Business Model Canvas
“Business Model Canvas ဆိုတာကို ကြားဖူးပြီးကြပြီလား🤫”
သင်ဟာ စီးပွားရေးလုပ်ငန်းတစ်ခုကို စတင်ဖို့ ရည်ရွယ်နေတာလား❓
ဒါဆိုရင်တော့ ဒီစာက သင့်အတွက်ပါပဲ 🤩
🔸Business Model Canvas ဆိုတာ လုပ်ငန်းတစ်ခုစတင်တော့မယ်ဆိုရင် အခြေခံဖြစ်တဲ့ သင်ဟာ ဘယ်လိုလုပ်ငန်းမျိုးကိုလုပ်ချင်တာလဲ၊ သင့်ရဲ့ စားသုံးသူတွေကဘယ်သူတွေလဲ စသဖြင့် အကြံဉာဏ်တွေထုတ်ရာမှာ တစ်ခုနဲ့ တစ်ခု ကျိုးကြောင်းစီလျော်မှုရှိအောင် ပြုလုပ်ပေးတဲ့ စာရွက်တစ်ရွက်ပဲဖြစ်ပါတယ်။ BMC လို့လဲ အတိုကောက်သိကြပါတယ်။(🅱️Ⓜ️©️)
🔹ကိုယ်က စီးပွားရေးလုပ်တော့မယ်ဆိုရင် အရင်ဆုံး အစီစဉ်တွေဆွဲ၊ နည်းဗျူဟာတွေချဖို့လိုပါတယ်။ ဒီလိုနည်းပညာတွေကို စနစ်တကျ အကောင်အထည်ဖော်ဖို့အတွက် Business model canvas က ကူညီပေးနိုင်မှာပဲဖြစ်ပါတယ်။💪
🔸Business plan တစ်ခုချရာမှာ BMC ကို ဘာလို့အသုံးပြုတယ်ထင်ပါလဲ 🤔🤔
✔️BMCဟာ business plan ဆွဲတဲ့အခါ လွယ်ကူရိုးရှင်းပြီးတော့ အချိန်တိုအတွင်းလုပ်ဆောင်နိုင်တယ်
✔️ရလာတဲ့အကြံဉာဏ်တွေကို လွယ်ကူစွာနဲ့ ရေးချထားနိုင်တယ်
✔️အကြံဉာဏ်တွေကနေတဆင့်ချိတ်ဆက်ပြီး
ကိုယ်လုပ်ချင်တဲ့အရာကို သိရှိစေနိုင်တယ်
✔️ကိုယ် target ထားချင်တဲ့ customer ကို သေချာ သိရှိနိုင်တယ်
✔️customerရဲ့လိုအပ်ချက်ကို သေချာနားလည်နိုင်ပြီး ဘယ်လိုဖြေရှင်းမလဲဆိုတာကို အဖြေရှာနိုင်တယ်
✔️ကိုယ့်ရဲ့လုပ်ငန်းကို ဘယ်လိုပုံစံမျိုးဖြစ်စေချင်တယ်ဆိုတဲ့ ရှင်းလင်းတဲ့ အကြံဉာဏ်တစ်ခုကို ရစေနိုင်တာတွေကြောင့် ဒီ BMC ကို အသုံးပြုကြပါတယ်။
🔹BMC ကိုကြည့်လိုက်မယ်ဆိုရင် ညာဘက်ခြမ်းက စားသုံးသူလိုအပ်ချက်ကို အဓိကထားတွေးပြီးတော့ ဘယ်ဘက်ခြမ်းမှာတော့ ကိုယ့်ရဲ့ လုပ်ငန်းနဲ့သက်ဆိုင်တာတွေကို အဓိကထား စဉ်းစားရမှာပဲဖြစ်ပါတယ်။
🔸BMC မှာဆိုရင် အဓိကအားဖြင့် အပိုင်း(ကိုး)ပိုင်း ပါရှိပါတယ်။ တစ်ခုနဲ့ တစ်ခုကလည်း အပြန်အလှန်ချိတ်ဆက်မှုရှိနေတာမလို့ အပိုင်းတစ်ခုခုမှာ ပြဿနာရှိနေပြီဆို သူနဲ့ ဆက်စပ်တဲ့အရာတွေကို ပြန်ပြီး tracking လုပ်လို့ရနိုင်တာကြောင့် လုပ်ငန်းအကောင်အထည်ဖော်ရာမှာ အလွန်ကို အသုံးဝင်တဲ့ tool တစ်ခုပဲဖြစ်ပါတယ်။
ဒါဆို BMC ကို အသေးစိတ်လေ့လာကြည့်ရအောင် 👇👇
1️⃣Customer Segment 👥
ကိုယ်က ဘယ်သူတွေကို target ထားချင်တာလဲဆိုတာကို စဉ်းစားပြီး customer တွေကို age, gender, interest အလိုက် အုပ်စုလေးတွေခွဲထားပါ။
2️⃣Value Proposition⚖️
Value Proposition ကတော့ စီးပွားရေးလုပ်ငန်းပဲဖြစ်ဖြစ်၊ ဝန်ဆောင်မှုလုပ်ငန်းပဲဖြစ်ဖြစ် လုပ်ငန်းတိုင်းရဲ့ အခရာပဲဖြစ်ပါတယ်။ ကိုယ့်လုပ်ငန်းနဲ့ customer ကြားက value တွေကို အပြန်အလှန် ဖလှယ်လိုက်တာပဲဖြစ်ပါတယ်။ဥပမာ- ကိုယ်က customer ရဲ့ လိုအပ်ချင်ကိုဖြည့်ဆည်းပေးလိုက်တယ်ဆိုရင် အပြန်အလှန်အနေနဲ့ ကိုယ်ပေးလိုက်တာနဲ့ ကိုက်ညီတဲ့ တန်ဖိုးတစ်ခုကို ပြန်ရတဲ့သဘောကို ဆိုလိုတာပါ။
3️⃣Revenue Streams💰
Revenue stream က အနက်ဖွင့်လိုက်မယ်ဆိုရင် ကိုယ့်လုပ်ငန်းရဲ့ Value proposition တွေကို ကိုယ့်ရဲ့ ဘဏ္ဍာငွေအဖြစ်ပြောင်းလဲလိုက်ခြင်းလို့ဆိုလိုပါတယ်။ တစ်နည်းအားဖြင့် ကိုယ့်ရဲ့ ငွေဝင်မယ့်လမ်းကြောင်းကိုပြောတာပါ။ ဝင်ငွေတွေကို ဘယ်လိုနည်းနဲ့သတ်မှတ်မလဲဆိုတာကို စဉ်းစားပါ။
4️⃣Channels🚚🛣️
ကိုယ့်ရဲ့လုပ်ငန်းကို လူတွေသိအောင် ဘယ်လို လမ်းကြောင်းတွေကနေ ဖောက်မလဲဆိုတာကို စဉ်းစားဖို့ အရေးကြီးပါတယ်။ ကိုယ့် customer တွေ ဘယ်နေရာတွေမှာရှိနိုင်လဲ၊ ဘယ်ကနေရလာနိုင်မလဲဆိုတာကို အကြံထုတ်ပါ။
5️⃣Customer Relationships👥
ကိုယ့်ရဲ့လုပ်ငန်းနဲ့ customer ကြားမှာ အပြန်အလှန်ဆက်ဆံရေးဘယ်လိုရှိမလဲ၊ ဆက်ဆံရေးတည်မြဲအောင်ဘယ်လိုလုပ်မလဲ ဆိုတာကိုစဉ်းစားပါ။
အပြင်မှာလူချင်းတွေ့ဖူးလား၊ ဖုန်းနဲ့ပဲ စကားပြောမှာလား ဒါမှမဟုတ် အွန်လိုင်းပေါ်ကနေပဲ ဆက်သွယ်မှာလားစသဖြင့် စဉ်းစားပါ။
6️⃣Key Activities🔑
ကိုယ့်ရဲ့ customer တွေအတွက် value proposition ရစေဖို့ လုပ်ငန်းမှာ ဘယ်လိုမျိုး activityမျိုးတွေ လုပ်ဆောင်မလဲ၊ ဝန်ဆောင်မှုတွေ ဘယ်လိုပေးမလဲဆိုတာကို တွေးပါ။
7️⃣Key Resources 🏦
နောက်ထပ်စဉ်းစားရမှာကတော့ အရင်းအမြစ်တွေပါပဲ။ ကိုယ့်မှာ ဘယ်လိုအရင်းအမြစ်တွေရှိလဲ၊ ကိုယ်လိုအပ်တဲ့ အရင်းအမြစ်၊ အရင်းအနှီးတွေ ဘယ်ကရနိုင်လဲဆိုတာစဉ်းစားပါ။
8️⃣Key Partner🤝
ကိုယ့်ရဲ့လုပ်ငန်းအောင်မြင်စေဖို့အတွက် ဘယ်လိုမှ တစ်ဦးတည်း လုပ်ဆောင်ဖို့မလွယ်ပါဘူး။ စီးပွားဖက်တွေရှိဖို့လိုအပ်ပါတယ်။ ဒါကြောင့်မလို့ အလားအလာရှိနိုင်တဲ့ မိတ်ဆွေတွေ၊ လုပ်ဖော်ဆောင်ဖက်တွေ ကုမ္ပဏီတွေကို စာရင်းပြုစုပါ။
9️⃣Cost Structure💸💸
လုပ်ငန်းလုပ်ဆောင်ရာမှာ ကုန်ကျမယ့် ကုန်ကျစရိတ်တွေအတွက်ကို စဉ်းစားပါ။ ပစ္စည်းဝယ်ဖို့အတွက်အသုံးစရိတ်တွေ၊ ဝန်ထမ်းစရိတ်တွေ၊ အာမခံကြေးတွေ အစရှိသဖြင့် ကုန်ကျစရိတ်တွေကို list လုပ်ပါ။
ဒီလောက်ဆိုရင် Business Model Canvas ကို ဘယ်လိုဆွဲရမလဲဆိုတာ သိလောက်ပြီထင်ပါတယ်။
BMC ကိုဆွဲပြီးလို့ရှိရင် ကိုယ့်ရဲ့ business plan က လုပ်လို့အဆင်ပြေနိုင်မလား၊ ဘယ်လိုဆက်ပြီးဆောင်ရွက်မလဲဆိုတာကို ဆက်ပြီးတော့ စဉ်းစားဖို့လိုပါတယ်💁♀️
ဒီ BMC ကို Design Thinking Process နဲ့လည်း
ဆက်စပ်ပြီးအသုံးပြုနိုင်ပါတယ်။ Design Thinking Process ရဲ့ Ideate ဆိုတဲ့ အပိုင်းမှာ ဒီ BMC ကိုအသုံးပြုပြီးတော့ အကြံဉာဏ်ကောင်းတွေ ထုတ်ယူနိုင် ပါတယ်။ 💡
Design Thinking Process အကြောင်းကို မဖတ်ရသေးဘူးဆိုရင်တော့ ဒီမှာ ဖတ်လို့ရပါတယ်👇
https://www.facebook.com/108219754207907/posts/177044207325461/?d=n
ဒီနေ့ Beatrix က ဖော်ပြသွားတဲ့ Business Model Canvas အကြောင်းကို သေချာလေ့လာပြီးတော့ ကိုယ့်ရဲ့
စတင်ဖို့ရည်ရွယ်ထားတဲ့ လုပ်ငန်းမှာပဲဖြစ်ဖြစ်၊ လက်ရှိလုပ်ကိုင်နေတဲ့ လုပ်ငန်းမှာပဲဖြစ်ဖြစ် အသုံးချမယ်ဆိုရင် ကိုယ့်ရဲ့လုပ်ငန်းအတွက် များစွာအကျိုးရှိမှာ အမှန်ပါပဲ ✔️
Reference: https://medium.com/seed-digital/how-to-business-model-canvas-explained-ad3676b6fe4a
Written By,
Grace

Comments
Post a Comment