုတဲ့ ခံစားချက်ကို အမြင်အာရုံကတစ်ဆင့် ဖြစ်ပေါ်စေပါတယ်။ ဒီနေရာမှာ paper clip ကြီးကိုဘဲသုံးခိုင်းတာမျိုးမဟုတ်ပဲ ကြိုက်တာသုံးလို့ရပါတယ်။ အဓိကက ကိုယ့် progress ကို ကြည့်နိုင်မြင်နိုင်ဖို့ပါဘဲ။ 📈
🔶️Paper Clip Strategy ကိုနေ့စဥ်ဘဝမှာ ဘယ်လိုအသုံးပြုကြမလဲ?
To-do-list လုပ်ထားပါ။ ဒီနေ့မှာတော့ ဘယ်အလုပ်တွေကို ပြီးအောင်လုပ်မယ်လို့ မနက်ထတဲ့အချိန် ဖြစ်ဖြစ်၊ ညဘက်မအိပ်ခင်ဖြစ်ဖြစ် ကြိုတင်ချမှတ်ထားပြီး အရေအတွက်ကို သတ်မှတ်ထားပါ။ ပြီးရင် paper clip တွေကို အလုပ်တစ်ခုပြီးတိုင်း တစ်ခုရွှေ့ပါ။ ဒီ paper clip တွေကိုတစ်နေကုန် သင့်မျက်စိရှေ့ချ ထားပါ။ ဒါဆိုရင် သင်လုပ်ရမယ့်အလုပ်တွေကို မေ့သွားတာမျိုးတွေ၊ အချိန်ဆွဲမိနေတာမျိုးတွေ မဖြစ်အောင်ကာကွယ်နိုင်ပါတယ်။ 🤗
ဒါဆိုရင် သူငယ်ချင်းတို့အားလုံး အကျင့်ကောင်းတွေ မွေးလာနိုင်အောင်၊ ဒီထက်ပိုပြီး consistency ရှိအောင်လို့ ဒီနည်းလမ်းလေးကို အသုံးပြုကြဖို့ တိုက်တွန်းလိုက်ပါတယ်။ 🥳
Reference Link: https://jamesclear.com/paper-clips
Written by
အလှလေး

Comments
Post a Comment