Blogger တွေဘယ်ကနေ ဝင်ငွေရကြသလဲ🤔

Blogger တွေဘယ်ကနေ ဝင်ငွေရကြသလဲ🤔

 

Bloggerတွေဟာ အခုဆိုရင်Stellaတို့ နယ်ပယ်မှာ အရမ်းကို ကျယ်ပြန့်လာပါတယ်။ Fashion, Lifestyle, Sewingစသဖြင့် Bloggingလုပ်ကြပါတယ်။

 

Bloggersလုပ်တာဟာ ဝါသနာကြောင့် လုပ်တာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအရာလေးဟာ ကန့်လန့်ကာ နောက်ကနေ ပိုက်ဆံအများကြီးကို ဖန်တီးပေးနိုင်ပါတယ်။

 

ဒါဆို Bloggerတွေ ပျမ်းမျှအားဖြင့် ပိုက်ဆံဘယ်လောက်ရကြလဲ၊ဘယ်လိုရှာကြလဲဆိုတာကို Beatrixersတို့ မသိချင်ကြဘူးလား။🙄

 

ကဲကဲ `နည်းလမ်း ၉သွယ် လမ်းကြောင်းမှန်၊ Stellaရဲ့ အစွမ်း အံ့မခန်းပဲ´😝

 

1. Affiliate Marketing💸

 

ပထမဆုံး အနေနဲ့ ကိုယ်လုပ်နေတဲ့ blogမှာ brandတစ်ခုရဲ့ linkလေးထည့်လိုက်တယ်ပေါ့။ ကိုယ့်ရဲ့ audienceတွေက အဲ့ဒီlink ကနေ brand ရဲ့ pageသွားပြီး ပစ္စည်းဝယ်တိုင်း ကိုယ်က commissionခ ရနည်းမျိုးဖြစ်ပါတယ်။

 

2. Banner Adverts on your Blog🛡️

 

Banner Advertsက စာရေးပြီး ကြော်ငြာတာမဟုတ်ဘဲ visualနည်းနဲ့ ကိုယ့် Blogမှာ ပေါ်တင် ကြော်ငြာတာဖြစ်တယ်။

 

CPC( Cost per Click) နှင့် CPM( Cost per Impressions) ဆိုပြီး နည်းနှစ်နည်းရှိတယ်။

 

✔️ CPCက ကိုယ့်ရဲ့ audience က advertisingတစ်ခုကို တစ်ခါ နှိပ်တိုင်း ကိုယ်က CPCခ ရနေတာပါ။

 

ဥပမာဆိုရင် စာဖတ်ပရိသတ်တို့ တစ်ခါတလေကျရင် Videoကြည့်နေရင်းနဲ့ Adsတွေ ဝင်လာတာ ကြုံဖူးကြမှာပါ။ ဒါ Bloggerတွေက CPCစနစ်နှင့် ပိုက်ပိုက်တွေရနေကြတာဖြစ်ပါတယ်။🤫

 

✔️ CPMက ကိုယ့်ရဲ့ Adsကို ကြည့်တဲ့ လူအရေအတွက်ပေါ် မူတည်ပြီး ငွေက ကိုယ့်ဆီ ဝင်နေတာပါ။

 

3.  Advertorials & Sponsored Content✏️

 

Eg. Addidasက ရေကူးဝတ်စုံအသစ် ထုတ်လိုက်တယ်ပေါ့။ 👙

 

ကိုယ့်ရဲ့ pageကလည်း မိန်းကလေး ရေကူးဝတ်စုံနဲ့ပတ်သက်တဲ့ဟာဆို သူတို့က ကိုယ့်ကို  သူတို့ brandကို စာရေးပြီး ကြော်ငြာပေးဖို့ ကမ်းလှမ်းတယ်။ ကိုယ်က ရေးလိုက်လို့ သူ့ဆီမှာ ဝယ်တဲ့သူအရေအတွက်များလာတယ်ဆိုရင် ဒီစာရေးခကနေ ကိုယ်က ပိုက်ဆံတွေ ဝင်နေတာဖြစ်တယ်။😎

 

4. Sponsored Social Media Posts📱

 

ဒီအရာကနေလည်း Bloggerတွေက ပိုက်ဆံ ရနေတာဖြစ်တယ်။

 

ကိုယ့်ရဲ့ Social Media Presenceက activeဖြစ်နေရင် brandကြော်ငြာခိုင်းတဲ့သူတွေက ကိုယ့်ဆီလာတယ်။ ကိုယ့်ရဲ့ Accမှာ သူတို့ postတွေ တင်ပေးတာ၊ ပြန်shareပေးတာလုပ်ပေးတယ်ဆိုရင်လည်း Feesက မြင့်ပါတယ်နော်။ 🎉

 

5. Guest Blog Posts for Media Outlets🤩

 

ကိုယ့်ရဲ့ Followersက များလို့ Brandတွေကြားမှာ ကိုယ့်Blogက လူသိရှင်ကြား ဖြစ်လာတယ်။

 

👩‍🍳ဥပမာ.ကိုယ်က ဟင်းချက်ရတာ ဝါသနာပါသူပေါ့။ သတင်းစာတွေ Food Brandတွေကနေ သူတို့ရဲ့ Receipes Budgetတွေ တွက်ပေးပြီး သူတို့ websiteမှာ Official တင်ပေးဖို့ လှမ်းဖိတ်တယ်။ ဒါဆိုရင် ကိုယ်က သူတို့ကို ကြော်ငြာပေးတာဖြစ်တဲ့အတွက် ပိုက်ဆံက ကိုယ့်ဆီပဲ ဝင်တာပါ။

 

6. Agency working with your Blog👩‍💼

 

Bloggerတွေ များလာတာနဲ့အမျှ Agencyတွေကလည်း တိုးတက်လို့နေပါတယ်။ Agencyတစ်ခုခုနဲ့ ချိတ်ထားတဲ့ Blogဟာ အကျိုးအမြတ် တော်တော်ရပါတယ်။

 

ပထမတစ်ခုက Safeဖြစ်တယ် ၊ နောက်တစ်ခုက ကိုယ့်ဘာသာထောင်ထားတဲ့ Blogနှင့် Agency Blog ဆိုပြီး ယှဥ်လိုက်ရင်တောင် ဒုတိယတစ်ခုက ပိုက်ဆံပိုရတာပါ။

 

7. Selling Digital Products🤝

 

Video Tutorials, Courses, Workshopတွေ Sellingလုပ်တာပါ။

 

Beatrixersတို့လည်း တချို့ onlineဆရာတွေဆို Contentဖန်တီးရင်း Videoဖန်တီးရင်း တစ်ဖက်က စာသင်တာကို တွေ့ဖူးကြမှာပါ။

 

အဲ့ဒါကလည်း ငွေလမ်းကြောင်း တစ်ခုပါပဲ။💦

 

8. Employers' attention as Blogger🤟

 

ကိုယ့် Blogကနေ Businessတွေကို promoteလုပ်ပေးနေတယ်၊ပစ္စည်းတွေ ရောင်းပေးနေတယ်ဆိုရင် ပိုက်ဆံလည်း ဝင်သလို Business Ownerတွေရဲ့ စိတ်ဝင်စားမှုကို ခံရပါတယ်။🤠

 

ကိုယ်က အလုပ်သွားလျှောက်ရင်ဖြစ်ဖြစ် Scholarshipသွားလျှောက်ရင်ဖြစ်ဖြစ် ကိုယ်အတွက် အလုပ်ရဖို့ Scholarရဖို့က သေချာပါတယ်။🤗

 

9. SURPRISING TIP😉

 

နောက်ဆုံးအချက်ဖြစ်တဲ့ အံ့သြသွားစေမယ့်အရာကတော့…...😳

 

Bloggerတစ်ယောက်ဟာ လတိုင်း International Standardအနေနဲ့ $ 10,000 ဝင်ပါတယ်တဲ့။OMG😱

 

Bloggerတစ်ယောက်က လုပ်ရင်လုပ်နိုင်သလောက် ပိုက်ဆံကဝင်နေတာပါ။

 

ဒါကြောင့် Stellaရဲ့ ပရိသတ်ကြီးထဲမှာ ကိုယ့်ရဲ့ ဝါသနာအရ လုပ်ချင်တယ်၊Bloggerတစ်ယောက် တကယ်ဖြစ်ချင်တယ်ဆိုရင်လက်မနှေးဘဲ ချက်ချင်း လုပ်လိုက်တော့နော်။😉

 

တစ်ခုခု သိချင်တာရှိရင်လည်း လာမေးလို့ရပါတယ်နော်။🤗

 

Be Happy Everyday.🥰

 

Written by

# Stella Pyae

 

Ref: https://www.savethestudent.org/make-money/how-to-make-money-as-a-blogger.html


Comments

Popular posts from this blog

ပရိသတ်ကြီးတို့ နေ့စဉ်ဘဝမှာ မရှိမဖြစ်တဲ့အရာတစ်ခုဆိုရင် ဘာလို့ ဖြေမလဲ ...🧐

သင့်အချိန်တစ်နာရီကဘယ်လောက်တန်သလဲဆိုတာ စဉ်းစားမိကြရဲ့လား

တိုးတက်​အောင်မြင်ဖို့အတွက် လူတိုင်းကျင့်သုံးသင့်တဲ့ အလွယ်ကူဆုံးနည်းလမ်း 😱